အဆုတ်ကင်ဆာအကြောင်းသိသင့်သည်များ

ဆေးလိပ်သောက်သုံးသူတွေရဲ့ ၁၀ ယောက်မှာ ၉ ယောက်လောက်ကအ ဆုတ်ကင်ဆာကြောင့် သေဆုံးနိုင်ခြေ မြင့်မားပါတယ်။ ဓာတ်ငွေ့၊ ညစ်ညမ်းမှုနဲ့ တခြားဓာတုပစ္စည်းတွေကြောင့်လည်း အဆုတ်ကင်ဆာဖြစ်ပွားနိုင်ပါတယ်။

ဆေးလိပ်သောက်ခြင်းကြောင့်
စီးကရက်မှာ ကင်ဆာဖြစ်စေတဲ့ဓာ တုဒြပ်ပေါင်းတွေ မပါဝင်အောင် ထုတ် လုပ်ထားတယ်၊ အဆုတ်ရဲ့သဘာဝခုခံ နိုင်စွမ်းအားစနစ်ကို မထိခိုက်စေနိုင်ဘူး လို့ ကြော်ငြာကောင်းကောင်းနဲ့ ကြော် ငြာတတ်ကြပါတယ်။ အသက်ရှူလမ်း ကြောင်းတစ်လျှောက်မှာ သေးငယ်တဲ့ အမွေးအမှင်တွေ များစွာရှိပါတယ်။ အဲဒီအမွေးအမှင်တွေက အဆုတ်ထဲကို အဆိပ်အတောက်တွေ၊ ဘက်တီးရီး ယားနဲ့ ဗိုင်းရပ်စ်ပိုးတွေမဝင်အောင်တား ဆီးပေးပါတယ်။ ဆေးလိပ်သောက်သုံး တာက အသက်ရှူလမ်းကြောင်းတစ် လျှောက်မှာရှိတဲ့ အမွေးအမှင်တွေရဲ့ လုပ်ဆောင်နိုင်စွမ်းရည်ကို ကျဆင်းစေ ပါတယ်။ အဲ့ဒီလိုဖြစ်တာကြောင့် အဆုတ် ထဲမှာ ကင်ဆာဖြစ်စေတဲ့ ဒြပ်ပေါင်း တွေကို စုဆောင်းမိစေပါတယ်။

အဆုတ်ကင်ဆာလက္ခဏာ
အဆုတ်ကင်ဆာက ကင်ဆာရော ဂါတွေထဲမှာ ရောဂါစဖြစ်တာ မြန်တတ် ပါတယ်။ ရောဂါစဖြစ်စမှာ ရောဂါလက္ခ ဏာ၊ သတိပေးလက္ခဏာရယ်လို့ သိသိ သာသာထင်ထင်ရှားရှား ပြလေ့မရှိပါ ဘူး။ ရောဂါအခြေအနေ ပိုဆိုးလာတဲ့အ ခါ ချောင်းဆိုးတာ၊ အသက်ပြင်းပြင်းရှူ ရင် ရင်ဘတ်အောင့်တာ၊ အသက်ရှူမြန် တာ၊ အသက်ရှူရင် တရွှီရွှီအသံမြည်တာ၊ ချောင်းဆိုးရင် သွေးပါတာ၊ မောပန်းနွမ်း နယ်နေတာစတာတွေတွေ့ရတတ်ပါတယ်။

စောစောစီးစီး စမ်းသပ်တွေ့ရှိခြင်း
CT ရိုက်ပြီး စမ်းသပ်ရှာဖွေပါက တချို့လူနာတွေမှာ အဆုတ်ကင်ဆာရဲ့ အစောဆုံးအဆင့်ကို တွေ့ရှိရတတ်ပါ တယ်။ ဒါပေမဲ့ အဲ့ဒီလိုအစောဆုံး တွေ့ ရှိခဲ့ရင်တောင် ပျောက်ကင်းအောင်ကုသ နိုင်ဖို့မလွယ်ကူပါဘူး။ ဆေးလိပ်သောက် သူတွေအနေနဲ့ ဆေးလိပ်ဖြတ်လိုက်ရင် တောင် နောင် ၁၅ နှစ်လောက် အထိ ဆေးလိပ်ရဲ့ဆိုးကျိုးတွေကို ခံစားရနိုင် ပါတယ်။

အဆုတ်ကင်ဆာ စမ်းသပ်ခြင်း
နာတာရှည် ချောင်းဆိုးတာ၊ အ သက်ရှူရင်တရွှီရွှီမြည်နေတာ စတဲ့လက္ခ ဏာတွေ တွေ့နေရပေမယ့် အဆုတ် ကင်ဆာလို့ သတ်မှတ်ဖို့ ခဲယဉ်းပါတယ်။ ရင်ဘတ်ဓာတ်မှန်ရိုက်တာ၊ သလိပ်စစ် ဆေးတာနဲ့တခြားစမ်းသပ် စစ်ဆေးမှုတွေ ပြုလုပ်ဖို့လိုအပ်ပါတယ်။ ဒီအချက်တွေနဲ့ တင်ရောဂါရှာမတွေ့ပါက အသားစယူစစ် ဆေးမှုကို ပြုလုပ်သင့်ပါတယ်။

အဆုတ်အသားစယူ စစ်ဆေးခြင်း
အဆုတ်မှာ အလုံးအကျိတ်ရှိနေတာ ကို ရင်ဘတ်ဓာတ်မှန်မှာတွေ့ရင်၊ သလိပ် စစ်ဆေးမှုမှာ ကင်ဆာဆဲလ်တွေ့ရင် အ ဆုတ် အသားစယူ စစ်ဆေးမှုကို ပြုလုပ် သင့်ပါတယ်။ အဆုတ်ကင်ဆာက တခြား နေရာတွေကိုပျံ့နှံ့လွယ်တာကြောင့် ရော ဂါရဲ့ အစောပိုင်းအဆင့်မှာတောင် ခန္ဓာ ကိုယ်ရဲ့ တခြားနေရာတွေကို ပျံ့နှံ့ပြီးဖြစ် နေတတ်ပါတယ်။ ဆေးလိပ်သောက်သူ တွေမှာ အဖြစ်များတတ်သလို ဆေးလိပ် မသောက်သူတွေမှာလည်း ဖြစ်တတ် ပါတယ်။

ကင်ဆာရောဂါအဆင့်
ကင်ဆာဆဲလ်တွေ ဘယ်လောက် အထိ ပျံ့နှံ့နေလဲဆိုတာပေါ် မူတည်ပြီး ကင်ဆာရောဂါ အဆင့်ကိုသတ်မှတ်ပါ တယ်။ အဆုတ်တစ်ဖက်တည်းနဲ့ပြန်ရည် ကျိတ်တွေမှာ ကင်ဆာဆဲလ်တွေရှိနေ တာ၊ တခြား အဆုတ်တစ်ဖက်ကိုပါ ကင် ဆာဆဲလ်တွေ ပျံ့နှံ့နေတာ စတာတွေ ပေါ်မူတည်ပြီး အဆင့် ၁ ကနေ အဆင့် ၄ အထိ သတ်မှတ်ပါတယ်။

အစောဆုံးအဆင့်တွင် ကုသခြင်း
တချို့လူနာတွေမှာ အဆုတ်တစ် ဖက်ကနေ တခြားတစ်ဖက်ကို ကင်ဆာ ဆဲလ်တွေ မပျံ့ခင် ခွဲစိတ်ကုသမှုခံယူ တာက အထောက်အကူရ ကောင်းရနိုင်ပါ တယ်။ တချို့လူနာတွေမှာ အဆုတ်မှာဖြစ် ပေါ်နေတဲ့အလုံး အကျိတ်ကို ခွဲစိတ်ဖယ် ရှားလိုက်ရတာမျိုး၊ အဆုတ်တစ်ခုလုံးကို ဖယ်ရှားလိုက်တာမျိုးလည်း ရှိတတ်ပါ တယ်။ ကင်ဆာအလုံးအကျိတ် ကျုံ့သွား စေဖို့ ဓာတ်ရောင်ခြည်ပေးတာ၊ ကီမိုဆေး သွင်းတာတွေ ပြုလုပ်လိုက်ပါက နာကျင် မှုနဲ့ အသက်ရှူလမ်းကြောင်း ပိတ်ဆို့မှု တွေကို လျော့နည်းသွားစေပါတယ်။

Targeted Therapies
Targeted Therapies က ကင်ဆာ ရောဂါတွေကို ကုသတဲ့နောက်ဆုံးပေါ် နည်းသစ်ဖြစ်ပြီး ကင်ဆာဆေးသွင်းတာ နဲ့အတူပေါင်းစပ်ပြီး ကုသနိုင်သလို တခြား ကုသနည်းတွေနဲ့ထိရောက်မှုမရှိ ပါကလည်းကုသနိုင်ပါတယ်။ ကင်ဆာ ဆဲလ်တွေကို အာဟာရထောက်ပံ့ပေးနေ တဲ့ သွေးကြောအသစ်တွေဖြစ်ပေါ်မှုမရှိ အောင် ကာကွယ်ပေးပါတယ်။ အဆုတ် ကင်ဆာရောဂါဝေဒနာရှင်တွေရဲ့အသက် ရှင်သန်မှုကို များစွာအထောက်အကူ ဖြစ်စေပါတယ်။
အသက်ရှင်သန်နိုင်နှုန်း
၂၀၀၄ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ် အထိပြုလုပ်ခဲ့တဲ့ လေ့လာမှုအရအဆုတ် ကင်ဆာရှိကြောင်း ရောဂါရှာဖွေတွေ့ရှိ ပြီး သူတွေရဲ့ ငါးနှစ်အသက်ရှင်သန် နှုန်းက ၄-၅၄ ရာခိုင်နှုန်းရှိပြီး ရောဂါရဲ့ ပျံ့နှံ့မှုအနေအထားပေါ်များစွာ မူတည် ပါတယ်။

စစ်ဆေးတွေ့ရှိပြီးနောက်
အဆုတ်ကင်ဆာရှိကြောင်း သိရှိတဲ့ အခါ လူနာအများစုက စိုးရိမ်ကြောက်ရွံ့ တတ်ကြပါတယ်။ ဆေးလိပ်သောက်တာ ကြောင့် အဆုတ်ကင်ဆာဖြစ်လာသူတွေ မှာလည်း သူတို့ကိုယ်သူတို့ အပြစ်ရှိသူ တွေအဖြစ်နဲ့ နောင်တရတတ်ကြပါတယ်။ နောင်တရပြီး အချိန်တွေ ဖြုန်းမနေပါနဲ့။ ကျန်းမာတဲ့နေထိုင်မှုပုံစံကို ပြောင်းလဲ ကျင့်သုံးလိုက်ပါ။ ဆေးလိပ်ဖြတ်လိုက်ပါ။ ဆေးလိပ်ဖြတ်လိုက်ပါက ရောဂါကုသ ရာမှာ ပိုမိုထိရောက်မှုဖြစ်စေပါတယ်။

တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူရှိုက်ခြင်း
ဆေးလိပ်သောက်သုံးတာက အ ဆုတ်ကင်ဆာဖြစ်စေတဲ့ အဓိက အ ကြောင်းရင်းပါ။ ဒါ့အပြင် ပတ်ဝန်းကျင် မှာ ဆေးလိပ်သောက်နေသူဆီက ရတဲ့ ဆေးလိပ်အငွေ့ကို တစ်ဆင့်ခံရှူရှိုက်မိ သူတွေမှာလည်း အဆုတ်ကင်ဆာဖြစ် ပွားနိုင်ခြေများပါတယ်။ ဆေးလိပ်သောက် သူအိမ်ထောင်ဖက်ကြောင့် ကိုယ်တိုင် ဆေးလိပ်မသောက်ပေမယ့် အဆုတ်ကင် ဆာဖြစ်ပွားနိုင်ခြေ ၂၀-၃၀ရာခိုင်နှုန်းပို များစေပါတယ်။

လုပ်ငန်းခွင်တွင် ထိတွေ့ခြင်း
တချို့အလုပ်တွေက ဆေးလိပ်မ သောက်ပေမယ့် အဆုတ်ကင်ဆာဖြစ် ပွားနိုင်ခြေကိုများစေပါတယ်။ ယူရေနီ ယမ်၊ အာဆင်းနစ်စတဲ့ ဓာတုဒြပ်ပေါင်း တွေနဲ့ထိတွေ့လုပ်ကိုင်ရတဲ့ လုပ်ငန်းခွင် က လုပ်သားတွေဟာ အဆုတ်ကင်ဆာ ဖြစ်ပွားနိုင်ခြေကို မြင့်မားစေပါတယ်။ အပူ၊ လျှပ်စီး မစီးဆင်းအောင် ပြုလုပ်ရ တဲ့ ကျောက်ဂွမ်းမှုန်တွေကို နှစ်ရှည်လ များထိတွေ့လုပ်ဆောင်ရတဲ့ အလုပ်သ မားတွေ အဆုတ်ကင်ဆာဖြစ်ပွားနိုင်ခြေ ကိုများစေပါတယ်။ အာဆင်းနစ်များတဲ့ ရေ ကိုသောက်သုံးရသူတွေမှာလည်း အဆုတ် ကင်ဆာဖြစ်ပွားနိုင်ခြေများစေပါတယ်။

ရေဒွန်
ရေဒွန်က သဘာဝရေဒီယိုသတ္တိ ကြွဓာတ်ငွေ့ဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့ တချို့နေရာတွေမှာ ပုံမှန်ရှိသင့်တဲ့ ပမာ ဏထက်များနေပါတယ်။ ရေဒွန်ဓာတ် ငွေ့တွေ အခန်းထဲမှာအောင်းနေပြီး ဆေးလိပ်သောက်တတ်သူဖြစ်ပါက အ ဆုတ်ကင်ဆာဖြစ်နိုင်ခြေ အလွန်မြင့်မား ပါတယ်။ အမေရိကန်နိုင်ငံမှာ အဆုတ် ကင်ဆာက ဒုတိယဖြစ်ပွားမှု အများဆုံး ကင်ဆာဖြစ်ပြီး အဆုတ်ကင်ဆာကြောင့် သေဆုံးသူတွေရဲ့ ၁၂ ရာခိုင်နှုန်းက ရေဒွန်ဓာတ်ငွေ့နဲ့ ဆက်စပ်နေပါတယ်။ ရေဒွန်ဓာတ်ငွေ့အရောင်မရှိ၊ အနံ့မရှိ တာကြောင့် သာမန်မျက်စိနဲ့ကြည့်ရုံ၊ အနံ့ ခံရုံနဲ့မသိရှိနိုင်ပါဘူး။ ပစ္စည်းကိရိယာ အကူအညီနဲ့သာ စမ်းသပ်သိရှိနိုင်ပါ တယ်။
ပတ်ဝန်းကျင် ညစ်ညမ်းခြင်း
ပတ်ဝန်းကျင်မှာ ဆေးလိပ်ငွေ့တွေ၊ ထင်းမီးသွေးငွေ့တွေ၊ ညစ်ညမ်းမှုတွေ စတာတွေက အဆုတ်ကင်ဆာဖြစ်ပွားနိုင် ခြေကို များစေပါတယ်။ ပတ်ဝန်းကျင်ညစ် ညမ်းမှုဆိုရာမှာ ကား၊ စက်ရုံ၊ အလုပ်ရုံ တွေကထွက်တဲ့ ဓာတ်ငွေ့တွေကို ရှူရှိုက် နေရသူတွေဟာ အဆုတ်ကင်ဆာဖြစ်ပွား နိုင်ခြေကို များစေပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *