အချစ်အကြောင်း ဘယ်လောက်သိပါသလဲ အပိုင်း(၂)

လူသားအားလုံးအချစ်နဲ့ မကင်းနိုင် ကြပါဘူး။ အခုလောလောဆယ်အချစ်ရှိမ နေဘူးဆိုရင်တောင် တစ်ချိန်ချိန်မှာတော့ ချစ်ခဲ့ဖူးကြမှာပါ။ အချစ်နဲ့လိင်ဆွဲဆောင် မှုကို သိပ္ပံပညာ၊ ဆေးပညာနဲ့ ဆန်းစစ် ကြည့်ကြတဲ့အခါ ဘယ်လိုအဖြေတွေ ထွက်လာမလဲ။ ဒီ Quiz လေးဖြေကြည့် ကြရအောင်…။

၁။ တစ်ယောက်နဲ့တစ်ယောက် လိင် ဆက်ဆံပြီးတဲ့အခါ ထွက်ရှိလာတဲ့ဟော် မုန်းက ဘာဖြစ်စေနိုင်ပါသလဲ။
(က) မူးဝေစေနိုင်တယ်
(ခ) လိင်စိတ်စွဲလမ်းမှုကာကွယ်စေနိုင်
တယ်
(ဂ) တွယ်တာစေနိုင်ပါတယ်

၂။ အမျိုးသားတွေကို ဆွဲဆောင်စေနိုင် တာ အမျိုးသမီးတွေရဲ့ ခါးနဲ့တင်အချိုးပါ။
(က) မှန်
(ခ) မှား

၃။ အမျိုးသမီးတစ်ယောက်ရဲ့ အသံကို နားထောင်ကြည့်တာနဲ့ ဘာကိုသိရှိနိုင်ပါ သလဲ။
(က) စိတ်နေစိတ်ထား
(ခ) လိင်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှု
(ဂ) ခန္ဓာကိုယ်အချိုးအစား

၄။ မိန်းမလျာ၊ ယောက်ျားလျာ၊ မိန်းမ စစ်စစ်၊ ယောက်ျားစစ်စစ်ပေါ်မူတည်ပြီး ဦးနှောက်အပေါ် လိင်စိတ်ဟော်မုန်းရဲ့ သက်ရောက်မှုတွေက ကွာနေတတ်လား။
(က) ကွာတယ်
(ခ) မကွာဘူး

၅။ မျက်နှာနှစ်ဖက်စလုံးညီနေရင် ပို ဆွဲဆောင်မှုရှိပါတယ်။
(က) မှန်
(ခ) မှား

၆။ ဘဝအဖော်ရွေးတဲ့အခါ ကိုယ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တာကို ရွေးလေ့ရှိကြ ပါတယ်။
(က) မှန်
(ခ) မှား

 

၁။ (ဂ) တွယ်တာစေနိုင်ပါတယ်
လိင်ကိစ္စအထွတ်အထိပ်ရာက်တဲ့ အခါ အမျိုးသားတွေမှာ Vasopressin ဟော်မုန်းနဲ့ အမျိုးသမီးတွေမှာ အောက် ဆီတိုဆင်ဟော်မုန်းတွေ ထွက်ရှိလာ တတ်ပါတယ်။ ဒီဟော်မုန်းတွေက သင် နဲ့သင့်အဖော်ကို အပြန်အလှန်ချစ်ခင် မြတ်နိုးတွယ်တာစေနိုင်ပါတယ်။ ဒါပေမဲ့ ဒီအချစ်ဟော်မုန်းတွေက တစ်ချိန်ချိန်မှာ ဆုတ်ယုတ်အားနည်းလာ တတ်တာ ကြောင့် စွဲလမ်းစိတ်ကို သံယောဇဉ်နဲ့ အ စားထိုးမှရမှာပါ။

၂။ (က) မှန်
ဟိုးရှေးခေတ်ကတည်းက ခါးသေး တင်ကားတဲ့အမျိုးသမီးတွေက ပိုပြီးစွဲ ဆောင်မှုရှိတယ်လို့ အမျိုးသားတွေက ယူဆထားခဲ့ကြပါတယ်။

၃။ (ဂ) ခန္ဓာကိုယ်အချိုးအစား
လေ့လာချက်တစ်ခုအရ အမျိုးသား နဲ့ အမျိုးသမီးတွေက အသံဖမ်းထားတဲ့ တစ်ကနေတစ်ဆယ်အထိ ရေတွက်နေ သံကို နားထောင်ကြည့်ပြီး စွဲဆောင်မှု ရှိမှုကို အဆင့်သတ်မှတ်ကြပါတယ်။ အမျိုးသားအသံတွေထဲ ရင်အုပ်ကား ကားနဲ့ အမျိုးသားတွေဆီကထွက်တဲ့ အသံက အဆင့်ကောင်းရပြီး အမျိုးသမီး တွေမှာတော့ ခါးသေးတင်ကားတဲ့အမျိုးသမီးတွေကထွက်တဲ့အသံကို စွဲဆောင်မှု အရှိဆုံးလို့ အဆင့်သတ်မှတ်ခံရတာကို တွေ့ရပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အ ချိုးအစားကလည်း အသံရဲ့ စွဲဆောင်မှုအ ပေါ် သက်ရောက်တယ်လို့ ယူဆရပါတယ်။

၄။ (က) ကွာတယ်
လေ့လာချက်နှစ်ခုမှာ အမျိုးသားနဲ့ အမျိုးသမီးဟော်မုန်းတွေကနေ ပြုလုပ် ထားတဲ့အရာကို ရှူကြည့်ခိုင်းပါတယ်။ အမျိုးသားဟော်မုန်း တက်စထရိုစတီ ရုန်းက မိန်းမလျာနဲ့ မိန်းမစစ်စစ်တို့ရဲ့ ဦးနှောက်ရှိ လိင်စိတ်အပိုင်းကို နှိုးဆွပေး နိုင်တာတွေ့ရပါတယ်။ အမျိုးသမီးဟော် မုန်းပါတဲ့ ဓာတုပစ္စည်းကိုရှူတဲ့အခါမှာ တော့ ပိုပြီး ရှုပ်ထွေးတာကိုတွေ့ရပါတယ်။ ယောက်ျားလျာနဲ့ ယောက်ျားစစ်စစ်တို့က အမျိုးသမီးဟော်မုန်းအနံ့ကို နှစ်ခြိုက်ကြ တာတွေ့ရသလို အမျိုးသမီးစစ်စစ်တွေ ကပါ နှစ်သက်တာကိုပါတွေ့ရပါတယ်။

၅။ (က) မှန်
ကျွန်မတို့ရဲ့မျက်နှာတွေက သေချာ ကြည့်ရင် တစ်ဖက်နဲ့တစ်ဖက်မညီပါဘူး။ ဒါကြောင့် နှစ်ဖက်က အတော်ကိုညီနေရင် လူကြိုက်ပိုများကြပါတယ်။ လိင်ပိုင်းဆိုင် ရာလည်း ဆွဲဆောင်မှု ပိုရှိတတ်ကြပါ တယ်။

၆။ (ခ) မှား
မဟုတ်ပါဘူး။ အများစုက ကိုယ်နဲ့ တတ်နိုင်သမျှတူတာကို ရွေးတတ်ကြတာ ပါ။ ရုပ်တူရင်တူ မတူရင် စိတ်တူကိုယ်တူ ဖြစ်တာမျိုးရွေးတတ်ကြပါတယ်။ ဟာသ ဉာဏ်ရှိတာ ကိုယ့်အယူအဆအတွေးအ ခေါ်နဲ့တူတာ၊ ယုံကြည်မှု၊ တန်ဖိုးထားမှု တွေတူတာမျိုးက ဘဝအတွက်အဖော် ကောင်းတွေပါ။

ဒေါက်တာနုမြတ်သိင်္ဂီဦး

Post Author: Good Health Journal