အစာကျွေးရခက်တဲ့ကလေးငယ်အစာစားချင်စိတ်ဖြစ်အောင်

ကလေးငယ်တွေကို ထမင်းကျွေးရတာဟာ မိခင်တွေအတွက်က အရမ်းကို ခက်ခဲတဲ့ပြဿနာတစ်ရပ်ပါ။ မိခင်တိုင်းက သားသမီးတွေကို အစားများများစားစေချင်ကြပေမယ့် တချို့ကလေးတွေက အစားအသောက်ရွေးတာ၊ တချို့လည်း အဆော့ မက်နေလို့ ထမင်းကောင်းကောင်းမစားတာ အမျိုးမျိုးပါပဲ။

အစာမကျွေးခင် မိနစ်၃၀အလိုတွင်ရေတိုက်ပါ
ကလေးများကို အစာမစားခင် မိနစ် ၃၀ လောက်ခွာပြီး ရေတိုက်တာက အစာ စားချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။

အနံ့၊အရသာပြင်းတဲ့ အစာတွေ မကျွေးပါနဲ့
ကလေးအများစုဟာ အနံ့၊ အရသာ ပြင်းပြင်းတွေကို မနှစ်သက်တတ်ကြပါဘူး။ သင့်ကလေးကိုကျွေးတဲ့အစားအစာတွေ ထဲမှာ အနံ့ပြင်းတဲ့ ဟင်းခတ်အမွှေးအ ကြိုင်တွေ၊ ကြက်သွန်ဖြူတွေ ပါဝင်နေ တာက အစာစားချင်စိတ်ကို လျော့နည်း စေပါတယ်။

သံပရာရည်တိုက်ပါ
ကလေးက ဗိုက်မဆာလို့ အစာ စား ဖို့ ငြင်းဆန်နေရင် ရေအစား လတ်ဆတ် တဲ့ သံပရာရည် တစ်ခွက် တိုက်လိုက်ပါ။ သံပရာသီးဟာ အစာခြေစနစ်ကို ကောင်း မွန်စေပါတယ်။

ဘယ်လိုအစားအစာတွေကျွေးကြမလဲ

ဥအမျိုးမျိုး
ကလေးငယ်အတွက် မနက်စာထဲ မှာပါဝင်အောင်ကျွေးနိုင်ရင် တစ်နေ့တာ အတွက် ဇီဝရုပ်ဖြစ်စဉ်ကို ကောင်းမွန်စေ ပါတယ်။ ပြုတ်ပြီးသား ကြက်ဥ၊ ငုံးဥကို အခွံနွှာပြီး ဒီတိုင်းကျွေးမယ့်အစားတုတ် နဲ့ထိုးတာ၊ ကြက်ဥကြော်တဲ့အခါ ပုံစံမျိုးစုံ ရှိတဲ့ ဒယ်အိုးကို အသုံးပြုပြီး ကြော်ကျွေး တာ စတဲ့ကလေးစိတ်ဝင်စားမှုမြင့်တက် အောင် လုပ်ဆောင်ပြီး ကျွေးသင့်ပါတယ်။

ချိစ်
ဗီတာမင်ဒီကြွယ်ဝလို့ ကလေးငယ် အတွက် အရိုးအဆစ်သန်မာစေပါတယ်။ ချိစ်အတုံးလေးတွေလုပ်ပြီး ကလေးကိုင် တဲ့ ခရင်းတံလေးနဲ့ ထိုးကျွေးပါ။ ကလေး ငယ်ကြိုက်တဲ့ အသီးအနှံတွေနဲ့လည်း ရောကျွေးလို့ရပါတယ်။

စပျစ်သီးခြောက်
အမျှင်ဓာတ်၊ ပိုတက်စီယမ်နဲ့ဗီတာ မင်တွေပါဝင်ပါတယ်။ အသီးခြောက်က တော့ ကလေးတွေကြိုက်နှစ်သက်တတ် ကြပါတယ်။ သကြားမပါဝင်တဲ့ အသီး ခြောက် လက်တစ်ဆုတ်စာကို နေ့လယ် ခင်းတွေမှာ သရေစာအဖြစ်ကျွေးပါ။

ကန်စွန်းဥ
ဗီတာမင်အေ၊ စီ၊ ဘီစစ်နဲ့ အမျှင် ဓာတ်ကြွယ်ဝပါတယ်။ တစ်လက်မအတုံး လေးတွေပြုလုပ်ပြီးတုတ်တံနဲ့ထိုးကျွေးပါ။ ဆီထဲ ဆားအနည်းငယ်ထည့်ပြီး သူ တို့ကိုယ်တိုင်တို့စားခိုင်းတာမျိုးကလည်း အစားအသောက်ပေါ်ပိုပြီး စိတ်ဝင်တစား စားချင်စိတ်ဖြစ်ပေါ်စေပါတယ်။

ငါး
တူနာငါး၊ ဆယ်လမွန်ငါးတို့လို အ သားနဲ့အဆီပါဝင်တဲ့ငါးတွေမှာ အိုမီဂါ-၃ ပါဝင်ပြီး ကလေးငယ်ကို ဉာဏ်ရည်မြင့် မားစေပါတယ်။ ငါးကို ကလေးငယ်က မစားပါကပြုတ်ပြီး ဟင်းချိုရည်လုပ်တိုက် တာမျိုး၊ အသားကိုလွှာပြီး တန်ပူရာအမှုန့် နဲ့ကြော်ကျွေးတာမျိုးပြုလုပ်ပါ။

ပဲတောင့်စိမ်း
ပဲတောင့်စိမ်းကို အသေးလေးတွေ လှီးပြီး ဆားအနည်းငယ်နဲ့ ဟင်းချိုလုပ် ပြီးတိုက်ပါ။ ရေထဲမှာ စိမ်းစိမ်းအတုံးလေး တွေခတ်ထားတာကို ကလေးတွေက သ ဘောကျနှစ်ခြိုက်ပြီး စားတတ်ကြပါ တယ်။ ပဲတောင့်စိမ်းမှာ ဗီတာမင်အေ၊ စီ၊ ပရိုတင်းနဲ့ အမျှင်ဓာတ်တွေပါဝင်ပါတယ်။

အစေ့အဆန်
အစေ့အဆန် ၁၀ စေ့လောက်ကို နေ့တိုင်းကျွေးလို့ရပါတယ်။ နှလုံးကျန်း မာရေး ကောင်းစေပါတယ်။ ကလေးတွေ မနင်အောင် မိခင်ကိုယ်တိုင် အထူးဂရုပြု ပြီး ကျွေးသင့်ပါတယ်။

ခရမ်းချဉ်သီး
ချယ်ရီခရမ်းချဉ်သီးအသေးလေး တွေကို ကလေးငယ်တွေ ကြိုက်ကြပါ တယ်။ ခရမ်းချဉ်သီး စားသုံးတာကြောင့် အင်တီအောင်ဆီးဒင့်တွေ များစွာရရှိနိုင် ပါတယ်။ ခရမ်းချဉ်သီးယိုပြုလုပ်ပြီးလည်း ကျွေးနိုင်ပါတယ်။ ကလေးငယ်ကို ကျွေး မယ့် ဟင်းလျာတွေထဲမှာလည်း ထည့် ချက်ကျွေးနိုင်ပါတယ်။

မြေပဲထောပတ်
မြေပဲထောပတ်ကို ကလေးငယ် တိုင်းကြိုက်တတ်ကြပါတယ်။ အသီးအနှံ၊ ပေါင်မုန့်စတာတွေနဲ့ ရောကျွေးနိုင်ပါ တယ်။ ဗီတာမင်၊ သတ္တုဓာတ်တွေနဲ့ အမျှင်ဓာတ်တွေ များစွာပါဝင်ပါတယ်။

အသီးအနှံများ
နှလုံးကျန်းမာရေးကောင်းစေပြီး ကျန်းမာရေးနဲ့ သင့်တော်တဲ့အစားအစာ တွေထဲမှာပါဝင်ပြီး ဘဝတစ်လျှောက်လုံး စားသင့်တဲ့အထဲမှာ ပါဝင်တဲ့အတွက် အသီးအနှံမျိုးစုံကို ခပ်သေးသေး အတုံး လေးတွေပြုလုပ်ပြီး ပန်းကန်ထဲမှာ အ ရောင်စုံအောင်ထည့်ကျွေးပါ။

နို့နှင့် နို့ထွက်ပစ္စည်းများ
ကလေးအတွက် အသားဓာတ်၊ ကယ်လ်စီယမ်ဓာတ်၊ ဗီတာမင်ဒီတွေ ပါ ဝင်တဲ့အတွက် နို့နဲ့နို့ထွက်ပစ္စည်းတွေကို ကလေးငယ်တွေကို ကျွေးလို့ရပါတယ်။ ကလေးအများစုက နို့နဲ့ နို့ထွက်ပစ္စည်း တွေကို ကြိုက်နှစ်သက်တတ်ကြပါတယ်။

ဂျုံဖြင့်ပြုလုပ်သော မုန့်ခြောက်များ
ဂျုံနဲ့ပြုလုပ်ထားတဲ့ မုန့်ခြောက်တွေ ကိုနို့နဲ့ရောကျွေးတာကြောင့် ကလေးငယ် တွေ လွယ်လွယ်ကူကူ ဝါးစားနိုင်ပြီး အရ သာလည်း ပိုကောင်းစေလို့ ကြိုက်နှစ် သက်စေပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal