အစပ်ကြိုက်သူလား

အစပ်မစားနိုင်တဲ့သူတွေရှိသလို၊ တချို့ကလည်းအရမ်းအစပ်ကြိုက်သူတွေလည်း ရှိပါ တယ်။ အစပ်တွေအများကြီး မစားနဲ့ ဗိုက် အောင့်လိမ့်မယ်၊ ဝက်ခြံတွေထွက်လာမယ်ဆို တာကိုလည်း လူတွေပြောလေ့ရှိကြပါတယ်။ ဒီအတွက် အစပ်စာတွေနဲ့ပတ်သက်ပြီး သိထား သင့်တဲ့အချက်တွေကို ရေးပေးလိုက်ပါတယ်။

ကျန်းမာရေးကောင်းကျိုးများ
– အစပ်စာတွေက ကျန်းမာရေးနဲ့ ညီညွတ် တဲ့အစားအစာတစ်မျိုးပါ။ စပ်တယ်ဆိုတဲ့ အရ သာဖြစ်စေတာကတော့ ငရုတ်သီးမှာပါဝင်တဲ့ Cap­saicin ဒြပ်ပေါင်းကြောင့်ဖြစ်ပါတယ်။ သု တေသနအတော်များများမှာလည်း ဒီ Cap­saicin ဒြပ်ပေါင်းကပေးတဲ့ ကျန်းမာရေးကောင်း ကျိုးတွေ အများအပြားတွေ့ရှိရပါတယ်။
– Cap­saicin ဒြပ်ပေါင်းက NSAIDs ဆေး သောက်နေရသူတွေမှာ အစာအိမ်နာမဖြစ် အောင် ကာကွယ်ပေးနိုင်ပါတယ်။
– တစ်ပတ်ကို အစပ်စာ တစ်ကြိမ်စားသူတွေ ထက် တစ်ပတ်ကို အစပ်စာ ၆ ကြိမ်စားသူတွေ က အသက်ပိုရှည်နိုင်စေတယ်ဆိုတာကို သုတေ သနတစ်ခုမှာ တွေ့ရှိထားပါတယ်။ ဒါပေမဲ့အရက် သောက်သုံးသူတွေတော့ မဖြစ်ရပါဘူးလို့ဆိုပါ တယ်။
– အစပ်စာတွေက အစာစားချင်စိတ်လျော့ ကျစေပြီး ကယ်လိုရီတွေပိုလောင်ကျွမ်းစေလို့ ကိုယ်အလေးချိန်လျော့ကျဖို့ ကူညီပေးပါတယ်။

သတိထားရမယ့်အချက်များ
– အစပ်စာတွေကို တစ်ပတ် ၁၀ ကြိမ်နဲ့အ ထက်မစားပါနဲ့။ အူလမ်းကြောင်းလှုပ်ရှားမှုပုံမှန် မဟုတ်တဲ့ရောဂါ(Irritable Bowel Syn­drome)ကို ဖြစ်စေနိုင်တယ်လို့ သုတေသန တစ်ခုမှာဆိုထားပါတယ်။
– အစပ်စာတွေက အစာအိမ်နာမဖြစ်စေပါ ဘူး၊ ဒါပေမဲ့ အစာခြေစနစ်မကောင်းတဲ့သူတွေနဲ့ အူလမ်းကြောင်းလှုပ်ရှားမှုပုံမှန်မဟုတ်သူတွေမှာတော့ ဗိုက်အောင့်တာ ဖြစ်စေတတ်ပါတယ်။
– အစပ်စာတွေက လိပ်ခေါင်းမဖြစ်စေပါဘူး၊ စအိုတွင်းတစ်သျှူးတွေ အနည်းငယ် ပျက်စီး နေတာရှိရင်တော့ ဝမ်းသွားတဲ့အခါစပ်ဖျဉ်းဖျဉ်း ဖြစ်တတ်ပါတယ်။
– အစပ်စာတွေက ဝက်ခြံဖြစ်စေမှုနဲ့ဆက်စပ်နေတယ်ဆိုတာကို သက်သေပြနိုင်တဲ့ သုတေ သနအခိုင်အမာမရှိသေးပါဘူး။ အလွန်အကျွံ မစားမိအောင်တော့ ဂရုစိုက်ပါ။
– သင်စားတဲ့အစပ်စာဟာ လတ်ဆတ်တဲ့ ငရုတ်သီးကနေ စီမံချက်ပြုတ်ထားတာဖြစ်ဖို့ လိုပါတယ်။

ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal