အစာအိမ်ခွဲစိတ်ထားသော လူနာများ၏နောက်ဆက်တွဲပြဿနာ

ခွဲစိတ်မှုတိုင်းမှာ နောက်ဆက်တွဲ ပြဿနာဖြစ်တဲ့ရောဂါအကင်းမသေတာ၊ ရောဂါနဲ့ဆက်နွှယ်ပြီး နောက်ထပ်တခြား တစ်နေရာမှာ ပြဿနာဖြစ်တာ စတာတွေ ဖြစ်တတ်ကြပါတယ်။ ဒါကြောင့် Fသူသတ Uစ ဆိုတာက နောက်ဆက်တွဲပါလာပါ တယ်။ နောက်ဆက်တွဲပြဿနာဆိုတာ က ချက်ချင်းဖြစ်နိုင်သလို ကြာမှဖြစ်တာ မျိုးလည်း ရှိတတ်ပါတယ်။ ကုတုန်းက တော့ ကုပြီး ပြန်လာပြဆိုရင် မလာဖြစ် ကြတော့ဘူး။

ပြန်ဖြစ်တတ်သော နောက်ဆက်တွဲ ပြဿ နာများ
အနာပြန်ဖြစ်တာ၊ အစာအိမ်အရွယ် အစားသေးသွားတာ၊ သည်းခြေရည်ပြန် အန်ထုတ်တာ၊ ဝမ်းပျက်ဝမ်းလျှောဖြစ် တာ၊ ကင်ဆာဖြစ်တာ၊ အစာမကြေချက် နိုင်တာ၊ စားထားတဲ့ အစာတွေ အူသိမ် ကို ချက်ချင်းရောက်ပြီး ပြဿနာဖြစ်တာ စတာတွေ ဖြစ်တတ်ပါတယ်။

ခွဲစိတ်လူနာတိုင်း ဘေးဖြစ်တတ်သလား
၃၀ ရာခိုင်နှုန်းလောက်ပဲဖြစ်တတ် ပြီး အဲဒီထဲကမှ ငါးရာခိုင်နှုန်းက အတော် ဆိုးဆိုးရွားရွားခံစားကြရပါတယ်။

ဘာကြောင့်အစာအိမ်နာပြန်ဖြစ်ရသလဲ
အစာအိမ်အနာပြန်ဖြစ်ရင်လည်း သွေးယိုတာနဲ့ ပေါက်တာမျိုးတွဲဖြစ်တတ် ပါတယ်။ အစာအိမ်၊ အူသိမ်နဲ့အူမကြီး တွေက Fistula လို့ခေါ်တဲ့ပူးကပ်ပြီး အပေါက်ဖြစ်ကာ တိုက်ရိုက်အစာတွေ ဆင်းတတ်ပါတယ်။ အဲဒီအခါ ဝမ်းပျက် တာ၊ မစင်အန်တာ၊ ကိုယ်အလေးချိန် ကျ တာ၊ ရေဓာတ်ခန်းခြောက်တာတွေဖြစ် တတ်ပါတယ်။ အဲဒီလိုဖြစ်နေတာကို ဃွှ ရိုက်တာ၊ ဆေးရည်တစ်မျိုးသောက်ပြီး ဓာတ်မှန်ရိုက်တာ၊ စအိုကနေ ဆေးရည် ထည့်ပြီး ဓာတ်မှန်ရိုက်တာတွေလုပ်ရင် တွေ့ရတတ်ပါတယ်။

အစာအိမ်ခွဲပြီးရင် စားသောက်တာ ဘယ် လိုဖြစ်တတ်သလဲ
အစားအသောက်ပျက်တတ်ပါ တယ်။ အစာအိမ်ကအစာကို လက်မခံနိုင် တာ၊ အစာအိမ်က အစာဝင်ရင် ပြန့်ကား အောင်မလုပ်နိုင်တာဖြစ်တတ်ပါတယ်။

ဘာကြောင့် သည်းခြေရည်အန်ထွက် ရသ လဲ
ခွဲစိတ်လိုက်တဲ့အတွက် အစာ အိမ်ရဲ့ အာရုံကြောစနစ်ပျက်စီးသွားပါ တယ်။ လမ်းကြောင်းလွှဲလိုက်တာ အစာ အိမ်က နဂိုအရွယ်ထက်သေးသွားတာ ကြောင့် သည်းခြေရည်ပြန်အန်ထုတ် တတ်ပါတယ်။ အစာနဲ့တွဲပြီးအန်တာဖြစ် နိုင်သလို အစာစားပြီးနောက် သည်းခြေ ရည်သက်သက်ပဲ ပြန်အန်ထုတ်တာ လည်း ဖြစ်တတ်ပါတယ်။ အစာစားရင် ဗိုက်နာတာ၊ အန်တာတွေပိုဖြစ်တတ်ပါ တယ်။ အဲဒီလိုဖြစ်ရင် အစာအိမ်ရဲ့အပေါ် ပိုင်းကို ခွဲထုတ်တဲ့နည်း(Antrectomy eJY Roux-en-Y)လို ခွဲစိတ်တာကပို ကောင်းပါတယ်။

Dumping ဆိုတာဘာလဲ
ချက်ချင်းလက္ခဏာပြတာနဲ့ နောက် မှပြတာဆိုပြီး နှစ်မျိုးရှိပါတယ်။ ချက်ချင်း ဆိုတာက အစာအိမ်ထဲအစာရောက်ပြီး ချက်ချင်းဆိုသလို အူသိမ်ထဲရောက်သွား တယ်။ စားပြီးတာနဲ့ဖြစ်တယ်။ နာရီဝက် ကြာဖြစ်တတ်တယ်။ တုံးလုံးလှဲလိုက်ရင် သက်သာတယ်။ စားပြီးတာနဲ့ ရင်ခေါင်း တောင့်မယ်၊ ချွေးထွက်မယ်၊ ခေါင်းကိုက် မယ်၊ ဝမ်းဗိုက်နာမယ်၊ နှလုံးခုန်နှုန်းမြန် မယ်၊ တစ်ခါတလေ ဝမ်းပျက်မယ်၊ အစာ အိမ်အာရုံကြောဖြတ်ထားသူ၊ အစာအိမ် လမ်းကြောင်းလွှဲထားသူတွေမှာ ၁၀ ရာ ခိုင်နှုန်းဖြစ်တတ်ကြပါတယ်။ အူလမ်း ကြောင်းမှာ အစာအိမ်က ချက်ချင်းရောက် လာတဲ့ အစာတွေနဲ့ပြည့်နေမယ်။ နောက် တော့ အူလမ်းကြောင်းထဲမှာ သွေးရည် ကြည်တွေ စိမ့်ဝင်နေမယ်။ ကြာလာရင် တော့ တဖြည်းဖြည်းချင်းသက်သာလာ နိုင်သလို အစာခြောက်တွေကို နည်းနည်း ချင်းစားပေးရပါတယ်။ အစာမစားခင် Octreotide ဆေးပြားကို ကြိုသောက် ရပါတယ်။ ဒါပေမဲ့ သည်းခြေကျောက် တည်တာဖြစ်တတ်သလို ဝမ်းပျက်တာကို မသက်သာစေပါဘူး။ Roux-en-Y လို ခွဲစိတ်တာက သက်သာစေပါတယ်။
ကြာလာတဲ့အခါ ဖြစ်တတ်တဲ့ DDumping ဆိုတာရှိပါတယ်။ ငါးရာခိုင် နှုန်းရှိပါတယ်။ အစာစားလိုက်ရင် သက် သာတယ်၊ လေ့ကျင့်ခန်းလုပ်ရင် ပိုဆိုးစေ တာ၊ အရည်ဓာတ်ပါတဲ့ ကစီဓာတ်ပါအ စားအစာကြောင့် ပိုဖြစ်တတ်ပါတယ်။ က တုန်ကယင်ဖြစ်မယ်၊ မူးမယ်၊ အားအင် ကုန်ခန်းမယ်၊ သွေးထဲအချိုဓာတ်များနေ မယ်၊ Octreotide ဆေးက သက်သာ မှုပေးပါတယ်။

ခွဲစိတ်ပြီးနောက် ဝမ်းပျက်ဝမ်းလျှောခြင်း
အစာအိမ်ကိုပေးတဲ့ Vagus အာရုံ ကြောကိုဖြတ်လိုက်ရင် ဝမ်းပျက်တတ်ပါ တယ်။ တချို့က ဝမ်းသွားချင်စိတ်ဖြစ် ပြီး ထိန်းမရလို့ အိမ်သာမရောက်ခင် ပန်း ထွက်တတ်ပါတယ်။ တချို့က ရေနွေးပူ သွန်ချသလို အီးပန်းပါတယ်။ တချို့က တော့ နည်းနည်းပဲသွားတတ်ပါတယ်။ ကု သရခက်ပါတယ်။

ကင်ဆာဖြစ်နိုင်ခြင်း
အစာအိမ်ခွဲစိတ်ထားသူတွေဟာ သာမန်လူထက် ကင်ဆာဖြစ်နိုင်ခြေ လေးဆရှိပါတယ်။ ၁၈ နှစ်လောက်ကြာမှ ဖြစ်ကြတာပါ။ Vagus အာရုံကြော ဖြတ်ထားသူတွေက ဖြစ်ဖို့ခဲယဉ်းပါတယ်။

တခြားနောက်ဆက်တွဲဖြစ်နိုင်ခြေများ
အစာအိမ်တစ်စိတ်တစ်ပိုင်းဖြတ် ထားသူတွေမှာ ပိုဖြစ်တတ်ပါတယ်။ Vagus အာရုံကြောဖြတ်ထားသူနဲ့ လမ်းကြောင်းလွှဲထားသူတွေမှာ ဖြစ်ခဲပါ တယ်။ ကိုယ်အလေးချိန်ကျပြီး နဂိုလို ဘယ်တော့မှ ပြန်မပြည့်လာတော့ပါဘူး။ သံဓာတ်နဲ့ဘီ ၁၂ ဓာတ်ချို့တဲ့ပြီးသွေးအား နည်းလာပါတယ်။ ဒါကြောင့် အစာအိမ် တစ်ခုလုံးထုတ်ထားသူတွေမှာ ဘီ၁၂ အားပေးဆေးထိုးတာ၊ တိုက်ကျွေးတာ တွေ လုပ်ရပါတယ်။ အစာအိမ်တစ်စိတ် တစ်ပိုင်းထုတ်ရင်တောင် ဘီ ၁၂ ဓာတ် ကို ဖျက်ဆီးပစ်တဲ့အတွက် သူတို့လည်း သွေးအားနည်းတတ်ပါတယ်။ Vagus အာရုံကြောဖြတ်ထားလို့ သည်းခြေ ကျောက်တည်တတ်ပါတယ်။ အမျိုးသမီး တွေမှာတော့ အရိုးပွရောဂါဖြစ်တတ် ပါတယ်။

ဒေါက်တာ ဇွဲကောင်းချစ်

Post Author: Good Health Journal