အဆစ်ကိုက်ခဲမှုသက်သာစေရန် စားသင့်သော အစားအစာများ

မတော်တဆ ထိခိုက်ဒဏ်ရာရတာကြောင့် ဒါမှမဟုတ် အဆစ်ရောင်ရောဂါကြောင့် အဆစ်တွေကိုက်ခဲပြီး နာကျင်တတ်ပါတယ်။ အဆစ်နာကျင်တာကြောင့် သင်ရဲ့နေ့စဉ် ဘ၀နေထိုင်မှုအတွက် အခက်အခဲရရှိနိုင်ပါတယ်။ အဆစ်ရောင်ရောဂါပျောက်ကင်းနိုင် တဲ့အစားအစာမရှိသေးပေမယ့် တချို့အစားအစာတွေက နာကျင်မှုဝေဒနာတွေကို သက် သာနိုင်တယ်လို့ လေ့လာမှုအများအပြားအရ တွေ့ရှိထားတာမို့ ဖော်ပြပေးလိုက်ပါတယ်။
သစ်သီးများ
သစ်သီးတွေမှာ ခန္ဓာကိုယ်အတွက် (အထူးသဖြင့် ခုခံအားစနစ်အတွက်)လို အပ်တဲ့ ဗီတာမင် စီ များစွာ ပါဝင်ပါတယ်။ ဒီထဲမှာမှ –

 စပျစ်သီး
စပျစ်သီးဟာ အနံ့အရသာကောင်းမွန်တဲ့အပြင် သူ့မှာပါဝင်တဲ့ဒြပ်ပေါင်း ပရို အန်သိုဆိုင်ရာနဒင်းကြောင့် အဆစ်ရောင်ရမ်းမှုနဲ့ အဆစ်နာရောဂါသက်သာသွားနိုင် ပါတယ်။
 အချဉ်အရသာရှိသော သစ်သီးများ
ခန္ဓာကိုယ်က ခုခံအားစနစ်ကောင်းမွန်ဖို့အတွက် ဗီတာမင် စီ လိုအပ်ပါတယ်။ လိမ္မော်သီး၊ ဂရိတ်ဖရုနဲ့ တခြားအချဉ်အရသာရှိတဲ့သစ်သီးတွေမှာ ဗီတာမင် စီ မြင့်မား စွာ ပါဝင်တဲ့အတွက် အဆစ်ရောင်ရောဂါမဖြစ်အောင် ကာကွယ်ပေးပြီး အဆစ်နာကျင် နေရင်လည်း သက်သာစေနိုင်ပါတယ်။
 ချယ်ရီသီး
ချယ်ရီသီးဟာ အရိုးအဆစ်ရောင်ရောဂါခံစားနေရသူတွေအတွက် အလွန် အသုံး ဝင်ပါတယ်။ လေ့လာမှုအရ ချယ်ရီသီးဖျော်ရည်ကို သုံးပတ်လောက် သောက်သုံးပေး သူတွေက အဆစ်ရောင်ရောဂါသိသိသာသာ ကျဆင်းသွားပြီး နာကျင်မှုဝေဒနာ သက် သာသွားတယ်လို့ သိရပါတယ်။
ဟင်းသီးဟင်းရွက်များ
ဟင်းသီးဟင်းရွက်တွေက ကျန်းမာရေးအတွက် အလွန်ကောင်းမွန်တာကြောင့် နေ့စဉ် မပါမဖြစ် စားသုံးသင့်ပါတယ်။ ဒီအထဲမှာမှ –
 ဟင်းနုနယ်ရွက်
သူ့မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များပြားစွာ ပါဝင်တဲ့အပြင် Kaempferol ဓာတ်တွေလည်း ပါဝင်တဲ့အတွက် ရောင်ရမ်းမှုဖြစ်စဉ်ကို လျှော့ချပေးပြီး အရိုးအဆစ် ရောင်ရောဂါသက်သာနိုင်ပါတယ်။
အစိမ်းရောင်ပန်းဂေါ်ဖီ (Broccoli)
သူ့မှာ ပါဝင်တဲ့ ဆာဖိုရက်ဇိန်းတွေက အဆစ်နာဝေဒနာသက်သာနိုင်ပြီး သွေး လေးဖက်နာရဲ့ ရောဂါလက္ခဏာတွေလည်း ပျောက်ကွယ်သွားနိုင်ပါတယ်။
 ပဲပိစပ်
အဆီပါဝင်မှုနည်းပြီး ပရိုတင်းနဲ့အမျှင်ဓာတ်တွေ ပါဝင်မှုများတဲ့အပြင် အိုမီဂါ ၃ ဖက်တီးအက်စစ်လည်း ပါဝင်တာကြောင့် အဆစ်ရောင်ဝေဒနာကို သက်သာစေနိုင် ပါတယ်။
Red Bean
သူ့မှာ အမျှင်ဓာတ်များစွာပါဝင်ပြီး ပရိုတင်း၊ ဖောလစ်အက်စစ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီယမ်တွေလည်း များစွာ ပါဝင်တဲ့အတွက် ခုခံအားစနစ်ကို မြှင့် တင်ပေးပါတယ်။ ရောင်ရမ်းမှုဖြစ်စဉ်ကို အားပေးတဲ့ C-reactive ပရိုတင်းပါဝင်မှု အလွန်နည်းပါတယ်။
ဟင်းခတ်အမွှေးအကြိုင်များ
သူတို့က ဟင်းကို အနံ့အရသာကောင်းမွန်စေတဲ့အပြင် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရှိပါတယ်။ ဒီအထဲမှာမှ –
 နနွင်း
ရောင်ရမ်းမှုလျော့ကျစေတဲ့ဂုဏ်သတ္တိရှိတဲ့အတွက် အဆစ်ရောင်ဝေဒနာကို သက်သာစေနိုင်ပါတယ်။
 ချင်း
ဒူးခေါင်းအလွန်အမင်းနာကျင်သူတွေကို ချင်း အသုံးပြုပြီး လေ့လာမှုပြုလုပ်ခဲ့ ရာ ၆၃ ရာခိုင်နှုန်းက နာကျင်မှုဝေဒနာ အလွန်အမင်းသက်သာတယ်လို့ တွေ့ရှိခဲ့ပါ တယ်။
ကြက်သွန်ဖြူ
သွေးဖိအားကျဆင်းစေပြီး နှလုံးကျန်းမာရေးကောင်းမွန်စေတဲ့ ဂုဏ်သတ္တိရှိတဲ့ အပြင် ရောင်ရမ်းမှုကိုပါ လျော့ကျစေတာကြောင့် အရိုးအဆစ်ရောင်ရောဂါဖြစ်နိုင်ခြေ လောshကျသွားပြီး အဆစ်ရောင်ရောဂါကြောင့်ဖြစ်တဲ့နာကျင်မှုဝေဒနာတွေ သက်သာ သွားတယ်လို့ လေ့လာမှုအရ တွေ့ရှိထားပါတယ်။
 လက်ဖက်ရည်ကြမ်း
ဓာတ်တိုးဆန့်ကျင်နိုင်တဲ့ဂုဏ်သတ္တိများစွာရှိပြီး ဇီဝရုပ်ဖြစ်စဉ်ကိုလည်း မြှင့်တင် ပေးပါတယ်။ သူ့မှာပါဝင်တဲ့ ဒြပ်ပေါင်း ပေါ်လီဖီနောက ရောင်ရမ်းမှုလျော့ကျစေနိုင် တဲ့ ဂုဏ်သတ္တိရှိပြီး နာကျင်မှုဝေဒနာ သက်သာနိုင်ပါတယ်။ တခြားလေ့လာမှုအရ လည်း သူ့မှာပါဝင်တဲ့ Epigallocatechin-3 gallate က အဆစ်ပျက်စီးမှုဒဏ်ကို သက်သာစေနိုင်တယ်လို့ သိရပါတယ်။
အခြားအစားအစာများ
အောက်ပါအစားအစာတွေကလည်း အဆစ်နာကျင်မှုဝေဒနာကို သက်သာစေ နိုင်ပါတယ်။
 ငါးနှင့် ငါးအဆီ
ဆယ်လ်မွန်၊ တူနာ၊ ငါးသလောက်နဲ့ အဆစ်များစွာ ပါဝင်တဲ့ ငါးတွေမှာ အိုမီဂါ ၃ ဖက်တီးအက်စစ်တွေ မြင့်မားစွာ ပါဝင်တဲ့အတွက် ရောရမ်းမှုဖြစ်စဉ်ကို တွန်းလှန် နိုင်ပြီး အဆစ်နာကျင်မှုဝေဒနာကို ချက်ချင်းသက်သာစေနိုင်ပါတယ်။ ဒါ့အပြင် သူတို့ မှာ ပါဝင်တဲ့ များစွာသော ဗီတာမင် ဒီ တွေက အဆစ်ရောင်ရမ်းမှုဝေဒနာကို သက် သာနိုင်ပါတယ်။
 ကောက်နှံတစ်ခုလုံးပါဝင်စာ
အုတ်စပါး၊ ဆန်လုံးညို၊ ကောက်နှံတစ်ခုလုံးနဲ့ပြုလုပ်ထားတဲ့ကွေကာတွေက သွေးထဲမှာ C-reactive ပရိုတင်းအဆင့်ကို လျော့ကျစေပါတယ်။ ဒီပရိုတင်းက အဆစ်ရောင်ရောဂါအပါအဝင် ရောဂါမျိုးစုံနဲ့ ဆက်စပ်နေတယ်လို့ သိရပါတယ်။
အဆီပါဝင်မှုနည်းတဲ့ နို့နဲ့ နို့ထွက်ပစ္စည်း
ဒိန်ချဉ်၊ နွားနို့နဲ့ ဒိန်ခဲလိုမျိုး နို့နဲနို့ထွက်ပစ္စည်းတွေမှာ ကယ်လ်စီယမ်နဲ့ ဗီတာမင် ဒီ များစွာပါဝင်ပြီး သူတို့နှစ်မျိုးစလုံးက အရိုးကိုသန်မာစေကာ ခုခံအားစနစ်ကို မြှင့် တင်ပေးပါတယ်။
 သစ်ကြားသီး၊ ဗာဒံစေ့၊ Pistachio
အခွံမာသီးအားလုံးဟာ အာဟာရဓာတ်ပြည့်ဝကြပေမယ့် သစ်ကြားသီး၊ ဗာဒံ စေ့နဲ့ Pistachio မှာ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် အီး၊ ပရိုတင်းနဲ့ alpha linolenic တွေ မြောက်မြားစွာပါဝင်တဲ့အတွက် ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါ တယ်။ အထူးသဖြင့် သစ်ကြားသီးမှာပါဝင်တဲ့ အိုမီဂါ၃ ဖက်တီးအက်စစ်ဟာ အရိုး အဆစ်ရောင်ရောဂါဖြစ်တဲ့

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal