အမျိုးသမီးတိုင်း သိထားသင့်သည့် မိတ်ကပ်လိမ်းနည်းအမှားများ

အခုလို နည်းပညာထွန်းကားလာတဲ့ ခေတ်ကြီးထဲမှာ Skincare တွေ၊ မိတ်ကပ်တွေက အမည်မျိုးစုံ၊ ပုံသဏ္ဌာန်မျိုးစုံနဲ့ ထွက်ပေါ်နေကြပါတယ်။ အမျိုးသမီးတွေကလည်း မိမိကိုယ်မိမိလှလှပပဖြစ်စေဖို့ လူတွေကြားထဲမှာ ကြည့်ကောင်းနေစေဖို့ အတွက် ခေတ်ပေါ်မိတ်ကပ်တွေ လိမ်းခြယ်သပြီးမှသာ အပြင်ထွက်လေ့ရှိကြပါတယ်။ မိတ်ကပ်လိမ်းလိုက်လို့ နဂိုရှိတဲ့ရုပ်ရည် ထက် အများကြီးပိုလှသွားသူတွေရှိသလို မိတ်ကပ်လိမ်းလိုက်တာကြောင့် နဂိုရှိပြီးသားအလှပျက်ပြီး အကြည့်ရဆိုးသူတွေလည်း ရှိကြပါတယ်။ ဒါကြောင့် အမျိုးသမီးအများစုအတွက် ရည်ရွယ်ပြီး မိတ်ကပ်လိမ်းခြယ်နည်း အမှားတွေကို ရှောင်ရှားနိုင်ဖို့ ဖော်ပြ ပေးလိုက်ပါတယ် . . .

မိတ်ကပ်လိမ်းတာက အိုင်းရှဲဒိုး လိမ်းတာ ဒါမှမဟုတ် ပါးနီဆိုးတာထက် ပိုမိုပြီးအရေးကြီးပါတယ်။ သင့်အသား အရေအရောင်နဲ့ လိုက်ဖက်တဲ့ မိတ်ကပ် ကို လိမ်းထားရင်တောင် မိတ်ကပ်ကို သေချာမညှိရင် မိတ်ကပ်ကွက်ပြီး သဘာ ၀အသားအရေအတိုင်း ထွက်ပေါ်လာမှာ မဟုတ်တော့ပါဘူး။

ကွန်ဆယ်လာသုံးနည်းမမှန်ကန်ခြင်း
ကွန်ဆယ်လာကို မိတ်ကပ်ဖောင် ဒေးရှင်းလိမ်းပြီးမှသာ အသုံးပြုသင့် ပါတယ်။ သူ့ကို အသုံးပြုရာမှာ အောက်ပါ တို့ကို သတိထားပါ။

– သင်ဖုံးကွယ်ချင်တဲ့အစိတ်အပိုင်းကို ကွန်ဆယ်လာပမာဏအများကြီး အ သုံးမပြုပါနဲ့။ မျက်ကွင်းညိုတဲ့နေရာမှာ ကွန်ဆယ်လာများများသုံးမိရင် ပိုမိုအိုမင်း ရင့်ရော်ပုံပေါက်သွားနိုင်ပါတယ်။ မျက် ကွင်းညိုတာကို ဖျောက်ဖို့အတွက် ကွန် ဆယ်လာအနည်းငယ်ကို မျက်လုံး အောက်က အရိုးပေါ်မှာလိမ်းပြီး သေချာ ညှိပါ။ မျက်ကွင်းညိုတဲ့နေရာပေါ်မှာ တိုက်ရိုက်မလိမ်းပါနဲ့။ နောက်တစ်နည်း အနေနဲ့ ကွန်ဆယ်လာအနည်းငယ်လိမ်း ပြီး ခြောက်သွေ့သွားမှ ပေါင်ဒါအနည်း ငယ်တို့ကာ နောက်တစ်ထပ် ထပ်မံလိမ်း တဲ့နည်းလမ်းပါ။
– ကွန်ဆယ်လာတစ်မျိုးတည်းကို နေ ရာတကာမှာ အသုံးပြုလို့ မရပါဘူး။ ကွန် ဆယ်လာကို အရောင်မျိုးစုံရရှိနိုင်ပြီး တစ်မျိုးစီအတွက် အသုံးဝင်ပုံတွေရှိကြ ပါတယ်။ မက်မွန်သီးရောင်ကွန်ဆယ်လာက မျက်ကွင်းညိုတာအတွက် အသုံးဝင်ပြီး အစိမ်းရောင်ကွန်ဆယ်လာက ဝက်ခြံနဲ့ တင်းတိပ်တွေကို ဖုံးဖို့အတွက် အသုံးဝင် ပါတယ်။ အရေပြားနေရာ အတော်များ များ အတွက်ဆိုရင် အဝါရောင်ကွန်ဆယ် လာကို အသုံးပြုပါ။

ဖောင်ဒေးရှင်းများလွန်းခြင်း
ဖောင်ဒေးရှင်းများလွန်းတာက သင့် မျက်နှာကို အကြည့်ရဆိုးစေနိုင်ပါတယ်။ မိတ်ကပ်မျက်နှာဖြစ်ပြီး လူရွှင်တော်ရုပ် ပေါက်နေနိုင်ပါတယ်။ ဒါ့အပြင် သင်ရဲ့ အရေပြားအရောင်နဲ့ လိုက်ဖက်တဲ့ ဖောင် ဒေးရှင်းအရောင်ကို ရွေးချယ်ရပါမယ်။ သင့်အရေပြားအရောင်ထက် တစ်ဆင့် ကျတာကို ရွေးချယ်မယ်ဆိုရင် သင့်မျက် နှာပေါ်မှာရှိနေတဲ့ အရေးကြောင်းတွေ၊ တင်းတိပ်တွေ ပိုမိုထင်သာမြင်သာရှိလာ နိုင်ပါတယ်။ ဖောင်ဒေးရှင်းလိမ်းပြီးရင် သေချာညှိဖို့လည်း မမေ့ပါနဲ့။ သင့်နား ရွက်တွေ၊ လည်ပင်းတွေကိုလည်း မျက် နှာနဲ့ တစ်ထပ်တည်းကျအောင် ဖောင် ဒေးရှင်းလိမ်းရပါမယ်။

မျက်ခုံးမွေးကြောင့် အလှပျက်နိုင်ခြင်း
မျက်ခုံးအလှက လူတစ်ယောက်ရဲ့ အလှကို ပေါ်လွင်နိုင်ပါတယ်။ မျက်ခုံး သေသေသပ်သပ်ရှိတာက သင့်မျက်လုံး ကို ပိုမိုလှပစေနိုင်ပါတယ်။ သင့်မျက်ခုံး က ထူထပ်နေပြီး မညီမညာဖြစ်နေရင် သပ်သပ်ရပ်ရပ်ဖြစ်အောင် ပုံဖော်ပေးပါ။ အသက်ကြီးလာတာနဲ့အမျှ မျက်ခုံးမွေး ပါးသွားနိုင်တဲ့အတွက် မျက်ခုံးမွေးဆွဲတာ မျက်ခုံးတက်တူထိုးတာမျိုးတွေ ပြုလုပ် ပေးပါ။
မျက်ခုံးမွေးဆွဲတံကို အသုံးပြုမယ့် အစား အရောင်ရင့် နပန မြသတည Sha­dသတ တွေကိုရွေးချယ်ရင် ပိုမိုကောင်းမွန် နိုင်ပါတယ်။ အညိုရောင်ကို အသုံးပြုတာ က အနက်ရောင်ကို အသုံးပြုတာထက် ပိုပြီး သဘာဝဆန်နိုင်ပါတယ်။

မျက်ခွံပေါ်တွင် ပြောင်ပြောင် လက်လက်များ အသုံးပြုများလွန်းခြင်း
ပြောင်ပြောင်လက်လက် အိုင်းရှဲဒိုး တွေက လူကို ဆွဲဆောင်မှုအလွန်ရှိနိုင် ပေမယ့် မျက်ခွံတစ်ခုလုံးပြည့်အောင် သုံးထားမယ်ဆိုရင် ကြည့်ရဆိုးသွားနိုင်ပါ တယ်။ မျက်လုံးရဲ့ အတွင်းဘက်နေရာမှာ သာ အသုံးပြုသင့်ပြီး ကျန်နေရာတွေ အားလုံးကို အပြောင်အလက်မပါတဲ့ အိုင်းရှဲဒိုးကို အသုံးပြုပါ။ သင်ရဲ့အသား အရေထက် အရောင်ပိုရင့်တဲ့အိုင်းရှဲဒိုး ကို အသုံးပြုတာက သင်ရဲ့ မျက်လုံးအ လှကို ပိုမိုပေါ်လွင်စေနိုင်ပါတယ်။

အိုင်းလိုင်နာအသုံးပြုနည်းမှားယွင်းခြင်း
သင့်အသားအရေက အညိုဘက် သန်းနေပါမှ အိုင်းလိုင်နာ အနက်ရောင် ကို အသုံးပြုသင့်ပါတယ်။ မျက်ဝန်းပြာ ရှိသူတွေ၊ ဆံပင်ရွှေရောင်ရှိသူတွေအနေ နဲ့ အနက်ရောင်အိုင်းလိုင်နာကို အသုံး မပြုသင့်ပါဘူး။ အသားဖြူသူတွေအနေ နဲ့ အညိုရောင်အိုင်းလိုင်နာကိုသာ အသုံး ပြုသင့်ပါတယ်။

မျက်တောင်ကော့ဆေး အသုံးပြုနည်း မှားယွင်းခြင်း

သင်ရဲ့ မျက်ခုံးအရောင်ထက် နှစ် ရောင်ရင့်တဲ့ မျက်တောင်ကော့ဆေးကို အသုံးပြုသင့်ပါတယ်။ မျက်တောင်ကော့ ဆေးကို နှစ်ထပ်ထက်ပိုပြီးအသုံးမပြုသင့် ပါဘူး။ သုံးလေးလလောက် သင့်လက်ထဲ မှာ ရှိနေတဲ့ မျက်တောင်ကော့ဆေးကို လည်း အသုံးမပြုသင့်တော့ပါဘူး။ အောက် မျက်တောင်အတွက် မျက်တောင်ကော့ ဆေးကို အသုံးပြုမယ်ဆိုရင် အပေါ်မျက် တောင်မှာ အသုံးပြုတဲ့အတိုင်း ကွေးပြီး မဆွဲဘဲ ဒေါင်လိုက်ဆွဲ ချပေးရပါမယ်။ ရေစိုခံတဲ့ မျက်တောင်ကော့ဆေးတွေကို အသုံးပြုရင်လည်း ဖျက်ရခက်လွန်းတာ ကြောင့် မျက်တောင်ကျွတ်နိုင်ပါတယ်။

Bronzer အသုံးပြုနည်းမှားခြင်း
Bronzer တွေကို မျက်နှာတစ်ခု လုံးပေါ်မှာ မလိမ်းခြယ်ရပါဘူး။ သင့်န ဖူးထိပ်၊ ပါးရိုးနဲ့ မေးရိုးတစ်လျှောက်မှာသာ လိမ်းခြယ်ရပါမယ်။ သင့်လိမ်းနည်းမှန် ကန်ရင် မျက်နှာတစ်ဖက်စီပေါ်မှာ အင်္ဂ လိပ်ဂဏန်း ဓ၃ဓ ကို ရေးတဲ့အတိုင်း ဆွဲ မိသွားပါလိမ့်မယ်။


နှုတ်ခမ်းပုံဖော်နည်း မှားယွင်းခြင်း
Lip Liner ကို အသုံးပြုတာက နှုတ်ခမ်းဆိုးဆေးတွေ နှုတ်ခမ်းအပြင် ဘက်မရောက်အောင် တားလိုက်တဲ့ သဘောပါ။ နှုတ်ခမ်းနီအရောင်ဖျော့ဖျော့ ဆိုးထားပြီး Lip Liner အရောင်ရင့်ရင့် အသုံးပြုတာက အလွန်ကြည့်ရဆိုးစေပါ တယ်။ နှုတ်ခမ်းပုံပေါ်လာဖို့အတွက် နှုတ် ခမ်းသားအပြင်ဘက်မှာ လိုင်းပါးပါးထည့် တာကလည်း အလွန်မှားယွင်းပါတယ်။ နှုတ်ခမ်းနီနဲ့ Lip Liner ကို ဘူနညိ ကောင်းကောင်းလုပ်နိုင်မှ လှပတဲ့နှုတ် ခမ်းပုံစံလေး ထွက်လာမှာပါ။
နှုတ်ခမ်းအနားသားတစ်လျှောက် Lip Liner ကို အရင်ဆွဲပြီးမှ သူ့အ ရောင်နဲ့တစ်ထပ်တည်းကျတဲ့ နှုတ်ခမ်းနီ ကို ဆိုးလိုက်ပါ။

နှုတ်ခမ်းနီအရောင်ရွေးချယ်မှုမှားယွင်းခြင်း
နှုတ်ခမ်းနီအရောင်ကြောင့် သင်က ပိုမိုလှပသွားနိုင်သလို ပိုလည်း ရုပ်ဆိုး သွားနိုင်ပါတယ်။ သင့်အသားအရေနဲ့ လိုက်ဖက်တဲ့ နှုတ်ခမ်းနီအရောင်ကို ရွေး ချယ်ပါ။ နှုတ်ခမ်းနီအရောင်ရင့်ရင့်ဆိုး တာက သင့်ကို အရွယ်အိုမင်းသယောင် ထင်ရစေပါတယ်။ နှုတ်ခမ်းနီအရောင်ရင့် ရင့်ဆိုးချင်ရင် သင်လိမ်းတဲ့မိတ်ကပ်အ ရောင်က ဖျော့နေရပါမယ်။

မျက်နှာလိမ်းပေါင်ဒါအသုံးပြုမှုမှားယွင်းခြင်း

မျက်နှာလိမ်းပေါင်ဒါကို မိတ်ကပ် တွေအားလုံးလိမ်းခြယ်ပြီးတဲ့အခါမှာ မိတ်ကပ်သားဝပ်ပြီး တောက်ပနေဖို့အ တွက် အသုံးပြုကြပါတယ်။ ဒါပေမဲ့ မျက် နှာလိမ်းပေါင်ဒါက သင့်မှာရှိနေတဲ့အရေး ကြောင်းတွေ၊ အတွန့်အခေါက်တွေကို ပိုမိုပေါ်လွင်စေတဲ့အတွက် အသက်ကြီး သူတွေအသုံးမပြုသင့်ပါဘူး။ T ဇသညန နေရာမှာသာ အသုံးပြုသင့်ပါတယ်။

ပါးနီခြယ်သမှုမှားယွင်းခြင်း

ပါးနီလိမ်းတာများလွန်းရင်လည်း လူရွှင်တော်ပုံစံပေါက်သွားနိုင်ပါတယ်။ ပါးရိုးတစ်လျှောက် ပါးနီတင်ချင်ရင် ဖောင်ဒေးရှင်းအမြဲလိမ်းရပါတယ်။ ပြီးရင် မိတ်ကပ်ဘရပ်ရှ်နဲ့ ပိုလျှံနေတဲ့ ပါးနီတွေ ကို ဖယ်ရှားလိုက်ပါ။

Highlightပေးသည့်နေရာမှားယွင်းခြင်း

အိုင်းရှဲဒိုးလိမ်းခြယ်ရာမှာ အရောင် တစ်မျိုးတည်းကို မျက်ခွံတစ်ခုလုံးမဆိုး သင့်ပါဘူး။ မျက်ခွံရိုးပေါ်လွင်အောင် အသုံးပြုပေးရပါမယ်။ ရွှေရောင် ဒါမှ မဟုတ် ငွေရောင် Highlight တွေက နေရောင်ရှိတဲ့နေရာတွေမှာ အလွန်ပေါ် လွင်နိုင်ပါတယ်။

Dry Shampoo အသုံးပြုခြင်း

Dry Shampoo ကို အသုံးပြုတာ က ဦးရေပြားပေါ်မှာရှိတဲ့အဆီတွေကို စုပ်ယူမှုအားကောင်းနိုင်ပါတယ်။ အသုံး မပြုတတ်သူတွေအတွက် ပြုလုပ်နိုင်တဲ့ နည်းလမ်းကို ဖော်ပြပေးလိုက်ပါတယ်။
–  ပေါင်ဒါမှုန့်က အဆီကိုစုပ်ယူနိုင်တဲ့ အချိန်အထိ စောင့်ဆိုင်းပါ။
–  ခေါင်းလျှော်ပြီးပြီးချင်း Dry Shampoo ကို အသုံးပြုပါ။ ခေါင်းလျှော်ပြီး ချက်ချင်းအသုံးပြုတာကသင့်ဆံသား တွေ အချိန်အကြာကြီး သန့်ရှင်းသန့် စင်နိုင်ပါတယ်။
– ဦးရေပြားနဲ့ကပ်ပြီး Dry Shampoo ကိုမဖျန်းပါနဲ့။ အနည်းဆုံး ခြောက် လက်မအကွာကနေ ဖျန်းပေးပါ။
– Dry Shampoo တစ်ကြိမ် ဒါမှမ ဟုတ် နှစ်ကြိမ် အသုံးပြုပြီးရင်ခေါင်း ပြန်လျှော်ဖို့လိုအပ်ပါတယ်။ သူ့မှာ ပါ ဝင်တဲ့ ဓာတုပစ္စည်းတွေက သင့်ဆံ ပင်သားကို ခြောက်သွေ့စေပြီး မွဲ ညစ်စေတာကြောင့်ပါ။

ရေမွှေးအသုံးပြုမှုများလွန်းခြင်း
ရေမွှေးဖျန်းတာက သင့်ကို မွှေး ကြိုင်စေပြီး လတ်ဆတ်စေနိုင်ပေမယ့် ရေမွှေးဆွတ်တာများလွန်းရင် ခေါင်း ကိုက်တာနဲ့ ဓာတ်မတည့်မှုတွေဖြစ်လာ နိုင်ပါတယ်။

မိတ်ကပ်လိမ်းပြီး အိပ်ခြင်း
အိပ်ရာမဝင်ခင် သင့်မျက်နှာပေါ်မှာ ရှိတဲ့ မိတ်ကပ်အားလုံးကို ဖျက်ပြီး အိပ် ပါမှ သင့်အရေပြားကျန်းမာလှပနိုင်မှာပါ။မိတ်ကပ်မဖျက်ဘဲ အိပ်မိရင် အရေပြား ခြောက်သွေ့ပြီး ဝက်ခြံပေါက်လွယ်နိုင်ပါ တယ်။

ဘေးစောင်းအိပ်ခြင်း
ပက်လက်အိပ်တာက ခါးနောက် ကျောအတွက် ကောင်းမွန်နိုင်ရုံသာမက မျက်နှာပေါ်မှာ အရေးကြောင်းတွေ၊ အ စင်းရာတွေ မဖြစ်အောင် ကူညီနိုင်ပါ တယ်။ ဘေးစောင်းအိပ်တာက မျက်နှာနဲ့ ခေါင်းအုံးကို ဖိထားသလိုဖြစ်တာကြောင့် မျက်နှာမှာ အရေးကြောင်းအစင်းရာတွေ ပေါ်လွင်နိုင်ပါတယ်။

အကျည်းတန်စေသည့်မိတ်ကပ်လိမ်းခြင်း

သင့်မျက်လုံး ဒါမှမဟုတ် နှုတ်ခမ်း တွေမှာ လိမ်းခြယ်မှုများလွန်းရင် သင့်ကို အကျည်းတန်စေနိုင်ပါတယ်။ အကယ် ၍များ သင့်မျက်လုံးကို အရောင်တောက် တောက်တွေခြယ်သမယ်ဆိုရင် နှုတ်ခမ်း ကို အရောင်ဖျော့ဖျော့သာ ဆိုးပါ။ နှုတ် ခမ်းနီအရောင်တောက်တောက် ဆိုးချင် တယ်ဆိုရင် မျက်လုံးကိုသဘာဝအရောင် သာ ခြယ်သပါ။

မိတ်ကပ်နှင့် အဝတ်အစား အရောင်ဆင်တူရွေးချယ်မိခြင်း
ဒါကတော့ အရင်က အသုံးပြုခဲ့တဲ့ နည်းလမ်းပါ။ သင်က အဝတ်အစားကို အရောင်တောက်တောက်ဝတ်ဖို့ ရွေး ချယ်ထားတယ်ဆိုရင် မိတ်ကပ်ကို သဘာဝအရောင်အတိုင်း လိမ်းရမယ်လို့ မိတ်ကပ်ပညာရှင်တွေက အကြံပြုထား ပါတယ်။ အရောင်လက်လက် ဝတ်စုံကို ဝတ်မယ်ဆိုရင် Glသျပ ဖြစ်တဲ့ အလှ ကုန်ပစ္စည်းတွေကို ရှောင်ကြဉ်ပါ။

Glitter များလွန်းတိုင်း မကောင်းပါ

ပွဲလမ်းသဘင် တွေ သွားတဲ့အခါမှာ Glitter ကို အသုံးပြုရင် လူအများကြား မှာ ထင်ပေါ်နိုင်ပါတယ်။ ဒါပေမဲ့ မျက်နှာ တစ်ခုလုံးမှာ Glငအအနမ ထည့်ထားတာက တော့ မျက်နှာမှာ GlငအအနမGlitter တွေ ကော်နဲ့ ကပ်ထားသလို ဖြစ်သွားနိုင်ပါတယ်။

နှုတ်ခမ်းနီအထပ်ထပ်ဆိုးခြင်း

နှုတ်ခမ်းနီဆိုးတာက သင့်အလှကို ပေါ်လွင်စေတယ်ဆိုပေမယ့် သင် အိမ် သာဝင်တိုင်း နှုတ်ခမ်းနီဆိုးနေတာက တော့ မဖြစ်သင့်ပါဘူး။ နှုတ်ခမ်းပုံပျောက် သွားနိုင်ပါတယ်။ နှုတ်ခမ်းပေါ်က နှုတ် ခမ်းနီပျက်သွားမှသာ အသစ်ပြန်ဆိုးသင့် ပါတယ်။

Primer အသုံးမပြုခြင်း

သင့်မိတ်ကပ် တစ်နေကုန်ခံဖို့အ တွက် မိတ်ကပ်မလိမ်းခင်မှာ Primer ကို အရင်လိမ်းသင့်ပါတယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *