အချိုရည်များကြောင့် ကလေးများ၏သွားများပျက်စီးနိုင်

အချိုရည်တွေက ကလေးတွေရဲ့ သွားကို ထိခိုက်ပျက်စီးစေတယ်လို့ လေ့ လာမှုအသစ်အရ သိရပါတယ်။ အသက် ၅ နှစ်အောက်ကလေးတွေမှာ အချိုရည် တွေကြောင့် သွားနုတ်ရတဲ့အခြေအနေ ၂၄ ရာခိုင်နှုန်းထိ တိုးမြင့်လာခဲ့တယ်လို့ Natural Hydration Council က ဆို ပါတယ်။ ဗြိတိန်က ကလေးတွေ သောက် သုံးနေကြတဲ့ အရည်အမျိုးအစားတွေကို စာရင်းကောက်ယူလေ့လာခဲ့ရာမှာ ၃၀ ရာခိုင်နှုန်းက အမြှုပ်ထအချိုရည်တွေ သောက်သုံးနေကြတာကို တွေ့ခဲ့ကြပါ တယ်။ ၅ နှစ်ကနေ ၉ နှစ်အရွယ်ကြား ကလေးတွေထဲ ရေသောက်သုံးသူ လေး ပုံတစ်ပုံသာရှိပြီး နို့သောက်သုံးသူ ၁၀ ရာ ခိုင်နှုန်းရှိခဲ့ကာ အချိုရည်သောက်သုံးသူ က ပိုများနေခဲ့တာဖြစ်တယ်လို့ ကောင်စီ ရဲ့ အာဟာရပညာရှင်နဲ့ အကြံပေးပုဂ္ဂိုလ် ဒေါက်တာ အမ်မာဒါဘီရှိုင်းယားက ဆိုပါ တယ်။ သကြားပါဝင်မှုနှုန်းများတဲ့ ဒီအ ချိုရည်တွေက ကလေးတွေရဲ့သွားတွေကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေပြီး ခန္ဓာကိုယ် ရဲ့ပုံမှန်လည်ပတ်မှုလုပ်ငန်းစဉ်တွေကို လည်း အနှောင့်အယှက်ဖြစ်စေတယ်လို့ သွားကျန်းမာရေး ဖောင်ဒေးရှင်းအဖွဲ့က ဆိုပါတယ်။ ကလေးတွေ တစ်နေ့တာလုံး ရေပိုသောက်စေဖို့ မိဘတွေက ၀ိုင်းဝန်း ကူညီပေးနိုင်ပြီး လူကြီးတွေက ရေကိုသာ ပိုပြီးသောက်ပြပေးမယ်ဆိုရင် ကလေး တွေ အချိုရည်စွဲလမ်းမှုမဖြစ်စေနိုင်ဘူး လို့ ဒေါက်တာအမ်ဘာက အကြံပြုထား ခဲ့ပါတယ်။

◘ (DM, 23.8.18) သံသာ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *