အဆိပ်အတောက် ကင်းကင်းဖြင့် နွေနေ့ရက်များကို ဖြတ်ကျော်ရအောင်

နွေရာသီရဲ့ ပူအိုက်တဲ့နေ့ရက်တွေမှာ ခန္ဓာကိုယ်တွင်း အဆိပ်အ တောက်တွေ ခိုအောင်းနေတာကြောင့် စိတ်လက်မကြည်သာတာမျိုး ခံစားဖူးမှာပါ။ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်တွေ ကင်းစင်ပါက ပူပြင်း တဲ့နွေနေ့ရက်တွေကို ကိုယ်စိတ်နှစ်ပါးကျန်းမာစွာဖြတ်ကျော်နိုင်မှာပါ။

ရေသောက်ပါ
ခန္ဓာကိုယ်တွင်း အဆိပ်အတောက် ကင်းလိုတယ်ဆိုရင် ရေများများသောက် ဖို့ လိုပါတယ်။ တစ်နေ့ကို ရေ ၆-၈ ခွက် သောက်သုံးရုံနဲ့ သင့်အသွင်အပြင်ကို ပြောင်းလဲနိုင်ပါတယ်။ မျက်လုံးအောက် မှာ ဖောင်းအစ်နေတဲ့ မျက်အိတ်ကို လျော့ နည်းသက်သာစေပြီး အရေပြားကလည်း ကြည်လင်လှပလာတဲ့ ခန္ဓာကိုယ်တွင်းမှာ လည်း အဆိပ်အတောက်တွေ ကင်းစင် စေပါတယ်။

အရက်နဲ့ ကဖင်းရှောင်ပါ

ပူအိုက်တဲ့နေရက်တွေမှာ ရေဓာတ်ခန်း ခြောက်စေတဲ့အစာနဲ့ အရည်တွေကို ရှောင်ကြဉ်ဖို့ လိုပါတယ်။ အရက်နဲ့ ကဖင်းဓာတ်က ဆီးရွှင်စေ တာကြောင့် ခန္ဓာကိုယ်တွင်းမှ အရည်ဓာတ်တွေ ဆုံးရှုံးစေလို့ ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက်မှု ဖြစ်စေပါတယ်။ အယ်လ်ကိုဟောနဲ့ ကဖင်းမပါ ဝင်တဲ့ ဖျော်ရည်တွေ သောက်သုံးနိုင်ပါတယ်။ ဖြစ်နိုင်ရင် လတ်လတ်ဆတ်ဆတ် သစ်သီးကိုဖျော် ရည်လုပ်သောက်တာက ကိုယ်တွင်းသန့်စင်စေဖို့ အထောက်အကူပြုပါတယ်။

အဆင်သင့်အစာတွေ မစားပါနဲ့
အသား၊ သကြား ဒါမှမဟုတ် နို့နဲ့ နို့ထွက်ပစ္စည်းတွေကို ဖြစ်နိုင်ရင် နည်းနည်းပဲ စားသင့်ပါတယ်။ သင်က အသား ဟင်းမပါဘဲ ထမင်းမစား တတ်တဲ့သူဖြစ် ပါက အသားဟင်းကို ကိုယ်တိုင်ချက်ပြုတ် စားသောက်ပါ။ ဆီနဲ့ကြော်ထားတဲ့ အသားတွေအစား ငါး၊ ကြက်သားတို့ကို ကင်စားပါ။

လတ်ဆတ်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်း ရွက်တွေစားပါ

လတ်လတ်ဆတ်ဆတ် သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တချို့ကို မွှေစက်ထဲ ထည့်ဖျော်ပြီး ဖျော်ရည်လုပ်သောက် တာက နွေရာသီမှာ ရင်အေးစေပြီး ရေ ဓာတ်ပြည့်ဝစေပါတယ်။ နေ့စဉ် တစ်ခွက် လောက် ဖျော်သောက်ပေးပါ။ ခန္ဓာကိုယ် တွင်း အဆိပ်ကင်းစင်စေပြီး အသားအရေ ကြည်လင်လှပစေပါတယ်။

ဆီကြော်စာတွေ မစားပါနဲ့

အာလူးကြော်၊ ငါးမုန့်ကြော် စတဲ့ ဆီ ကြော်စာတွေထဲမှာ ဓာတုဒြပ်ပေါင်းတွေ များ စွာပါဝင်တာကြောင့် ဆီကြော်စာတွေကို သရေစာအဖြစ် စားမယ့်အစား အစေ့အဆန်၊ ဆီးသီးခြောက်၊ စပျစ်သီးခြောက်၊ ပန်းသီး၊ သစ်တော်သီး၊ သင်္ဘောသီး စတဲ့ သစ်သီးတွေ ကိုစားပါ။ ဆားများပြီး ကယ်လိုရီတွေ ပြည့်ဝနေတဲ့ ဆီကြော်စာတွေထက် အာဟာရ ပြည့်ဝပြီး အရသာကောင်းမွန်ပါတယ်။ ဆီ ကြော်စာတွေ အမြဲလိုလို စားသုံးပါက ခန္ဓာ ကိုယ်တွင်း အဆိပ်အတောက်တွေ ကိန်း အောင်းစေ လို့ ဆီကြော်စာစားသုံးမှုကို လျှော့ချသင့်ပါတယ်။

အကျိုးပြုဘက်တီးရီးယားပါဝင်တဲ့ ဒိန်ချဉ် သောက်ပါ

အူလမ်းကြောင်းထဲမှာရှိတဲ့ အကျိုးပြု ဘက် တီးရီးယားတွေက အူလမ်းကြောင်းတစ်လျှောက် ကျန်းမာစေပြီး အစာချေဖျက်မှုကို ကောင်းမွန် အောင် ကူညီပေးပါတယ်။ နွားနို့အစား ဒိန်ချဉ်ကို ကောက်နှံတစ်ခုလုံးနဲ့ ရောစားတာက အကျိုးပြု ဘက်တီးရီးယားတွေကို ရရှိတာကြောင့် အစာအိမ် နဲ့ အူလမ်းကြောင်းတစ်လျှောက် အစာချေဖျက်မှုနဲ့ စွန့်ပစ်မှုကောင်းမွန်ပြီး အဆိပ်ကင်းစင်စေပါတယ်။

သံပရာရည်သောက်ပါ

မနက်စာမှာ ကော်ဖီတစ်ခွက် သောက်တာထက် လက်ဖက်ခြောက် ခပ်ထားတဲ့ ရေနွေးကြမ်းတစ်ခွက် ဒါမှမဟုတ် သံပရာရည်တစ်ခွက် သောက်သုံးတာက ခန္ဓာကိုယ်တွင်း ဇီဝရုပ်ဖြစ်ပျက်မှု မြန်ဆန်စေပါ တယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *