အချိန်နှင့် လိုက်လျောညီထွေစွာ စားသုံးသင့်သော အစားအစာများ

ကျန်းမာတဲ့ခန္ဓာကိုယ်ကို ရရှိဖို့အတွက် ညီညွတ်မျှတစွာ စားသုံးတတ်ဖို့ လိုအပ် သလို ခန္ဓာကိုယ်အတွက် အာဟာရဓာတ်ပြည့်ဝနေဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစား အစာတွေ စားသုံးသင့်တယ်ဆိုတာကိုတော့ လူတိုင်းသိရှိပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ တ ချို့အစားအစာတွေက သူ့အချိန်မဟုတ်ဘဲ စားသုံးမိမယ်ဆိုရင် သင့်ကို ဒုက္ခပေးနိုင် တယ်ဆိုတာ သင်သိမှာ မဟုတ်တဲ့အတွက် ဖော်ပြပေးလိုက်ပါတယ်။

၁။ ထမင်း
ထမင်းမှာ ကစီဓာတ်တွေ များစွာ ပါဝင်တဲ့အတွက် ညဘက်အချိန်မှာ မစားဖို့ အာဟာရပညာရှင်တွေက အကြံပေးထားပါတယ်။ ညပိုင်းမှာ ထမင်းစားမယ်ဆိုရင် လေပွပြီး အိပ်မရဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ညဘက် ထမင်းစားမိတာကြောင့် အစာ ချေဖျက်ရတဲ့အချိန်ကြာရှည်တဲ့အတွက် ကိုယ်အလေးချိန်မြင့်တက်လာတာပါ။
ဘယ်အချိန်က ထမင်းစားဖို့ အကောင်းဆုံးလဲ
နေ့ခင်းဘက်မှာ ဇီဝရုပ်ဖြစ်ပျက်နှုန်းက အမြင့်ဆုံးဖြစ်တဲ့အတွက် ထမင်းကို နေ့အချိန်မှာစားသုံးတာက အကောင်းဆုံးပါ။

၂။ နွားနို့
နွားနို့မှာ ပရိုတင်းနဲ့ တခြားအာဟာရဓာတ်တွေ များစွာ ပါဝင်တဲ့အတွက် ကျန်းမာ ရေးနဲ့ ညီညွတ်တဲ့ဖျော်ရည်လို့ သတ်မှတ်ကြပါတယ်။ ဒါပေမဲ့ ကျွမ်းကျင်သူတွေက နေ့လယ်ဘက်မှာ နွားနို့သောက်တာက သူ့ကို အစာချေဖျက်ရချိန် ကြာရှည်နိုင်တဲ့အ တွက် မအီမသာ ဖြစ်နိုင်တယ်လို့ ထုတ်ဖော်ထားပါတယ်။
ဘယ်အချိန်က နွားနို့သောက်ဖို့ အကောင်းဆုံးလဲ
ခန္ဓာကိုယ်က ညဘက်မှာ မနူထေ ဖြစ်နေပြီး အာဟာရဓာတ်ကို ထိထိရောက်ရောက် စုပ်ယူနိုင်ဖို့ အကောင်းဆုံးအချိန်ဖြစ်တဲ့အတွက် နွားနို့ကို ညဘက်သောက်တာကသာ အကောင်းဆုံးပါ။

၃။ ဒိန်ချဉ်
ညဘက်မှာ ဒိန်ချဉ်စားသုံးတာက ခန္ဓာကိုယ်ထဲက အပူထွက်စေတဲ့အပြင် အက် စစ်လည်း များပြားလာနိုင်တဲ့အတွက် အစာမကြေတာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ဒါ့ အပြင် ချောင်းဆိုးတာ၊ အအေးမိတာနဲ့ ချွဲထတာတွေ ဖြစ်လာနိုင်ပါတယ်။
ဘယ်အချိန်မှာ ဒိန်ချဉ်သောက်ဖို့ အကောင်းဆုံးလဲ
နေ့လယ်ဘက်မှာ ဒိန်ချဉ်စားသုံးတာက ကျန်းမာရေးအတွက် များစွာအကျိုးရှိ ပါတယ်။ သူက အစာချေဖျက်တဲ့ဖြစ်စဉ်ကို ကူညီပေးပြီး အူကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။

၎။ လက်ဖက်ရည်ကြမ်း
လက်ဖက်ရည်ကြမ်းမှာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရှိတယ်ဆို ပေမယ့် သူ့ကို မသောက်သုံးသင့်တဲ့အချိန်လည်း ရှိပါတယ်။ မနက်စောစောအိပ်ရာ ထမှာ သောက်သုံးမိရင် သူ့မှာပါဝင်တဲ့များစွာသော ကဖင်းဓာတ်တွေကြောင့် အစာ အိမ်အက်စစ်ဓာတ်တွေ ထွက်လာပြီး ရေဓာတ်ခန်းခြောက်နိုင်ပါတယ်။
ဘယ်အချိန်မှာ လက်ဖက်ရည်ကြမ်းသောက်ဖို့ အကောင်းဆုံးလဲ
မနက်အိပ်ရာထချိန်ကလွဲပြီး တစ်နေ့တာလုံး ကြိုက်တဲ့အချိန်မှာ သောက်နိုင်ပါ တယ်။

၅။ ပန်းသီး
ပန်းသီးမှာ အက်စစ်ဓာတ်တွေ များစွာပါဝင်တဲ့အတွက် အစာအိမ်ထဲမှာ အက်စစ် ဓာတ်ပမာဏ ပိုမိုများပြားလာနိုင်ပါတယ်။ ဒါကြောင့် ညဘက်အချိန်မှာ စားသုံးခဲ့ရင် ရင်ပူနာ (စားချဥ့်ပြန်)ဝေဒနာခံစားရနိုင်ပါတယ်။
ဘယ်အချိန်မှာ ပန်းသီးစားဖို့ အကောင်းဆုံးလဲ
ပန်းသီးမှာ ပက်တင်ခေါ်တဲ့အမျှင်ဓာတ်တွေ များစွာ ပါဝင်ပါတယ်။ သူက အူမ ကြီးလုပ်ဆောင်ချက်တွေကို ပိုမိုကောင်းမွန်စေပြီး ကိုယ်တွင်းက ကင်ဆာဖြစ်စေနိုင် တဲ့ ပစ္စည်းတွေကို ဖယ်ရှားပေးနိုင်တာကြောင့် ညအချိန်ကလွဲပြီး တစ်နေ့တာလုံး ကြိုက်တဲ့အချိန်မှာ စားသုံးနိုင်ပါတယ်။

၆။ ငှက်ပျောသီး
ညအိပ်ရာဝင်ခါနီးမှာ ငှက်ပျောသီးစားတာက ချွဲထစေနိုင်တဲ့အတွက် ချောင်း ဆိုးပြီး အအေးမိဝေဒနာခံစားရနိုင်ပါတယ်။ ဒါ့အပြင် အစာအိမ်ထဲမှာ အစာမရှိဘဲ (ညစာမစားဘဲ) ငှက်ပျောသီးချည်းပဲ စားရင် အစာအိမ်ပြဿနာဖြစ်လာနိုင်ပါတယ်။
ဘယ်အချိန်မှာ ငှက်ပျောသီးစားဖို့ အကောင်းဆုံးလဲ
ငှက်ပျောသီးမှာ အမျှင်ဓာတ်များစွာပါဝင်ပြီး အစာခြေစနစ်ကို ကူညီပေးပါတယ်။ အက်စစ်ဓာတ်ကို ချေဖျက်နိုင်တဲ့ပစ္စည်းတွေလည်း များစွာ ပါဝင်တာကြောင့် ရင်ပူနာ ဝေဒနာ သက်သာနိုင်ပါတယ်။ နေ့အချိန်မှာ ငှက်ပျောသီးစားသုံးတာက တစ်နေ့တာ လုံးအတွက် စွမ်းအင်ရရှိသွားနိုင်ပါတယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *