အစိမ်းအတိုင်းမစားသင့် သော ဟင်းသီးဟင်းရွက်များ

ဟင်းသီးဟင်းရွက်တွေက ကျန်းမာရေးကျေးဇူး အများအပြားပေးစွမ်းနိုင်တာကို လူတိုင်းသိကြပါတယ်။ အသားချည်း စားနေလို့ကတော့ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေ စုံစုံလင်လင်ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဟင်းသီး ဟင်းရွက်တွေကို သိပ်မကြိုက်ရင်တောင်မှ ကြုံရင်ကြုံသလို စားပေးသင့်ပါတယ်။ လူတိုင်းကြားဖူးနေကျစကားကတော့ အစိမ်းစားတာက ကျန်းမာရေးအတွက် ပိုကောင်းတယ်လို့ဆိုကြတာပါ။ ဒါက အမြဲတမ်းတော့ မမှန်ပါဘူး။ အစိမ်းစားတာက ကောင်းကျိုးထက် မသန့်ရှင်းရင် ဆိုးကျိုးက ပိုရနိုင်ခြေများပါတယ်။

အစိမ်းစားတာထက် ချက်စားတာက ပိုပြီး အာဟာရဖြစ်စေတဲ့ ဟင်းသီးဟင်း ရွက်တွေကတော့ –

(၁) ဟင်းနုနယ်ရွက်
ဟင်းနုနယ်ရွက် (Spinach) မှာ အောက်ဇဲလစ်အက်စစ်ပါဝင်ပြီး သူ့မှာ ပါတဲ့ သံဓာတ်နဲ့ ကယ်လ်စီယမ်တွေကို ခန္ဓာကိုယ်က စုပ်ယူနိုင်စွမ်း လျော့ကျစေ နိုင်ပါတယ်။ အပူပေးပြီး ချက်ပြုတ်လိုက် တာက အောက်ဇဲလစ်အက်စစ်ကို ပြိုကွဲ သွားစေပြီး ခန္ဓာကိုယ်ကသံဓာတ်နဲ့ ကယ်လ်စီယမ်တွေကို ပိုပြီး လွယ်လွယ် ကူကူ စုပ်ယူနိုင်မှာ ဖြစ်ပါတယ်။

(၂) မှို
တချို့အစိမ်းစားလို့ရတယ်ဆိုတဲ့ မှို တွေမှာတောင် ခန္ဓာကိုယ်ကို အဆိပ်ဖြစ် စေတဲ့ တော့ဆင်တွေ အနည်းအကျဉ်း ပါ ဝင်နေတတ်ပါတယ်။ ဒါပေမဲ့ မှိုကို အပူ ပေးပြီးချက်စားမယ်ဆိုရင် တော့ဆင်တွေ ကို ပျက်စီးသွားစေပြီး အစိမ်းစားတာထက် နှစ်ဆပိုပြီး အာဟာရဓာတ်တွေ (ပိုတက်စီ ယမ်၊ ဇင့်၊ မဂ္ဂနီဆီယမ်၊ နိုင်ယာစင်) တိုး လာစေပါတယ်။

(၃) ကညွှတ်
ကòတ် (Asparagus) ကို အပူ ပေးပြီးချက်တဲ့အခါမှာမှ ကင်ဆာကို ကာ ကွယ်နိုင်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ နဲ့ အာဟာရဓာတ်တွေဟာ ၁၆ ရာခိုင်နှုန်း ကျော်ပိုတိုးစေတယ်လို့ သုတေသန တစ် ခုမှာဆိုထားပြီး နောက်သုတေသန တစ် ခုမှာ ကòတ်ကိုချက်စားတာက ကင် ဆာရောဂါမဖြစ်အောင်ကာကွယ်ပေးတဲ့ ဖီနောလစ်အက်စစ်ဒြပ်ပေါင်းကို နှစ်ဆ ကျော်တိုးစေတယ်လို့ ဆိုပါတယ်။

(၄) ခရမ်းချဉ်သီး
ခရမ်းချဉ်သီးကို အစိမ်းလိုက် သုပ် စားတာ၊ ကြိတ်ပြီး ဖျော်ရည်လုပ်သောက် တာတွေ လုပ်ကြပါတယ်။ ခရမ်းချဉ်သီးကို အပူပေးပြီး ချက်ပြုတ်တာက သူ့မှာ ပါဝင် တဲ့ ဗီတာမင် စီ ပမာဏကို လျော့သွားစေ တာမှန်ပါတယ်။ ဒါပေမဲ့ ခရမ်းချဉ်သီးကို မီးနဲ့အပူပေးပြီး ချက်တာက ကင်ဆာနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေနည်းစေတဲ့ လိုင်ကို ပင်းဒြပ်ပေါင်းနဲ့ တခြားဓာတ်တိုးဆန့်ကျင် နိုင်စွမ်းရှိတဲ့ ဒြပ်ပေါင်းတွေကို တိုးပွားလာ စေတယ်လို့ ဆိုပါတယ်။

(၅) ငရုတ်ပွသီး
ငရုတ်ပွသီးတွေမှာ ဗီတာမင် စီ ပါ ဝင်မှုများပြားပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်း တွေဖြစ်တဲ့ ဘီတာကယ်ရိုတင်း၊ လူတင်း၊ ဘီတာခရစ်ပ်တိုဇမ်သင်း စတာတွေ ပါဝင် ပါတယ်။ ငရုတ်ပွသီးကို ပြုတ်လိုက်တဲ့အ ခါ သူ့မှာပါဝင်တဲ့ ဗီတာမင် စီ တွေ ဟင်း ရည်ထဲကို မျောပါသွားနိုင်ပါတယ်။ ဒါပေ မဲ့ ဓာတ်တိုးဆန့်ကျင်ဒြပ်ပေါင်းတွေကို ကာရံထားတဲ့ ဆဲလ်နံရံတွေကို ဖယ်ရှားပစ် လိုက်နိုင်တာကြောင့် စားတဲ့အခါ ခန္ဓာ ကိုယ်က စုပ်ယူနိုင်စွမ်းကောင်းစေပါတယ်။ ငရုတ်ပွသီးကို ဒယ်အိုးထဲမှာ ဆယ်မိနစ် လောက်ပဲ အပူပေးပြီး ချက်တာကတော့ သူ့ဆီက အာနိသင်အကျိုးကို အမြင့်ဆုံး ရရှိမှာဖြစ်တယ်လို့ အကြံပေးထားပါတယ်။

ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal