အမာရွတ်တွေကြောင့် စိတ်ညစ်နေလား

အမာရွတ်တွေက မတော်တဆ ထိခိုက်မှု တွေ၊ ခွဲစိတ်ဒဏ်ရာတွေကြောင့် ရတာများပါတယ်။ ပျက်စီးသွားတဲ့ အရေပြားကို ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ် စဉ်က သဘာဝအလျောက်ထုတ်တဲ့ ကိုလာဂျင် အမျှင်တွေနဲ့ ပြန်လည်ပြုပြင်တဲ့အခါ ဒဏ်ရာကြီး ရင် ကြီးသလောက် အမာရွတ်ပိုကြီးကြီး ထင်ကျန် တတ်ပါတယ်။ အနာလုံးဝကျက်သွားပြီဆိုရင် အမာရွတ် ကျန်ခဲ့တာပါ၊ ဒါက သဘာဝပါပဲ။
ခန္ဓာကိုယ်က ကိုလာဂျင်ထုတ်လုပ်မှုများရင် အမာရွတ်က ဖောင်းဖောင်းကြွကြွဖြစ်နေတတ်ပါ တယ်။ သူတို့ကို Hypertrophic Scars ဒါမှမ ဟုတ် Keloid Scars လို့ ခေါ်ပါတယ်။ တချို့ချိုင့် ဝင်နေတဲ့အမာရွတ်တွေကတော့ အရေပြားအောက် မှာ ထောက်ပံ့ပေးထားတဲ့ ကြွက်သားသော်လည်း ကောင်း အဆီတစ်သျှူးသော်လည်းကောင်း မရှိ လို့ဖြစ်ပါတယ်။
တချို့အမာရွတ်တွေကိုတော့ အကြောပြတ် ရာတွေအနေနဲ့ တွေ့ရတတ်ပါတယ်။ အရေပြားရဲ့ ကျုံ့နိုင်ဆန့်နိုင်အားပေါ် ဖိအားပေးတဲ့အခါမျိုးမှာ အကြောပြတ်တာဖြစ်တတ်ပါတယ်။ ဥပမာ-ကိုယ် ဝန်ဆောင်မိခင်တွေမှာ ဗိုက်ကြောပြတ်တာ၊ အား ကစားသမား Athletes တွေမှာ အရိုးဆက်တဲ့နေရာ နားတစ်ဝိုက်မှာ အကြောပြတ်တာ၊ ကိုယ်အလေး ချိန်အတက်မြန်တဲ့သူတွေနဲ့ ခန္ဓာကိုယ်ကြီးထွားဖွံ့ ဖြိုးမှုအရမ်းမြန်နေတဲ့ ဆယ်ကျော်သက်အရွယ် တွေမှာ အကြောပြတ်တာဖြစ်တတ်ပါတယ်။
အမာရွတ်တွေဖြစ်လာရင် နဂိုအရေပြားအ တိုင်းပြန်ရအောင်၊ လုံးဝပျောက်ကင်းသွားအောင် လုပ်ဖို့မဖြစ်နိုင်ပေမယ့် သက်သာအောင်၊ ကြည့်ရ မဆိုးအောင်၊ အရောင်မှိန်သွားအောင်တော့ လုပ် လို့ရပါတယ်။ ဒီအတွက် အပေါ်ယံအရေပြားအ တွက် လိမ်းတာပြုလုပ်နိုင်သလို ဒီထက် မကျေနပ် သေးရင် ဆာဂျရီလုပ်တာ၊ စတီးရွိုက်ထိုးဆေးသုံး တာ၊ ဆဲလ်သေဖယ်ရှားတဲ့ Dermabrasion နည်း အသုံးပြုတာ၊ လေဆာ Treatment ခံယူတာ၊ Filler ထိုးတာနဲ့ အရေပြားရဲ့ကိုလာဂျင်ထုတ်လုပ် မှုကို နှိုးဆွပေးတဲ့ Microneedling နည်းတွေနဲ့ လုပ်နိုင်ပါတယ်။
ကိုယ်တိုင်လုပ်နိုင်တဲ့ ပထမဆုံး နည်းလမ်းက တော့ အရေပြားအတွက် လိုအပ်တဲ့ အဆီဓာတ်ရဖို့ လိမ်းပေးရမှာပါ။ အမာရွတ်ဖြစ်နိုင်ခြေရှိသူတွေမှာ အမာရွတ်မဖြစ်ခင် ပုံမှန်လိမ်းပေးမယ်ဆိုရင် အမာ ရွတ်ဆိုးဆိုးရွားရွားမဖြစ်အောင် ကာကွယ်ပေးနိုင် သလို လုံးဝ အမာရွတ်မထင်တော့တာမျိုးလည်း ရှိပါတယ်။ အမာရွတ်ရှိပြီးသူတွေမှာဆိုရင်လည်း အဆီကို ပုံမှန်လိမ်းပေးရင် အရေပြားက သူလိုအပ် တဲ့ အဆီဓာတ်ကိုအမြဲရနေပြီး အစိုဓာတ်ထိန်းပေး တာကြောင့် အမာရွတ်တွေထင်းနေတာကို တ ဖြည်းဖြည်း မှိန်သွားစေနိုင်ပါတယ်။ အဓိကကတော့ စွဲစွဲမြဲမြဲနဲ့ ပုံမှန်လိမ်းပေးဖို့လိုပါတယ်။

ထူးဒါလီကိုကို(MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *