စားသုံးလိုက်တဲ့ အစားအစာနဲ့ ဓာတ်မတည့် ဖြစ်တာမျိုးကို တွေ့ဖူးမြင်ဖူးကြမှာပါ။ ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်က ထုတ်လုပ်တဲ့ဓာတ်က ပြင်ပကဝင်လာတဲ့ ဓာတ်ကို တုံ့ပြန်တာကြောင့်ပါ။ ဂျုံ၊ မြေပဲ၊ ခရုကမာ၊ အသား၊ ပုစွန်၊ သကြား၊ ဂလူ တန် စတာတွေနဲ့ ဓာတ်မတည့်တာ အများဆုံးဖြစ်တတ်ပါတယ်။ ဓာတ်မတည့်တာဖြစ်တဲ့အခါ အများဆုံး တွေ့ရတတ်တဲ့ လက္ခဏာရပ်တွေက အနီစက်ထွက်တာ၊ ပျို့အန်တာ၊ ယားယံတာ၊ အသက်ရှူကျပ်တာနဲ့ ဖျားနာတာတွေ ဖြစ်တတ်ပါတယ်။ အောက်ပါနည်းလမ်းတွေက အစာနဲ့ ဓာတ် မတည့်ဖြစ်တတ်သူတွေအတွက် ကုန်ကျမှုသက်သာပြီး လွယ်ကူထိရောက်တဲ့ အိမ်တွင်းနည်းလမ်းတွေပါ။
ငှက်ပျောသီး စားပါ
ငှက်ပျောသီးက ဓာတ်မတည့်တာ အတွက် အိမ်သုံးဆေးအဖြစ် အသုံးပြုနိုင် ပါတယ်။ အစာအိမ်နာတာ၊ အရေပြားမှာ အနီစက်ဖြစ်တာတွေကို ကာကွယ်၊ ကုသ ပေးနိုင်ပါတယ်။ နေ့စဉ်ငှက်ပျောသီးစားတဲ့ အလေ့အကျင့်က အစားအသောက်ကြောင့် ဓာတ်မတည့်တာ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
သစ်သီးဖျော်ရည်သောက်ပါ
ခန္ဓာကိုယ်က ဓာတ်မတည့်ဖြစ် စေတဲ့အရာတွေကို ခံနိုင်ရည်ရှိစေဖို့နဲ့ ခန္ဓာကိုယ်တွင်းအဖွဲ့အစည်းတွေ ပုံ မှန်လုပ်ဆောင်ဖို့အတွက် တစ်နေ့ကို ဖျော်ရည်ကို တစ်နေ့ ၃-၄ ကြိမ် သောက်သုံးတာက ခန္ဓာကိုယ်ခုခံအားကို ကောင်းအောင် ကူညီပေးပါတယ်။
ကြက်ဆူဆီ အသုံးပြုပါ
အစာနဲ့ ဓာတ်မတည့်တာအတွက် ကြက်ဆူဆီက အကောင်းဆုံးကူညီပေး နိုင်ပါတယ်။ ရေခွက်ထဲကို ရေတစ်ဝက် နဲ့ ကြက်ဆူဆီငါးစက်ထည့်ပြီး မနက် မိုးလင်း အစာအိမ်ထဲမှာ ဘာမှမရှိတဲ့အ ချိန် သောက်ပေးပါ။
ပျားရည်သောက်ပါ
မနက်ခင်းတိုင်း ကြက်သီးနွေးရေထဲကို ပျားရည်တစ်ဇွန်း ထည့်ပြီး သေချာစွာ မွှေသောက်ပါ။ အစာအိမ်ထဲက အဆိပ် အတောက်တွေကို ရှင်းလင်းပေးပါတယ်။
ဗီတာမင် အီး သောက်သုံးပါ
ဗီတာမင် အီးက ဓာတ်မတည့်ဖြစ်တာကနေ လျော့နည်းစေတဲ့ အာနိသင်ရှိ ပါတယ်။ အစာနဲ့ ဓာတ်မတည့်တာ ကြောင့် ခံစားရတဲ့ ဝေဒနာကို အမြန်ဆုံး သက်သာစေပါတယ်။
အပ်စိုက်ကုပါ
အပ်စိုက်ကုထုံးက ဓာတ်မတည့်တာကြောင့် ခံစားရတဲ့ ဝေဒနာတွေကို ကုသနိုင်ပြီး အမြန်ဆုံး ပုံမှန်အခြေအနေရအောင် လုပ် ဆောင်ပေးပါတယ်။ ဓာတ်မတည့်ဖြစ်တာအတွက် ဘေးထွက်ဆိုးကျိုးမရှိတဲ့ အကောင်း ဆုံးနည်းလို့လည်း ပြောလို့ရနိုင်ပါတယ်။
ယောဂကျင့်ပါ
ဓာတ်မတည့်တာဖြစ်တဲ့အခါ ခံစားရတဲ့ ဝေဒနာတွေကို ယောဂကျင့်တာက သက်သာပျောက်ကင်း စေပါတယ်။ ပခုံးနှစ်ဖက်အတိုင်း လက်ကို ဆန့်တန်း ထားတဲ့ လေ့ကျင့်နည်းနဲ့ ခါးကို တစ်ဝက် လိမ်တဲ့ လေ့ကျင့်နည်းတွေက ဓာတ်မတည့်ဖြစ်တာအတွက် အကောင်းဆုံးကူညီပေးနိုင်ပါတယ်။
မုန်လာဥနီဖျော်ရည်သောက်ပါ
မနက်တိုင်းမှာ မုန်လာဥနီနဲ့ သခွားသီးကို ရောပြီး ဖျော်ရည်လုပ်သောက်ပါက အစာဓာတ်မတည့်ဖြစ်တာကနေ ကာကွယ်ပေးနိုင်ပါတယ်။
ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)
Good Health Journal 680