အမျိုးသမီးကျန်းမာရေးနှင့်ပတ်သက်ပြီး အယူအဆမှားများ

အမျိုးသမီးတွေက မိမိကျန်းမာရေးထက် မိမိအိမ်သားတွေရဲ့ ကျန်းမာရေးကိုသာ ပိုပြီး ဂရုစိုက်တတ်ကြပါတယ်။ ဒါ့အပြင် သူတို့က ရှေးလူကြီးသူမတွေရဲ့ ပြောစကား တွေ၊ အယူအဆတွေ၊ သူငယ်ချင်းမိတ်ဆွေတွေရဲ့ အကြံပေးစကားတွေ (အထူးသဖြင့် ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားတဲ့နည်းလမ်းတွေ)ကို ယုံကြည်လိုက်နာကျင့်သုံးတတ်ကြ ပါတယ်။ အဲဒီအယူအဆတွေထဲမှာ မှားယွင်းနေတတ်တဲ့အယူအဆတချို့ကို ဖော်ပြ ပေးလိုက်ပါတယ်။

အယူအဆ (၁)
ကိုယ်ဝန်တားဆေး သောက်ဆေးမှာ ဘာဆိုးကျိုးမှ မရှိပါဘူး။
à အမျိုးသမီးတစ်ယောက်အနေနဲ့ ကလေးမယူချင်သေးရင် အလွယ်ဆုံးနည်းလမ်း ကတော့ ကိုယ်ဝန်တား သောက်ဆေးကို မှီဝဲလိုက်ကြတာပဲဖြစ်ပါတယ်။ ဒီတားဆေးမှာ ဆိုးကျိုးတွေ ရှိပါတယ်။ ပျို့တာအန်တာ၊ ခေါင်းကိုက်တာ၊ ဒေါသထွက်လွယ်တာ၊ ရာသီသွေးမမှန်တာတွေလိုမျိုး အပယိကဝေဒနာတွေဖြစ်ပေါ်နိုင်ပါတယ်။ ဝက်ခြံပေါက် တာ၊ သွေးတိုးတာ၊ သွေးတွင်းသ ကြားဓာတ်မြင့်တက်တာလိုမျိုး ပြဿနာတွေလည်း ဖြစ်လာနိုင်ပြီး အဲဒီလိုဖြစ်လာရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါပြီ။

အယူအဆ (၂)
သန္ဓေတားဆေးအသုံးပြုနေစဉ်မှာ ကိုယ်ဝန်မရရှိနိုင်ပါဘူး။

ကျွမ်းကျင်သူတွေရဲ့ အဆိုအရ သန္ဓေတားဆေးအသုံးပြုနေစဉ်အတွင်းမှာ လည်း ကိုယ်ဝန်ရရှိနိုင်တယ်လို့ သိရပါတယ်။ တားဆေးတစ်လုံး၊ နှစ်လုံးသောက်ဖို့ မေ့ကျန်နေတာကြောင့် ဖြစ်နိုင်သလို နောက်တစ်ကတ်ဆက်သောက်ဖို့ မေ့နေတာ ကြောင့်လည်း ကိုယ်ဝန်ရရှိသွားတာဖြစ်ပါတယ်။ သန္ဓေတားသောက်ဆေးအသုံး ပြုသူတွေအနေနဲ့ အချိန်တစ်ခုသတ်မှတ်ပြီး နေ့စဉ်နေ့တိုင်း အဲဒီအချိန်မှာ ဆေးမှန် မှန်သောက်သင့်ပါတယ်။ သန္ဓေတားဆေးကို ဖြတ်လိုက်ပြီးနောက်ပိုင်းမှာ ကလေးမရ နိုင်ဘူးလို့ ယူဆပြောဆိုနေကြပေမယ့် အမှန်မှာတော့ ဆေးဖြတ်ပြီး တစ်လအတွင်းမှာ ကိုယ်ဝန်ရရှိသွားတဲ့ အမျိုးသမီးတွေလည်း အများကြီးရှိတယ်လို့ သိရပါတယ်။

အယူအဆ (၃)
တစ်ကိုယ်ရေသန့်ရှင်းမှုမကောင်းတာကြောင့် ရောဂါပိုးမျိုးစုံ ကူးစက်နိုင်ပါတယ်။
à အမျိုးသမီးတွေရဲ့ မျိုးပွားအင်္ဂါဟာ ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ဖျက်ဆီးပြီး လူ့အကျိုးပြုဘက်တီးရီးယားတွေ ရှင်သန်ဖို့အတွက် အထူးစီမံထားပါ တယ်။ ဒါပေမဲ့လည်း ဒီအကျိုးကျေးဇူးတွေရရှိဖို့အတွက် ခန္ဓာကိုယ်အတွင်း စံ ညီ မျှဖို့ လိုအပ်ပါတယ်။ စံ ၅ ထက် လျော့နည်းတဲ့ ဆပ်ပြာကို အသုံးပြုတာက ရောဂါ ပိုးတွေ မဝင်ရောက်အောင် ကာကွယ်ဖို့အတွက် အကောင်းဆုံးပါ။

အယူအဆ (၄)
ကိုယ်ဝန်ပျက်ကျနိုင်ခြေက နည်းပါတယ်။
ကိုယ်ဝန်ပျက်ကျနိုင်ခြေနည်းတယ်ဆိုတာက အယူအဆမှားပါ။ သုတေသနပြု လုပ်ချက်အများအပြားအရ ကိုယ်ဝန်ဆောင်တွေရဲ့ ၁၅ ရာခိုင်နှုန်းက ကိုယ်ဝန်ပျက် ကျတတ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်နေစဉ်ကာလမှာ ကျန်း မာရေးကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။

အယူအဆ (၅)
ဓမ္မတာလာစဉ် ကိုက်ခဲတဲ့ဝေဒနာအတွက် ဘာမှ မပြုလုပ်နိုင်ပါဘူး။
ဓမ္မတာလာတဲ့အခါမှာ ခါးကိုက်တာ၊ ဗိုက်အောင့်တာ၊ မောပန်းတာတွေ ခံစားရ တတ်ပါတယ်။ အဲဒီလိုဖြစ်လာရင် ဆီးစပ်နေရာမှာ ရေနွေးအိတ်ကပ်ပေးတာ၊ အရက် နဲ့ ကော်ဖီကို ရှောင်ကြဉ်တာ၊ အနားယူတာတွေ ပြုလုပ်ရင် သက်သာသွားနိုင်ပါတယ်။ အကယ်၍များ သားအိမ်ထဲက အမြှေးပါးတွေက သားအိမ်ထဲမှာ မနေဘဲ အပြင်ကို ရောက်နေခဲ့ရင်တော့ ဓမ္မတာလာစဉ်မှာ အလွန်အမင်းကိုက်ခဲတဲ့ဝေဒနာခံစားရနိုင်ပါ တယ်။ အဲဒီလိုဖြစ်လာရင် ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါပြီ။

အယူအဆ (၆)
ကိုယ်ဝန်ဆောင်ပြီး၊ မီးဖွားပြီးနောက်ပိုင်းမှာ ဓမ္မတာလာစဉ်ကိုက်ခဲတဲ့ဝေဒနာ ပျောက်ကင်းသွားနိုင်ပါတယ်။
ဒီအယူအဆကတော့ လူသိများပါတယ်။ ဒါပေမဲ့ တချို့အမျိုးသမီးတွေက ကိုယ် ဝန်ဆောင်ပြီး ကလေးမွေးထားပေမယ့် အပျိုတုန်းကအတိုင်း ဓမ္မတာလာစဉ်မှာ ကိုက် ခဲတတ်ပါတယ်။

အယူအဆ (၇)
ဒုတိယကိုယ်ဝန်က ပထမကိုယ်ဝန်နဲ့ ခံစားရတာချင်း တူညီပါတယ်။
အမှန်မှာ ဒုတိယကိုယ်ဝန်လွယ်ထားစဉ်မှာ မိခင်တွေအနေနဲ့ အတွေ့အကြုံတွေ အများကြီး ရင့်ကျက်နေပါပြီ။ ပထမအကြိမ်ကိုယ်ဝန်ဆောင်တာနဲ့ ဒုတိယအကြိမ် ကိုယ်ဝန်ဆောင်တာက ကွာခြားမှုတွေက အလွန်များပြားသွားပါပြီ။

အယူအဆ (၈)
Tampon သုံးပြီး အိပ်တာက လုံးဝလုံခြုံစိတ်ချရပါတယ်။
Tampon အသုံးပြုထားပြီး ရှစ်နာရီထက် ပိုကြာအောင် အိပ်စက်ရင် အန္တရာယ် အလွန်များပါတယ်။ Tသထငခ Shသခု Sပညိမသာန ရရှိနိုင်ပါတယ်။

အယူအဆ (၉)
အသက်အရွယ်ကြီးရင့်မှုနဲ့ Sunbathing က ဆက်စပ်မှုမရှိပါဘူး။
Sunbathing ပြုလုပ်တာက နေရောင်ခြည်မှာ များစွာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်တွေကြောင့် အသက် အရွယ်မရွေး ဒုက္ခပေးနိုင်ပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့မှုရှိတိုင်း Sကညျခမနနည ကို လိမ်းထားပေးဖို့ လိုအပ်ပါတယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *