အဆီပြန်လွယ်တဲ့အသားအရေပိုင်ရှင်လား

မျက်နှာအရေပြားမှာ အဆီပြန်လွယ်တတ်တဲ့ အသား အရေ (Oily Skin)?၊ အရမ်းခြောက်တဲ့ အသားအရေ (Dry Skin)၊ ပေါင်းစပ်အသားအရေ (Combination Skin) ဆိုပြီး ရှိပါတယ်။ အဆီပြန်လွယ်တဲ့ အသားအရေရှိသူအနေနဲ့ မိတ် ကပ်လိမ်းလည်း တာရှည်မခံတတ်သလို၊ ဝက်ခြံတွေလည်း ထွက်လွယ်တတ်ပါတယ်။ အဆီပြန်တတ်တဲ့ အသားအရေရှိသူ ဆိုရင် ဒီအချက်တွေကို ဂရုစိုက်ပေးစေချင်ပါတယ်။

(၁) တစ်နေ့နှစ်ကြိမ် မျက်နှာသစ်ပါ
မနက်တစ်ခါ၊ ညအိပ်ရာဝင်ခါနီးတစ်ခါ အဆီပြန်တဲ့အသား အရေအတွက် ထုတ်လုပ်ထားတဲ့ မျက်နှာသစ်ဆေးကို ရေနွေး နွေးနဲ့သစ်ပါ။ တစ်နေ့နှစ်ကြိမ်ထက်ပိုပြီးတော့ မျက်နှာမသစ်ပါနဲ့၊ မျက်နှာ ခဏခဏသစ်တာက အရေပြားကို ပိုပြီး Sensitive ဖြစ်စေပါတယ်။

(၂) Exfoliate လုပ်ပါ
ဆဲလ်သေဖယ်ရှားဖို့ နှစ်ပတ်တစ်ကြိမ်လောက် Exfo­liation လုပ်ပါ။ ဒီအတွက် Facial Scrubဘ ဖြစ်ဖြစ်၊ Peeling Gel j ဖြစ်ဖြစ် အသုံးပြုပြီး ကိုယ်တိုင်လုပ်နိုင်ပါတယ်။ ဆဲလ်သေ ဖယ်ရှားတာကို နေ့စဉ်မလုပ်ရပါဘူး၊ အရေပြားကို ခြောက်စေပြီး အသားခြောက်နေပြီဆိုပြီးတော့ အရေပြားက အဆီတွေ ပိုမို ထုတ်လုပ်လာစေပါတယ်။

(၃) အားကစားလုပ်ပါ
အားကစားလုပ်တာက သွေးလည်ပတ်မှုကောင်းစေပြီး ဆဲလ်တွေကို သန်မာစေပါတယ်။ ချွေးပေါက်တွေ ပွင့်သွားစေပြီး ခန္ဓာကိုယ်တွင်း အဆိပ်ဖြစ်စေတဲ့ တော့ဆင်တွေကို ခန္ဓာကိုယ် ကနေ ပိုစွန့်ထုတ်စေပါတယ်။ ရေများများသောက်ပေးဖို့လည်း မမေ့ပါနဲ့။

(၄) အစားအသောက်ဂရုစိုက်ပါ
ဆီကြော်စာတွေ၊ အသင့်ထုပ်ပိုးထားတဲ့အစားအစာတွေကို ရှောင်လိုက်ပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေ၊ ပရိုတင်းတွေကို ပုံမှန်စားပေးပါ။

(၅) အလှကုန်တွေဂရုစိုက်ပါ
မိတ်ကပ်မလိမ်းဘဲ အစိုဓာတ်ထိန်းခရင်မ်နဲ့ နေလောင်ကာ ခရင်မ်လောက်သာ လိမ်းပါ။ Oily Skin အတွက် သီးသန့် ထုတ်ထားတဲ့ မိတ်ကပ်လိမ်းမယ်ဆိုရင်လည်း ပွဲသွား၊ ဘာသွား လိုအပ်မှ လိမ်းပါ။ အဆီပြန်တတ်တဲ့ အသားအရေဖြစ်တာကြောင့် အဆီနဲ့ ပြင်ပက ဖုန်၊ အမှုန်တွေရောပြီး ချွေးပေါက်ပိတ်တဲ့အခါ ဝက်ခြံထွက်လာစေလို့ဖြစ်ပါတယ်။

Darliko

Post Author: Good Health Journal