အစာမကြေခြင်းကြောင့် သက်သောင့်သက်သာမဖြစ်လျှင်

အစာခြေစနစ် မကောင်းတာကြောင့် အစာမကြေတာ၊ အစာထဲက အာဟာရ တွေကို လုံလောက်စွာ မစုပ်ယူနိုင်တာ၊ ရင်ပြည့်ရင်ကယ် မအီမသာဖြစ်တာ စတာ တွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် အစာခြေစနစ်ကောင်းမွန်စေဖို့ အောက်ပါ နည်းလမ်းတွေကို လိုက်နာဖို့ လိုပါတယ်။

အမျှင်ဓာတ်ပိုစားပါ
အမျှင်ဓာတ်ကြွယ်ဝတဲ့ အစား အစာဖြစ်တဲ့ ပဲ၊ ပဲတောင့်ရှည်၊ ပဲမည်း၊ မြေပဲ၊ စတဲ့ ပဲအမျိုးမျိုး၊ ဂျုံ၊ ဘယ်ရီသီး၊ မက်မွန်သီး၊ ပန်းသီး စတဲ့ အစားအစာ တွေကို စားပေးပါ။

အဆီများတာတွေ ရှောင်ပါ
ဆီကြော်စာတွေနဲ့ အဆီများတဲ့ အ စားအစာတွေကို ရှောင်ဖို့လိုပါတယ်။ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို စားသုံးမယ် ဆိုရင် အဆီဖယ်ထားတာကို ရွေးစားပါ။

အချိုနဲ့ ဆားများတာတွေ ရှောင်ပါ
အချိုလွန်ကဲတဲ့ အစားအစာတွေနဲ့ ဆားများတဲ့ အစားအစာတွေကို ရှောင်ဖို့ လိုပါတယ်။ ဝမ်းဗိုက်မအီမသာဖြစ်စေပြီး အစာခြေစနစ်ကို အားမပေးပါဘူး။ အထူး သဖြင့် အဆင်သင့်အစာတွေမှာ သကြား နဲ့ ဆားတွေ အသုံးပြုမှု များတတ်တာ ကြောင့် ရှောင်ဖို့ လိုပါတယ်။

အချိုရည်တွေ လျှော့သောက်ပါ
ကာဗွန်ဖြည့်ထားတဲ့ အချိုရည်တွေ က လေတက်တယ်ဆိုပြီး တချို့တွေက လွဲမှားစွာ ယုံကြည်ပြီး သောက်သုံး တတ် ကြပါတယ်။ အစာခြေစနစ်ကို အနှောင့် အယှက်ဖြစ်စေတာကြောင့် မသောက် သင့်ပါဘူး။ နောက်ပြီး လေပွစေတဲ့ အစားအစာတွေဖြစ်တဲ့ ဂေါ်ဖီထုပ်၊ ပန်း ဂေါ်ဖီနဲ့ ပန်းဂေါ်ဖီစိမ်းတွေကို အများကြီး မစားပါနဲ့။

အစာခြေစနစ် ကောင်းမွန်စေရန် လိုက် နာသင့်သည်များ

အစာခြေစနစ် ပိုမိုကောင်းမွန်နေစေ ဖို့အတွက် ရေလုံလောက်စွာ သောက်သုံး ဖို့ လိုပါတယ်။ ပုံမှန် တစ်နေ့ ၇-၈ ခွက် လောက် သောက်ပါ။ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ပါ။ ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ် အောင် ထိန်းပါ။ အစားအစာကို ဖြည်း ဖြည်းချင်းစားပါ။ ဝမ်းဗိုက်လေ့ကျင့်ခန်း တွေပြုလုပ်ပါ။ ဆေးလိပ်၊ အရက်နဲ့ မူး ယစ်ဆေးဝါးတွေကိုဖြတ်ပါ။ မဖြတ်နိုင်ရင် လျှော့ပါ။ အစာစားပြီးချိန်တိုင်း ဝမ်းဗိုက် ကို ရေနွေးအိတ်ကပ်ပေးပါ။ ဆေးဝါးတွေ ကို မသောက်ခင် ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်ပြီးမှ သောက်ပါ။

အစာခြေစနစ်ကောင်းမွန်စေသော ဖြည့် စွက်စာများ

အစာခြေစနစ်မကောင်းတာကြောင့် အစာမကြေဖြစ်လို့ စိတ်ညစ်နေတယ် ဆိုရင် အောက်ပါအချက်တွေက ကူညီ နိုင်ပါလိမ့်မယ်။
ပက်ပါးမင့်ဆီ
ပက်ပါးမင့်အရွက်ကနေ ထုတ်ထား တဲ့ အဆီကို ဈေးကွက်မှာ ဆေးတောင့် ပုံစံနဲ့ ဝယ်ယူလို့ရနိုင်ပါတယ်။ တစ်နေ့နှစ် လုံး သောက်ပေးတာက အစာခြေစနစ်ကို ကောင်းမွန်စေနိုင်ပါတယ်။ ဒါမှမဟုတ် ပက်ပါးမင့် လက်ဖက်ရည်ကိုလည်း သောက်သုံးနိုင်ပါတယ်။

ချာလ်မိုမိုင်း လက်ဖက်ရည်
ချာလ်မိုမိုင်း လက်ဖက်ရည်က အစာ ခြေစနစ် မကောင်းသူတွေအတွက် သောက်သုံးသင့်တဲ့ အကောင်းဆုံး လက် ဖက်ရည်ပါပဲ။ အစာခြေစနစ်မကောင်း လို့ ဗိုက်နာဗိုက်အောင့်ဖြစ်နေသူတွေ အနေနဲ့ အကျိုးကျေးဇူးများစေပါတယ်။ ကြွက်သားတွေကို သက်သောင့်သက်သာ ဖြစ်စေနိုင်တာကြောင့် တစ်နေ့တစ်ခွက် ပုံမှန်သောက်ပေးပါ။

ရှားစောင်းလက်ပပ်ဖျော်ရည်
ရှားစောင်းလက်ပပ်ဖျော်ရည်က လည်း အစာခြေအင်ဇိုင်းတွေ လုပ် ဆောင်မှုကောင်းစေဖို့ အထောက်အကူ ပြုပါတယ်။ တစ်နေ့တစ်ခွက် ပုံမှန် သောက်ပေးနိုင်ပါတယ်။

ချင်း (ဂျင်း) လက်ဖက်ရည်
တစ်နေ့ကို ချင်း (ဂျင်း) ၁ ဂရမ် လောက် ရေနွေးစိမ်ပြီး သောက်ပေးပါ။ အစာခြေစနစ် ကောင်းမွန်စေပြီး ဝမ်းဗိုက် မအီမသာဖြစ်စေတဲ့ ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal