အဆစ် ကျန်းမာရေးအတွက် ရှောင်ရှားသင့်သည့်အမူအကျင့်များ

ဒေါက်ဖိနပ်စီးတာကြောင့် အဆစ်နာကျင်နိုင်တယ်ဆိုတာတော့ သင်သိပြီးသားဖြစ်ပါလိမ့်မယ်။ အဆစ်ကျန်း မာရေးကို ထိခိုက်စေနိုင်တာက ဒေါက်ဖိနပ်စီးတာတစ်မျိုးတည်းကြောင့် မဟုတ်ပါဘူး။ အကြောင်းရင်းများစွာရှိတာမို့ ရှောင်ရှားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

အဝလွန်ခြင်း

အဝလွန်တာကြောင့် အဆစ်ပေါ်မှာ ဒဏ်ပိကာ၊ အဆစ်ရောင်ရမ်းမှုတွေ ပိုမို ဖြစ်ပေါ်စေပြီး အဆစ်ရောင်ရောဂါရရှိ နိုင်ပါတယ်။ ကိုယ်အလေးချိန် တစ်ပေါင် တိုးလာတိုင်း ဒူးဆစ်မှာ ဒဏ်ပိနိုင်ခြေက လေးပေါင်ခန့် ပိုများလာတယ်လို့ သု တေသနပြုလုပ်ချက်အရ သိရပါတယ်။ အဝလွန်တာကြောင့် အဆစ်မှာ ဒဏ်ပိ နိုင်တဲ့အပြင် အဆီတွေက အဆစ်ရောင် ရောဂါပိုမိုဆိုးရွားစေပြီး နာတာရှည်ဖြစ် စေနိုင်တဲ့ ရောင်ရမ်းနိုင်တဲ့ဓာတုပစ္စည်း တွေကိုလည်း ပိုမိုထုတ်လုပ်လိုက်ပါ တယ်။ အဆစ်ရောင်ရောဂါမှာ အဆစ်ကို အသုံးပြုတာများလို့ ဒဏ်ပိစေတဲ့ အရိုး အဆစ်ရောင်ရောဂါနဲ့ ဗကအသ Immကညန ခေါ်တဲ့ မိမိခန္ဓာကိုယ်ကဆဲလ်ကို မိမိဘာ သာ ပြန်လည်တိုက်ခိုက်တဲ့ ရူမက်တွိုက် အဆစ်ရောင်ရောဂါ(သွေးလေးဖက်နာ)ဆိုပြီး နှစ်မျိုးရှိပါတယ်။

လက်မဖြင့် စာရိုက်ခြင်း

လက်မအသုံးပြုပြီး ဖုန်းပေါ်မှာ စာရိုက်တာက လက်မနေရာမှာ အဆစ် ရောင်ရောဂါ ရရှိနိုင်ပါတယ်။ စာရိုက် နေတာကြောင့် လက်မဟာ ကော့လန်တဲ့ အနေအထားမှာ အချိန်ကြာမြင့်စွာရောက်ရှိနေတဲ့အတွက် အရွတ်တွေကို ဒဏ် ပိစေနိုင်ပါတယ်။ စာရိုက်တာကြောင့် လက်မပေါ်မှာ ကျရောက်တဲ့ဖိအားက ၁၂ ဆခန့် ရှိပါတယ်။ ကျွမ်းကျင်သူတွေ ကတော့ လက်တစ်ခုလုံးလုပ်ဆောင်ရတဲ့ လုပ်ငန်းဆောင်တာရဲ့ ၆၀ ရာခိုင်နှုန်းကို လက်မက တာဝန်ယူထားတယ်လို့ ဆိုပါတယ်။ စာရိုက်တာကြောင့် လက် ဆစ်တွေမှာ ဒဏ်ပိရုံသာမက ခန္ဓာကိုယ် က ကုန်းနေရတဲ့အတွက်လည်း ပခုံးနဲ့ လည်ကုပ်ကြွက်သားတွေမှာပါ ဒဏ်ပိပြီး နာကျင်ကိုက်ခဲနိုင်ပါတယ်။ ဒါကြောင့် စာရိုက်ပြီး စာပို့မယ့်အစား အသံမက် ဆေ့ခ်ျကိုသာ အသုံးပြုပေးပါ။

ဒေါက်မြင့်ဖိနပ်စီးခြင်း

တစ်ချိန်လုံးဒေါက်မြင့်ဖိနပ်စီးတာ ကြောင့် ခြေထောက်၊ ဒူးခေါင်းနဲ့ နောက် ကျောမှာ ဒဏ်ပိနိုင်ပါတယ်။ ဒေါက် ဖိနပ်စီးထားတာကြောင့် ဒူးခေါင်းဖြောင့် မတ်ဖို့အတွက် ပေါင်ကြွက်သားတွေက အပြင်းအထန် အလုပ်လုပ်ရပါတယ်။ ဒူးခေါင်း လိမ်သွားနိုင်ခြေလည်းများ ပါတယ်။ နေ့စဉ် ဒေါက်မြင့်ဖိနပ်စီးတဲ့အမျိုးသမီးတွေက အရိုးအဆစ်ရောင်နိုင် ခြေနဲ့ ခြေဖဝါးနာကျင်နိုင်ခြေ အလွန်မြင့် မားပါတယ်။

ခြေထောက်ကို အထောက်အပံ့မပေးနိုင်သော ရှူးဖိနပ်စီးခြင်း

မိမိနဲ့ ဆိုက်မတော်တဲ့ ဖိနပ်၊ မိမိ ခြေထောက်ကို အထောက်အပံ့မပေး နိုင်တဲ့ ဖိနပ်တွေကို စီးတာက ခြေဖဝါးနာ တာ၊ အဆစ်နာတာတွေနဲ့ အရိုးအဆစ် ရောင်ရောဂါတွေ ရရှိလာနိုင်ပါတယ်။ ဒေါက်မြင့်ဖိနပ်၊ ခြေညှပ်ဖိနပ်ပါးတွေ အပြင် တချို့အမျိုးအစားရှူးဖိနပ်တွေ ကြောင့် အဆစ်ရောင်ရောဂါ ရရှိနိုင် ပါတယ်။ သင့်အနေနဲ့ အားကစားလုပ်မယ် ဆိုရင် လိုက်ဖက်မယ့်အားကစားဖိနပ်အမျိုးအစားကို ရွေးချယ်ရပါမယ်။ ဥပမာ အားဖြင့် တင်းနစ်ကစားမယ့်သူအနေနဲ့ ခြေသပွတ်တိုင် လည်မသွားအောင် ထောက်ပံ့ပေးနိုင်တဲ့ ဖိနပ်မျိုးတွေကို ရွေးချယ်ပါ။ အောက်ခံကူရှင်များလွန်းတဲ့ ဖော့ဖိနပ်လိုမျိုး ဖိနပ်တွေ စီးခဲ့ရင်လည်း ခြေထောက်ကို ကောင်းမွန်စွာ အထောက် အပံ့ပေးနိုင်မှာ မဟုတ်တာကြောင့် အဆစ်ရောင်ရောဂါရရှိနိုင်ပါတယ်။

ခြေဆစ်လက်ဆစ်ချိုးခြင်း

တချို့လူတွေက အားရင်အားသလို ခြေဆစ်လက်ဆစ်ချိုးတတ်တဲ့ အကျင့်ရှိ ပါတယ်။ အဆစ်ချိုးလို့ အသံမြည်တာက အဆစ်ထဲမှာရှိတဲ့ အရည်ပူဖောင်းတွေ ပေါက်ထွက်သွားလို့ ဖြစ်တာပါ။ အဆစ် ချိုးတာကြောင့် အဆစ်ရောင်ရောဂါရနိုင် တယ်ဆိုတဲ့ အယူအဆတွေ ရှိခဲ့ပါတယ်။ မကောင်းတဲ့အမူအကျင့် ဖြစ်တာကြောင့် ရပ်တန့်သင့်ပါတယ်။ လက်ဆစ်ချိုးတာ ကြောင့် လက်မှာရောင်ရမ်းမှုဖြစ်ပြီး ပစ္စည်းတွေ ဆုပ်ကိုင်ရာမှာ အားနည်း သွားနိုင်တယ်လို့ လေ့လာမှုအရ သိရပါ တယ်။

ကျောပိုးအိတ်အလေးကြီး လွယ်ခြင်း

အိတ်အလေးကြီး(ကျောပိုးအိတ်၊ ပိုက်ဆံအိတ်၊ ဘေးလွယ်အိတ်)တွေ လွယ်တာကြောင့် အဆစ်နဲ့ ကြွက်သား တွေမှာ နာကျင်မှုဝေဒနာခံစားရနိုင်ပါ တယ်။ သူ့ကြောင့် လည်ကုပ်၊ ပခုံးနဲ့ ခါးရိုးပေါ်မှာ ဒဏ်ပိနိုင်ပါတယ်။ အိတ် အလေးကြီး သယ်တာကြောင့်လည်း လမ်းလျှောက်တဲ့အခါမှာ ဟန်ချက်ထိန်း ဖို့ အခက်အခဲဖြစ်နိုင်ပါတယ်။ အထူး သဖြင့် ကျောပိုးအိတ်ကို တစ်ဖက်တည်း လွယ်ခဲ့ရင်ပါ။ ဒါကြောင့် အလေးချိန် မျှစေဖို့ ကျောပိုးအိတ်ကို တစ်ဖက်တည်း လွယ်မယ့်အစား နှစ်ဖက်လွယ်ပါ။ ပိုက် ဆံအိတ်၊ ဘေးလွယ်အိတ်ထဲမှာလည်း သင့်အတွက် လိုအပ်တဲ့ ပစ္စည်းလောက် သာ ထည့်ပြီးလွယ်ပါ။

ကြွက်သားအသုံးပြုမှုမှားယွင်းခြင်း

ခန္ဓာကိုယ်မှာ ကြွက်သားကြီးနဲ့ ကြွက်သားငယ်ဆိုပြီး အုပ်စုနှစ်စု ရှိပါ တယ်။ သင့်အနေနဲ့ ကြွက်သားငယ်ကိုသာ အသုံးပြုခဲ့မယ်ဆိုရင် အဆစ်ပေါ်မှာ ဒဏ်ပိနိုင်ပါတယ်။ ဥပမာအားဖြင့် တံခါး မကြီးကို ဖွင့်တဲ့အခါမှာ လက်ချောင်း ကြွက်သားကို အသုံးပြုရတဲ့လက်နဲ့ ဖွင့် မယ့်အစား ပခုံးကြွက်သားကို အသုံးပြုရ တဲ့ ပခုံးနဲ့တွန်းပြီးဖွင့်ပါ။ ပစ္စည်းတစ်ခုခုကို သယ်မမယ်ဆိုရင်လည်း ပစ္စည်းအနားကို ကပ်ပြီး လက်ဖဝါးနဲ့သယ်ပါ။ လက် ချောင်းနဲ့ မသယ်ပါနဲ့။ ကြမ်းပြင်ပေါ်က ပစ္စည်းကို ကောက်ယူတဲ့အခါမှာလည်း ခါးရိုးကြွက်သားကို အသုံးပြုမယ့်အစား ပေါင်ကြွက်သားကို အသုံးပြုပြီး ဒူးခေါင်း ကွေးကာ မçယူပါ။

မှောက်လျက်အိပ်ခြင်း

မှောက်လျက်အိပ်တာက ဟောက် သံသက်သာစေနိုင်ပေမယ့် ခန္ဓာကိုယ် ပေါ်မှာ ဆိုးကျိုးတွေ အများကြီးရှိပါတယ်။ မှောက်ပြီး အိပ်လိုက်တာကြောင့် သင့်ဦး ခေါင်းနဲ့ လည်ပင်းကို လိမ်စောင်းပြီး အိပ် ရတဲ့အတွက် အာရုံကြောကို ဖိအားပေး မိသလိုဖြစ်သွားပါတယ်။ ဒါ့အပြင် ခါးနောက်ကျောရိုးကိုလည်း ဖိအားသက် ရောက်စေပြီး ခါးရိုးရဲ့ တည်နေရာ Alignment တွေ ပျက်စီးသွားပါတယ်။

အိပ်ရာထဲတွင် ဆွဲဆန့်လေ့ကျင့်ခန်း မပြုလုပ်ခြင်း

ဆွဲဆန့်လေ့ကျင့်ခန်းလုပ်တာက အဆစ်ရဲ့ ရွေ့လျားမှုကို ပိုမိုကောင်းမွန် နိုင်ပါတယ်။ ဒါ့အပြင် ကွေးနိုင်ဆန့်နိုင် အားကောင်းမွန်ပြီး အဆစ်ရောင်ရောဂါ သက်သာနိုင်ပါတယ်။ ဆွဲဆန့်လေ့ကျင့် ခန်းမလုပ်ခင်မှာ သွေးပူလေ့ကျင့်ခန်းပြု လုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းက ကြွက် သားနဲ့ အရွတ်တွေကို သန်မာစေပြီး အဆစ်ထဲမှာ ချောဆီရရှိကာ ပုံမှန် အတိုင်း ရွေ့လျားနိုင်စွမ်း ကောင်းမွန် သွားနိုင်ပါတယ်။ ဆွဲဆန့်လေ့ကျင့်ခန်း လုပ်တာကြောင့် သွေးလှည့်ပတ်မှု ကောင်းမွန်ပြီး ကြွက်သားတွေ အလုပ် လုပ်ဖို့ အဆင်သင့်ဖြစ်သွားပါတယ်။

အဆစ်သန်မာစေသော လေ့ကျင့်ခန်းများ မပြုလုပ်ခြင်း

အသက် ၄၀ ကျော်လာတဲ့အခါမှာ အရိုးပါးလာပြီး အလွယ်တကူကျိုးနိုင်ပါ တယ်။ ခွန်အားသုံးလေ့ကျင့်ခန်းနဲ့ အရိုးသန်မာစေတဲ့လေ့ကျင့်ခန်း ပြု လုပ်တာက အရိုးသိပ်သည်းဆကို ၁-၃ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင် ပါတယ်။ လေ့ကျင့် ခန်းပြုလုပ်တာကြောင့် အရိုးဆဲလ်အသစ်ထွက်ပေါ်လာအောင် လှုံ့ဆော်နိုင်ပါတယ်။ အရိုးဆုံးရှုံးနှုန်း လည်း နှေးသွားပါတယ်။ ကြွက်သား သန်မာပြီး အရိုးသိပ်သည်းဆများလာတာ ကြောင့် အဆစ်သန်မာလာနိုင်ပါတယ်။

ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်တာက အရိုး တစ်သျှူးနဲ့ ကျောရိုးချပ်ပြားအတွင်းမှာ သွေးလှည့်ပတ်မှုနည်းသွားနိုင်ပါတယ်။ ဒါ့အပြင် နီကိုတင်းက ကယ်လ်စီယမ်စုပ် ယူမှုကို လျော့ကျစေပါတယ်။ ခန္ဓာကိုယ် အတွင်းက အီစထရိုဂျင်ထုတ်လုပ်မှု ကိုလည်း အနှောင့်အယှက်ပေးပါတယ်။ အမျိုးသမီးတွေအနေနဲ့ အရိုးကျန်းမာ ဖို့အတွက် အီစထရိုဂျင်လိုအပ်ပါတယ်။ ဆေးလိပ်သောက်တဲ့အကျင့်ကြောင့် အရိုးဆဲလ် အသစ်ထုတ်လုပ်မှုကို တား မြစ်လိုက်တဲ့အတွက် အရိုးနဲ့အဆစ်တွေ အားပျော့သွားပြီး အလွယ်တကူ အရိုး ကျိုးနိုင်ခြေ၊ ထိခိုက်ဒဏ်ရာရနိုင်ခြေနဲ့ အဆစ်ပျက်စီးနိုင်ခြေများသွားပါတယ်။

အိပ်ရေးမ၀ခြင်း

အဆစ်ရောင်ရောဂါရှိသူတွေရဲ့ ၈၀ ရာခိုင်နှုန်းက အိပ်စက်မှုပြဿနာရှိတတ် ပါတယ်။ အဆစ်ရောင်ရမ်းတာ၊ အဆစ် ကိုက်နေတာကြောင့် အိပ်ပျော်ဖို့ ခက်ခဲပါ တယ်။ ဒီလိုပဲ အိပ်စက်မှုပြဿနာရှိသူ တွေကလည်း အဆစ်ရောင်ရောဂါကို အ လွယ်တကူရနိုင်ပြီး အဆစ်ရောင်ရောဂါပိုမိုဆိုးရွားနိုင်ပါတယ်။

ကိုယ်ဟန်အနေအထား မမှန်ကန်ခြင်း

အဆစ်မပျက်စီးဖို့အတွက် မတ် မတ်ရပ်ရမှာဖြစ်ပါတယ်။ ကိုယ်ဟန်အနေ အထားမမှန်တာကြောင့် ကျောရိုးအနေအထားပျက်စီးသွားနိုင်ပြီး ကြွက်သားနဲ့ အဆစ်တွေပေါ်မှာ ဒဏ်ပိနိုင်ပါတယ်။ ရွေ့လျားနိုင်စွမ်းနဲ့ ကွေးနိုင်ဆန့်နိုင်အား လည်း လျော့နည်းသွားပြီး ကိုယ်ဟန်ချက် ပျက်ကာ အလွယ်တကူ လိမ့်ကျနိုင်ပါ တယ်။ ဒါကြောင့် မတ်တတ်ရပ်တဲ့အခါမှာ ဦးခေါင်းမော့၊ ခါးကော့ပြီး မတ်မတ်ရပ်ပါ။ ဝမ်းဗိုက်ကြွက်သားတွေကို ရှပ်ထားပါ။ ထိုင်ခုံမှာထိုင်တဲ့အခါမှာလည်း မတ်မတ် ထိုင်ဖို့ မမေ့ပါနဲ့။

အဆစ်နာကျင်နေသည့် လက္ခဏာကို လျစ်လျူရှုထားခြင်း

သင့်မှာ အဆစ်နာရောဂါရှိနေရင် ဆရာဝန်နဲ့ ပြသပါ။ အဆစ်နာတာကို လျစ်လျူမရှုထားသင့်ပါဘူး။ နာကျင်တဲ့ ဝေဒနာကို လျစ်လျူရှုထားရင် နာတာ ရှည်နာကျင်မှုဝေဒနာခံစားရတဲ့အပြင် မသန်မစွမ်းတဲ့အထိတောင် ဖြစ်သွားနိုင် ပါတယ်။ သင့်အဆစ်က နီရဲရောင်ရမ်းပြီး နာကျင်တောင့်တင်းနေခဲ့ရင် ဆရာဝန်နဲ့ ပြသပါ။

ကွန်ပျူတာရှေ့တွင် အချိန်ကြာမြင့်စွာ ထိုင်ခြင်း

ကွန်ပျူတာနဲ့ အချိန်အကြာကြီး ထိုင်ပြီး အလုပ်လုပ်တာက လည်ကုပ်၊ တံတောင်ဆစ်၊ လက်ကောက်ဝတ်၊ ပခုံးနဲ့ ခါးနောက်ကျောနေရာမှာ နာကျင် နိုင်ပါတယ်။ ကြွက်သားတွေက အလုပ် လုပ်ရတာများလွန်းတဲ့အတွက် ခါးရိုးချပ် ပြားနေရာမှာလည်း ဒဏ်ပိနိုင်ပါတယ်။ တစ်နာရီကြာတိုင်း မိနစ်အနည်းငယ်ခန့် လမ်းထလျှောက်ပါ။

အဆစ်တစ်ခုတည်းကို ထပ်ကာထပ်ကာ အသုံးပြုခြင်း

အားကစားလှုပ်ရှားမှုလုပ်တာက ရွေ့လျားမှုတစ်ခုတည်းကို ဆက်တိုက် လုပ်နေရတာပါ။ အကယ်၍ သင်ရဲ့ ရွေ့ လျားမှုက မမှန်ကန်ခဲ့ရင် သင်ရဲ့အဆစ် နဲ့ ကြွက်သားတွေမှာ ဒဏ်ပိနိုင်ပြီး ထိ ခိုက်ဒဏ်ရာရနိုင်ပါတယ်။ ဥပမာအားဖြင့် တင်းနစ်ကစားတာကြောင့် Tennis Elbow ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သင့် အနေနဲ့ အားကစားလှုပ်ရှားမှုပြုလုပ်မယ် ဆိုရင် သင်တန်းဆရာနဲ့ စနစ်တကျသင် ယူပြီးမှ ပြုလုပ်ပါ။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal