အပူဒဏ်ကိုမမှုဘဲ လှနိုင်မယ့် MakeupTips

မတ်လဆန်းရောက်တော့မယ်ဆိုတော့ ရာသီဥတုကလည်း အအေးပေါ့ပြီး တဖြည်း ဖြည်း ပူနွေးစပြုလာပါပြီ။ ဒီအခါ ပျိုမေတို့ မိတ်ကပ်လိမ်းတဲ့အခါ ရာသီဥတုပူတာကြောင့် ချွေးပြန်ပြီးကွက်တာ၊ ပျက်တာ၊ တာရှည်မခံတာတွေကြုံတွေ့ရနိုင်ပါတယ်။ ဒီအတွက် ပူပြင်းတဲ့ရာသီဥတုဒဏ်ကို အံတုပြီး လှနိုင်ဖို့ Makeup Tips တွေကို ရေးပေးလိုက်ပါတယ်။

Step – 1

ရာသီဥတုက ပူလာပြီဖြစ်တာ ကြောင့် Oil-free products တွေ ကို အဓိက သုံးဖို့လိုလာပြီဖြစ်ပါတယ်။ ဒီအ တွက် မိတ်ကပ်မလိမ်းခင် Base အတွက် Oil-free moisturizer ကို လိမ်းပါ။ ရာသီ ဥတုပူတာကြောင့် အစိုဓာတ်ထိန်းခရင်မ်လိမ်း ဖို့မလိုအပ်ဘူးလို့မထင်ပါနဲ့။ ပူပြင်းတာကြောင့် အရေပြားက အစိုဓာတ်ပိုလိုအပ်ပါတယ်။ ဒါ ပေမဲ့ Oil-free ကို ရွေးပေးပါ။ အစိုဓာတ်ထိန်း ခရင်မ် Oil-free moisturizer လိမ်းပြီးရင် Primer လိမ်းပါ။

Step – 2

မိတ်ကပ်တွေကွက်တာ၊ ပျံ့တာ တွေမဖြစ်ချင်ဘူးဆိုရင် နည်းနည်းပဲလိမ်းဖို့ အကြံပေးချင်ပါတယ်။ ရာသီဥတုပူလေ မိတ် ကပ်တွေက ပျံ့လွယ်လေဖြစ်ပါတယ်။ အပြောင် တွေပါတဲ့ မိတ်ကပ်ခရင်မ်တွေမလိမ်းပါနဲ့၊ ရာ သီဥတုပူလို့ ချွေးပြန်ပြီး မျက်နှာအဆီတဝင်း ဝင်းဖြစ်တာရယ်၊ မိတ်ကပ်က အပြောင်နဲ့ဆိုရင် အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် လိုအပ်တဲ့နေ ရာလောက်ကိုပဲ Sweat-proof foundations ဒါမှမဟုတ် Concealer ကို အသုံးပြုပါ။ အထူ ကြီး မလိမ်းပါနဲ့။

Step – 3

Dewy Look တွေ Glow Look တွေကို ပူနွေးတဲ့ ရာသီဥတုမှာတော့ နားထား လိုက်ပါ။ Highlighter တွေ မသုံးပါနဲ့။ Bronzer ကိုတော့ မျက်နှာကျဖော်ဖို့ Shading အတွက် လိုအပ်သလောက်ပဲ ခပ်ပါးပါးအသုံး ပြုပါ။

Step – 4

အိုင်းရှဲဒိုးတွေ အထူကြီးခြယ်သ တာမျိုးလည်း မလုပ်ပါနဲ့။ ရာသီဥတုက ပူနွေး တာရယ်၊ အိုင်းရှဲဒိုးကလည်း အရောင်တွေများ နေရင် ကြည့်ရတာနဲ့တင် တော်တော်အိုက်နေ ပါပြီ။ ဒါကြောင့် Smokey Look ဘက်မသွား ဘဲ Smokey Look ဘက်ကိုပဲ ဦးစားပေးပြီး ခြယ်သပေးပါ။ တစ်ခုရှိတာကတော့ မျက်ခွံအ ရစ်ပေါ်ကို ခရင်မ်အိုင်းရှဲဒိုးခြယ်တဲ့အခါ ရာသီ ဥတုပူတာကြောင့် အိုင်းရှဲဒိုးတွေ ပျံ့နိုင်ပါ တယ်။ ဒီအတွက် ခရင်မ်အိုင်းရှဲဒိုးခြယ်ပြီးရင် အပေါ်ကနေ အရောင်မပါတဲ့ Translucent powder ကို တစ်ထပ်ထပ်ပေးပါ။ အိုင်းရှဲဒိုး အမှုန့်ကိုပဲ ခပ်ပါးပါးခြယ်တာကတော့အကောင်း ဆုံးပါ။

Step – 5

နောက်တစ်ဆင့်အနေနဲ့ ပါးနီခြယ် မယ်ပေါ့။ ပူပြင်းတဲ့ရာသီဥတုအတွက် အသင့် တော်ဆုံးပါးနီ Products တွေကတော့ Stains တွေ Gel Type Blush တွေဖြစ်ပါတယ်။ ပေါင် ဒါမှုန့်ပါးနီတွေက ရာသီဥတုပူတာနဲ့ တွေ့တဲ့ အခါ ကွက်တတ်ပါတယ်။ Stains တွေ Gels တွေ ဖော်မြူလာနဲ့ထုတ်ထားတဲ့ ပါးနီတွေက တော့ အလွယ်တကူ မပျံ့သလို၊ တာရှည်လည်း ခံပါတယ်။

Step – 6

နှုတ်ခမ်းနီအမျိုးအစားရွေးတဲ့အခါ မှာ ပူတဲ့ရာသီဥတုအတွက် Heavy Matte Lip­sticks တွေက မလိုက်ဖက်ပါဘူး။ ဒီအ စား Gloss နဲ့ Stains အမျိုးအစားတွေကိုရွေး ချယ်ပါ။ Stains တွေက နှုတ်ခမ်းမခြောက်ဘူး လားဆိုရင် သူ့ကိုရွေးရတဲ့အချက်က မပျံ့လို့ပါ၊ နှုတ်ခမ်းမခြောက်ဖို့အတွက် သူ့အပေါ်ကနေ Lip Balm ကို ထပ်ဆိုးပေးပါ၊ Stains က အ ရောင်မပျက်သွားသလို ပျံ့သွားမှာလည်း မဟုတ် ပါဘူး။

Darliko

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *