အဖိုးတန်တဲ့ အချိန်ဆိုတာ

မြန်မာစကားပုံမှာ ““အချိန်နှင့် ဒီရေ သည် လူကိုမစောင့်”” ဆိုပြီး ရှိပါတယ်။ အချိန်က ချမ်းသာသူမို့၊ ဆင်းရဲသူမို့၊ နေမကောင်းသူမို့ဆိုပြီး ဘယ်သူ့ကိုမှ မျက်နှာလိုက်လေ့မရှိပါဘူး။ လူတိုင်းရဲ့ ဘ၀မှာ အချိန်အကန့်အသတ်ရှိပါတယ်။ ဒါကိုလည်း လူတိုင်းသိကြပေမယ့် တစ်ခါ တလေမှာ မျက်ကွယ်ပြုနေကြပါတယ်။ အချိန်ကို အကျိုးရှိရှိ အသုံးချဖို့ကို ခဏ ခဏ ကြားဖူးပေမယ့် သတိထားမိတဲ့အ ချိန်မှာ ဘာမှ အကျိုးမရှိတဲ့အရာတွေ လုပ်မိနေတတ်ပါတယ်။
ပိုက်ဆံနဲ့ပေးမ၀ယ်ရတဲ့အတွက် အ ချိန်ကို ပေါ့ပေါ့ဆဆလျစ်လျူရှုခဲ့မယ်ဆို ရင် တစ်ချိန်မှာ ပိုက်ဆံဘယ်လောက်ပဲ ပေးပေး ပြန်မရနိုင်တော့တဲ့ အချိန်တွေ ရှိလာနိုင်တယ်ဆိုတာကိုလည်း သတိပြုရ ပါမယ်။ ဥပမာ – တစ်နေ့ကို ငါးထောင် စုမယ်ဆိုရင် တစ်နှစ်ကို ၁၈၂၅၀၀၀ ကျပ် စုမိမှာဖြစ်ပါတယ်။ တစ်နေ့ကို အချိန် ဆယ်မိနစ်စုမယ်ဆိုရင် တစ်နှစ်ကို နာရီ ၆၀ စုမိမှာဖြစ်ပါတယ်။
ငွေတစ်ဆယ့်ရှစ်သိန်းနဲ့ နာရီ ၆၀ ဘယ် ဟာယူမလဲဆိုရင် အများစုကတော့ ငွေ တစ်ဆယ့်ရှစ်သိန်းကိုပဲ ရွေးကြမှာပါ။ ဒါ ပေမဲ့ ဆုံးရှုံးသွားတဲ့ငွေကို ပြန်ရှာလို့ရပေ မယ့် ဆုံးရှုံးသွားတဲ့အချိန်ကိုတော့ ပြန် မရနိုင်တော့ပါဘူး။ ဒါကြောင့် စက်္ကန့်တိုင်း၊ မိနစ်တိုင်းကို အသိ၊ သတိရှိနေဖို့နဲ့ အ ချိန် မဖြုန်းမိစေဖို့ လိုပါတယ်။
သင့်ဘ၀အချိန်ရဲ့တန်ဖိုးကို သင်ပဲ ဆုံးဖြတ်တာဖြစ်ပါတယ်။ ဘယ်သူကမှ လာပြီး ဆုံးဖြတ်လို့ မရပါဘူး။ ဘ၀အ တွက် တန်ဖိုးရှိတဲ့ အရာတွေအတွက် အ ချိန်ကို အကျိုးရှိရှိ အသုံးချမယ်ဆိုရင် သင် ရဲ့အချိန်တန်ဖိုးက တက်နေမှာဖြစ်ပါ တယ်။ ဘ၀ဆိုတာကတော့ အတွေ့အ ကြုံသစ်တွေတန်းစီနေမှာဖြစ်ပြီး ဒါတွေ ကနေလေ့လာသင်ယူဖို့ အချိန်နဲ့ အလဲ အလှယ်လုပ်ရပါတယ်။
အချိန်သာမရှိဘူးဆိုရင် လောက ကြီးမှာ ရှိသမျှအရာအားလုံးဟာ အဓိ ပ္ပာယ်မဲ့သွားမှာဖြစ်ပါတယ်။ ဥပမာ- သင် ဟာ ဘီလျံနာတစ်ဦးဖြစ်တယ်ဆိုရင် တောင် သင့်မှာ အချိန်တစ်နာရီပဲ အ သက်ရှင်ခွင့်ရတော့မယ်ဆိုရင် ဘီလျံနာ ဆိုတာ ဘာမှ အဓိပ္ပာယ်မရှိတော့ပါဘူး။ လူအတော်များများ ငွေရေးကြေးရေး လျော့နည်းသွားတာ၊ များလာတာကို သတိထား မိတတ်ကြပေမယ့် အချိန်တွေ တရွေ့ရွေ့ကုန်နေတာကိုတော့ သတိမ ထားမိတတ်ကြပါဘူး။
သင်ဟာလမ်းပေါ်မှာ တစ်သိန်းအုပ် ကျကျန်ခဲ့တယ်ဆိုရင် နောက်ပြန်လှည့် ပြီး သွားကောက်မှာသေချာပါတယ်။ ဒါ ပေမဲ့ မိနစ်တစ်သိန်းဖြုန်းလိုက်မိတာကို တော့ သတိမထားမိတတ်ကြပါဘူး။ လူ တိုင်းအတွက် အချိန်အကန့်အသတ်ရှိ တယ်ဆိုတာကို သိနေပေမယ့် မသိချင် ယောင်ဆောင်နေမိတတ်ပါတယ်။ သင့် မှာ သုံးဖို့ငွေတစ်သိန်းရှိတာကို ဆယ် သိန်းလောက်သုံးနေမယ်ဆိုရင် မကြာခင် မှာ အသုံးနဲ့အဖြုန်းမကိုက်လို့ ငွေရေး ကြေးရေးမှာ အခက်အခဲကြုံလာရနိုင် သလို အချိန်ကိုသတိမထားဘဲဖြုန်းနေမိ မယ်ဆိုရင် ဒီထက်ပိုဆိုးတဲ့ အခက်အခဲ တွေ ကြုံလာရနိုင်တယ်ဆိုတာ သတိပြုဖို့ လိုပါတယ်။
အချိန်ရဲ့တန်ဖိုးကို မြင်အောင်ကြည့် တတ်ဖို့လည်း လိုပါတယ်။ တစ်နေ့မှာ ၂၄ နာရီရှိပါတယ်၊ နိုင်ငံတိုင်း ဘယ်နိုင်ငံမှာ မဆို လူတိုင်းအတွက် တစ်နေ့မှာ ၂၄ နာ ရီ အချိန်ရပါတယ်။ တစ်နာရီမှာ မိနစ် ၆၀ ရှိပြီးတော့ တစ်မိနစ်မှာ စက္ကန့်ပေါင်း ၆၀ ရှိပါတယ်။ တချို့လူတွေရဲ့ သက်တမ်းက ရှည်ပြီးတော့ တချို့လူတွေရဲ့ သက်တမ်း က တိုပါတယ်။ သင်ဟာ ကံကောင်းတဲ့ လူစာရင်းထဲမှာပါတယ်ဆိုရင် အသက် ၇၅ – ၈၅ နှစ်လောက်ထိ ကျန်းမာနေ နိုင်ပါတယ်။ ဒီထဲမှာ ဘယ်နှနှစ်က သင် ချစ်တဲ့သူတွေနဲ့ အတူရှိနိုင်မလဲ၊ ဘယ်နှ နှစ် ပိုက်ဆံရှာရမလဲဆိုတာ သတိထား သင့်ပါတယ်။ တချို့လူတွေကျတော့ သေ ရမှာကိုမေ့နေပြီး မသေတော့တဲ့အတိုင်း လောဘ၊ မောဟ၊ ဒေါသတွေနဲ့ အချိန် ဖြုန်းနေဖို့မသင့်ပါဘူး။ အချိန်ကို ဘယ် လိုအသုံးချတယ်ဆိုတာက အချိန်ရဲ့တန် ဖိုးကိုမြင့်စေပြီး ဘ၀တန်ဖိုးလည်း အလို လို မြင့်တက်လာမှာ ဖြစ်ပါတယ်။

◘ ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *