အရေပြားရဲ့ အဆီဂလင်း (Sebaceous Glands) တွေကနေ အဆီတွေထုတ်ပေးပြီး အသားအရေခြောက်တာကို ကာကွယ်ပေးတယ်၊ အရေပြားအစိုဓာတ်ထိန်းပေးတယ်၊ အရွယ်တင် နုပျိုစေတယ်၊ အသားအရေ နူးညံ့ချောမွတ်စေ တယ် စတဲ့ကောင်းကျိုးတွေရရှိစေပါတယ်။
အရေပြားက အဆီကို လိုအပ်ပြီး အဆီက အရေပြားအတွက် အောက်ပါအချက်သုံးချက် လုပ်ပေးနိုင်ပါတယ်။
သန့်စင်ပေးတယ် ။ ။ အရေပြားပေါ်က အညစ်အ ကြေးတွေနဲ့ မိတ်ကပ်တွေကို ဖယ်ရှားနိုင်တယ်။
အာဟာရပေးတယ် ။ ။ အရည်အသွေးကောင်း တဲ့အဆီက အရေပြားကို အာဟာရဖြည့်စွက်ပေး ပြီး အသားအရေမထိခိုက်အောင် ကာကွယ် ပေးနိုင်ပါတယ်။
စွတ်စိုမှုပေးတယ် ။ ။ ထိခိုက်လွယ်တဲ့ အရေပြားရှိသူတွေမှာ ခြောက်သွေ့ မှုမှ ကာကွယ်ပေးပြီး စိုစိုပြည်ပြည် ဖြစ်စေပါတယ်။
ဘယ်လိုအဆီတွေသုံးကြမလဲ
ဗာဒံစေ့ဆီ
အရေပြားကို အားဖြည့်ပေးပြီး ရောင်ရမ်းမှုကို လျော့နည်းစေပါတယ်။ ပရိုတင်း၊ သတ္တုဓာတ်၊ ဗီတာမင်အီးနဲ့ အိုမီ ဂါ-၆ အဆီတွေ ပါဝင်တာကြောင့် အနာကျက်မြန် စေပြီး အမာရွတ်တွေ ကင်းစေပါတယ်။
နေကြာစေ့ဆီ
နေကြာစေ့ဆီက အရေပြားပေါ်မှာ အဆီ ဓာတ်ကြာရှည်ရှိနေဖို့အတွက် အကာအကွယ် တစ်ခုအနေနဲ့ ဖုံးထားပေးပါတယ်။ Linoleic Acid ပါဝင်ပြီး ရောင်ရမ်းမှုကို လျော့နည်းစေပါ တယ်။ ကလေးငယ်တွေရဲ့ အရေပြားအစိုဓာတ် ထိန်းပေးနိုင်ပြီး ကျန်းမာစေပါတယ်။
နှမ်းဆီ
နှမ်းဆီမှာ အင်တီအောက်ဆီးဒင့်နဲ့ ရောင်ရမ်းမှုလျော့နည်းစေတဲ့ ဓာတ် ပစ္စည်းတွေ များစွာ ပါဝင်ပါတယ်။ နှမ်းဆီကို တခြားဆီတစ်မျိုးနဲ့ ပေါင်းပြီး ခြောက်သွေ့တဲ့အရေပြားပေါ် လိမ်းပေး နိုင်ပါတယ်။
သံလွင်ဆီ
အိုမီဂါ-၉၊ ၆၊ ၃ အဆီတွေ ပါဝင်ပြီး အင်ဆီအောက်ဆီးဒင့်ဖြစ်တဲ့ ပိုလီဖီ နောလည်း ပါဝင်တာကြောင့် ဓာတ်တိုး ပစ္စည်းတွေရဲ့ ဖျက်ဆီးမှုမှ ကာကွယ်ပေး ပါတယ်။ ဗီတာမင် အေ၊ အီးနဲ့ ကေတွေပါ ဝင်ပြီး ရောင်ရမ်းမှုတွေကို လျော့နည်း စေပါတယ်။
ကြက်ဆူဆီ
ကြက်ဆူဆီက အနည်းငယ်ပျစ်ပြီး မှိုပိုးသတ်အာနိသင်ရှိပါတယ်။ အရေပြား အစိုဓာတ် ထိန်းပေးလို့ အသားအရေ ခြောက်သွေ့ကွဲအက်တာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ နေ့စဉ် အစိုဓာတ် ထိန်းပေးဖို့ လိမ်းနိုင်ပါတယ်။
အုန်းဆီ
အုန်းဆီက အေးမြတဲ့အာနိသင်ရှိပြီး အရေပြားနဲ့ ဆံပင်ကို အာဟာရဖြည့် ပေးနိုင်ပါတယ်။ ခြောက်သွေ့ကွဲအက်တဲ့ အရေပြားအတွက် အုန်းဆီကိုအစို ဓာတ်ရဖို့ အသုံးပြုနိုင်ပါတယ်။
ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)