အနီရောင်အသားတွေကို ဘာကြောင် အစားမကြူးသင့်တာလဲ

ကမ္ဘာပေါ်မှာ အနီရောင်အသားတွေ ဖြစ်တဲ့ အမဲသား၊ သိုး သား၊ ဆတ်သား၊ ကျွဲသား စတာတွေကို အများဆုံး စားသုံး တတ်ကြပါတယ်။ အနီရောင်အသားတွေ ကနေ သံဓာတ်နဲ့ ပရိုတင်းကို များစွာရရှိ နိုင်တဲ့အပြင် ကျန်းမာရေးကို ထိခိုက်စေ တဲ့ ပြည့်ဝဆီနဲ့ ကိုလက်စထရောတွေ လည်း ရရှိနိုင်ပါတယ်။ ဒါကြောင့် အနီ ရောင်အသားတွေကို များစွာ စားသုံးတာ ကို ရှောင်ကြဉ်လိုက်မယ်ဆိုရင် အောက် ပါအကျိုးတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဆီးချိုသွေးချိုဖြစ်နိုင်ခြေကို လျှော့ချပေး တယ်
အနီရောင်အသား တစ်နေ့ကို နှစ် အောင်စ လျှော့ချစားသုံးတာကြောင့် အမျိုးအစားနှစ် ဆီးချိုသွေးချိုရောဂါဖြစ် နိုင်ခြေကို ၃၂ ရာခိုင်နှုန်း လျော့နည်းစေ ကြောင်း ၂၀၁၁ ခုနှစ်က ထုတ်ဝေတဲ့ အမေရိကန်အာဟာရဆိုင်ရာဆေးပညာ ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။ အနီရောင် အသားမှာပါဝင်တဲ့ ပြည့်ဝဆီက ကျန်းမာ ရေးကို ထိခိုက်စေတယ်လို့ သုတေသီ တွေက ယုံကြည်ကြပါတယ်။

သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောလျော့ နည်းစေတယ်
အနီရောင်အသားတွေမှာ သွေး တွင်း မကောင်းတဲ့ကိုလက်စထရောတွေ များစွာပါဝင်ပါတယ်။ အနီရောင်အသား စားသုံးတာကိုသာ လျှော့လိုက်မယ်ဆိုရင် သွေးတွင်း မကောင်းတဲ့ကိုလက်စထရော အဆီဓာတ်တွေလည်း လျော့နည်းသွားမှာ ဖြစ်ပါတယ်။ ကိုလက်စထရောနဲ့ ပြည့်ဝ ဆီတွေက သွေးတွင်းမှာ သွေးခဲဖတ်ဖြစ် ပေါ်စေပြီး ကျန်းမာရေးပြဿနာတွေများ စွာ ဖြစ်ပေါ်စေပါတယ်။

သွေးဖိအား ပုံမှန်ဖြစ်စေတယ်
သွေးကြောထဲမှာ သွေးခဲဖတ်တွေ ဖြစ်ပေါ်တာကြောင့် သွေးဖိအားကို မြင့် တက်စေပါတယ်။ သွေးဖိအားတက်တာ ကြောင့် ကျောက်ကပ်နဲ့ မျက်လုံးတွေ စတာတွေပါ ပျက်စီးစေတဲ့အပြင် နှလုံး တိုက်ခိုက်ခံရနိုင်ခြေကိုလည်း မြင့်မားစေ ပါတယ်။

လေဖြတ်နိုင်ခြေ လျော့နည်းစေတယ်
၂၂ နှစ်ကြာ လေ့လာမှု ပြုလုပ်ခဲ့ရာ အနီရောင် အသားစားသုံးမှုများတာ ကြောင့် လေဖြတ်နိုင်ခြေ မြင့်မားစေတာ ကို တွေ့ရပါတယ်။ အနီရောင် အသား တွေမှာ ပြည့်ဝဆီနဲ့ ကိုလက်စထရော များစွာ ပါဝင်တာကြောင့်ပါ။

နာတာရှည် နှလုံးပြဿနာ ဖြစ်နိုင်ခြေ လျော့ နည်းစေတယ်
တစ်နေ့မှာ အစာ အနပ်ကြီးသုံးနပ် စားတိုင်း အနီရောင်အသား စားတတ်သူ တွေကို နှစ် ၂၀ ကြာ လေ့လာကြည့်တဲ့အ ခါ နာတာရှည်နှလုံးပြဿနာ ဖြစ်နိုင်ခြေ ကို ၂၉ ရာခိုင်နှုန်း မြင့်မားစေတာ တွေ့ရ ပါတယ်။ အနီရောင်အသားထဲက ကာနီ တင်းဓာတ်က trimethylamineoxide (TMAO) အဆိပ်ဓာတ်ကို ထွက်လာစေ တာကြောင့်ပါ။

ကိုယ်အလေးချိန် အလွန်အကျွံ မဖြစ်အောင် ထိန်းထားနိုင်တယ်
အနီရောင်အသားတွေထဲမှာ ပြည့်ဝ ဆီနဲ့ ကိုလက်စထရောတွေ များစွာပါဝင် တာကြောင့် ကိုယ်အလေးချိန်ကို မြင့်မား ပြီး အဝလွန်တာတွေ ဖြစ်လာနိုင်ပါတယ်။အထူးသဖြင့် အနီရောင်အသားတွေ စား သုံးမှုများတယ်၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ဆောင်မှု မရှိဘူး ဆိုသူတွေမှာ အဝလွန်တာ ပိုတွေ့ရပါတယ်။

ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးတယ်
အနီရောင်အသားကို ပုံမှန်စားသုံး သူတွေထက် အများအပြား စားသုံးသူ တွေမှာ ကင်ဆာဖြစ်ပွားမှုများတာကို တွေ့ရပါတယ်။ ဆေးပညာရှင်တွေက အနီရောင်အသား အလွန်အကျွံ စားသုံး သူတွေဟာ အစာရေမျိုကင်ဆာနဲ့ အ သည်းကင်ဆာတွေ ဖြစ်နိုင်ခြေများတယ် လို့ ပြောပါတယ်။

အယ်လ်ဇိုင်းမား ဖြစ်နိုင်ခြေကို လျော့နည်း စေတယ်
အနီရောင်အသားစားသုံးမှု များပါ က အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေနဲ့ ဆက်စပ်နေပါတယ်။ အနီရောင်အသား ထဲမှာ သံဓာတ်ပါဝင်မှုများတာကြောင့် အလွန်အကျွံ စားသုံးမယ်ဆိုရင် ဦး နှောက်ဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေ ကြောင့် ပျက်စီးမှု ပိုမိုများစေလို့ ဒီရောဂါ ကို ဖြစ်စေတာ ဖြစ်ပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *