အနာရောဂါကင်းသူတွေက ဘာတွေစားသုံးလေ့ရှိကြလဲ

ကျန်းမာပြီး အနာရောဂါကင်းရှင်း သူတွေဟာ ဒီတိုင်းနေရင်းနဲ့ ကျန်းမာနေ တာမျိုးတော့ မဟုတ်ပါဘူး။ သူ့တို့ လိုက် နာကျင့်သုံးတဲ့ အမူအကျင့်တွေ၊ စားသုံး တဲ့ အစားအစာတွေနဲ့ များစွာ သက်ဆိုင် နေပါတယ်။

အဆိပ်အတောက်ကင်းစေတဲ့ အစာတွေ စား သုံးတယ်
အနာရောဂါကင်းရှင်းသူတွေဟာ အဆိပ်အတောက်ကင်းစေတဲ့ အစားအ စာတွေကိုလည်း စားသုံးလေ့ရှိကြပါတယ်။
ဘယ်ရီသီး
ဘယ်ရီသီးမှာ အင်တီအောက်ဆီး ဒင့်ဖြစ်တဲ့ အန်သိုဆိုင်ရာနင်တွေ များစွာ ပါဝင်လို့ ခန္ဓာကိုယ်တွင်းရှိ အဆိပ်အ တောက်တွေကို ဖယ်ရှားနိုင်ပါတယ်။
ချင်း(ဂျင်း)
ချင်း(ဂျင်း)ကို ဟင်းခတ်အမွှေးအ ကြိုင်အဖြစ် အသုံးပြုနိုင်ပြီး သွေးလှည့် ပတ်မှုကို ကောင်းစေလို့ ခန္ဓာကိုယ်တွင်း မှာ အဆိပ်အတောက်တွေကို ရှင်းလင်း ပေးပါတယ်။
ရှောက်သီး
ရှောက်သီးထဲမှာ ပါဝင်တဲ့ အင်တီ အောက်ဆီးဒင့်ဒြပ်ပေါင်းတွေက အဆိပ် အတောက်ဖယ်ရှားပေးတဲ့ အင်ဇိုင်းတွေ ရဲ့ လုပ်ဆောင်မှုကို အားပေးပါတယ်။
သရက်သီး
သရက်သီးကို ခွက်တစ်ခွက်စာ စား သုံးပါက တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင် စီရဲ့ လေးပုံသုံးပုံရရှိပါတယ်။ အမျှင် ဓာတ်လည်း များစွာပါဝင်လို့ အစာခြေ အဖွဲ့အစည်းရဲ့ လုပ်ဆောင်မှုတွေ ကောင်းမွန်စေပါတယ်။
လိမ္မော်သီး
လိမ္မော်သီးထဲမှာ ဗီတာမင် စီ အ ပြည့်အဝပါဝင်လို့ ခန္ဓာကိုယ်တွင်းရှိ အ ဆိပ်အတောက်တွေကို ဖယ်ရှားပေးပါ တယ်။
နံနံပင်
နံနံပင်က ဆီးရွှင်စေပြီး ဆီးကတစ် ဆင့် ခန္ဓာကိုယ်တွင်းမှ အဆိပ်အတောက် တွေကို ဖယ်ရှားပေးပါတယ်။
ပက်ပါးမင့်
ပက်ပါးမင့်က ခံတွင်းရနံ့သင်းစေပြီး ဆာလောင်မှုကို လျော့နည်းစေပါတယ်။ အစားအစာထဲမှာပါဝင်တဲ့ ပိုးမွှားတွေကို လည်း ဖယ်ရှားနိုင်ပါတယ်။
သလဲသီး
သလဲသီးထဲမှာပါဝင်တဲ့ အင်တီ ဆောက်ဆီးဒင့်က အဆိပ်အတောက်တွေ ကို ဖယ်ရှားပေးပြီး အူမကြီးကင်ဆာ ဖြစ် ပွားနိုင်ခြေကို လျော့နည်းစေပါတယ်။
ဟင်းမွှေးရွက်
ဟင်းမွှေးရွက်က အူလမ်းကြောင်း ထဲက အီးကိုလိုင်နဲ့ စတက်ဖိုင်လိုကော့ ကပ် ဘက်တီးရီးယားပိုးတွေကို ဖယ်ရှား ပေးနိုင်ပါတယ်။

စူပါအစားအစာတွေ စားသုံးတယ်
အနာရောဂါကင်းရှင်းသူတွေဟာ စူပါအစားအစာတွေကိုလည်း စားသုံး လေ့ ရှိကြပါတယ်။
ဆာဒင်းငါး
ဆာဒင်းငါးမှာ အိုမီဂါ-၃ အဆီ၊ ပရို တင်းနဲ့ ကယ်လ်စီယမ်တွေ များစွာပါဝင် လို့ နေ့လယ်စာ၊ ဒါမှမဟုတ် ညစာမှာ ထည့်စားပေးပါ။
ဥအမျိုးမျိုး
ဥအမျိုးမျိုးမှာ ဗီတာမင် ဒီ၊ အေ၊ြ၁၂ နဲ့ ဗီတာမင် ဘီအုပ်စုတွေ များစွာပါ ဝင်တဲ့အပြင် ပရိုတင်းကိုလည်း များစွာ ရရှိနိုင်ပါတယ်။
ဗီတာမင် စီ
ဗီတာမင် စီ မှာ အနာကျက်စေတဲ့ အာနိသင်ရှိပြီး အရေပြားပျက်စီးမှုမှ ကာ ကွယ်ပေးပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ် ခုခံစွမ်းအားကိုလည်း မြင့်မားစေပါတယ်။
ပဲအမျိုးမျိုး
ပဲအမျိုးမျိုးကနေ အမျှင်ဓာတ်၊ ပရို တင်းတွေ များစွာရရှိစေပြီး သွေးတွင်း သကြားဓာတ်ကို မြင့်မားစေပါတယ်။
သကာရည်
သကြားချက်ရာမှာ ဘေးထွက် ပစ္စည်းတစ်ခုဖြစ်ပြီး ကယ်လ်စီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ မဂ္ဂနိစ်၊ ဆီလီနီ ယမ်တွေ များစွာပါဝင်ပါတယ်။ သကာ ရည်က ဆံသားနဲ့ လက်သည်း၊ ခြေသည်း တွေကို တောက်ပြောင်လှပစေပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာ ပိုးသတ်အာနိသင် ရှိလို့ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနဲ့ မှိုပိုး တွေကို သေစေပါတယ်။ ဒါ့အပြင် နှာ ခေါင်း၊ လေပြွန်နဲ့ အဆုတ်ထဲက ချွဲတွေ ကို ရှင်းလင်းပေးပါတယ်။
ပျားရည်
ပျားရည်မှာ ပိုးသတ်အာနိသင်ရှိပြီး လည်ချောင်းနဲ့ အဆုတ်ထဲကို ပိုးမွှားတွေ ဝင်ရောက်မှုမရှိအောင် ကာကွယ်ပေးပါ တယ်။ ပျားရည်ကို အပူပေးပြီး သံပရာ ရည် အနည်းငယ်ထည့်ကာ သောက်ပေး ပါ။
စိမ်းပြာရေညှိ
စိမ်းပြာရေညှိက ခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေ များစွာပေးနိုင်လို့ စူပါအစားအစာလို့တောင် တင်စားခေါ် ဝေါ်နိုင်ပါတယ်။ ဇီဇမ်သင်၊ ဘီတာကယ်ရို တင်းနဲ့ ခရိုမီယမ်တွေ ပါဝင်ပါတယ်။
ချင်း (ဂျင်း)
ချင်း (ဂျင်း) က ကိုယ်ဝန်ဆောင်ချိန် မှာ ဖြစ်တတ်တဲ့ ပျို့အန်တာ၊ ခရီးသွားရင် ဖြစ်တတ်တဲ့ ပျို့အန်တာတွေကို သက် သာစေပါတယ်။ ရောင်ရမ်းမှုတွေကို လျော့နည်းစေပြီး သွေးလှည့်ပတ်မှု ကောင်းစေလို့ အအေးမိတုပ်ကွေးဖြစ် တာကိုလည်း သက်သာစေပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *