အမျိုးသမီးတိုင်း သိထားသင့်သောမိမိကိုယ်မိမိကာကွယ်နိုင်မည့်နည်း လမ်း များ

အခုလို နေရာတကာမှာ လုယက်မှု တွေ၊ မုဒိမ်းမှုတွေလိုမျိုး မှုခင်းပြဿနာ မျိုးစုံအလွယ်တကူဖြစ်နေတဲ့ ခေတ်ကြီး မှာ မိမိကိုယ်မိမိ ကာကွယ်နိုင်တဲ့ Self-defences နည်းလမ်းလေးတွေကိုတော့ အမျိုးသမီးတိုင်း သိထားသင့်တဲ့အတွက် ဖော်ပြပေးလိုက်ပါတယ်။

အမြဲတမ်း Alert ဖြစ်နေပါ
အန္တရာယ်ဆိုတာက သင့်ကို တံခါး ခေါက်ပြီး ဝင်လာမှာမဟုတ်ပါဘူး။ သင့် အနေနဲ့သင့်ပတ်ဝန်းကျင်ကို အမြဲတမ်း သတိအနေအထားနဲ့ ကြည့်ပြီး Alert ဖြစ်နေသင့်ပါတယ်။ ဒီလိုပြောလိုက် လို့ကြောက်စရာကောင်းတဲ့ ပုံစံရှိတဲ့ သူတွေကို မြင်လိုက်တိုင်း စိုးရိမ်စိတ် ဖြစ်နေဖို့ပြောတာတော့ မဟုတ်ပါ ဘူး။ သင်နဲ့တွေ့ဆုံဖို့ ချိန်းထားတဲ့ သူ ဒါမှမဟုတ် တွေ့ဆုံရမယ့်နေ ရာက အန္တရာယ်မကင်းလောက် ဘူးထင်ရင် ချိန်းထားတာကို ဖျက်လိုက်ပါ။ တစ်ယောက် တည်း သွားရတဲ့အခါမျိုးဆိုရင် လည်း စိတ်က အတွေးထဲမျော နေတာ၊ ဖုန်းပွတ်နေတာမျိုး တွေကို မပြုလုပ်ပါနဲ့။

ငရုတ်ကောင်းစပရေးဘူး ဆောင် ထားပါ
သင်သွားလေရာနေရာကို ငရုတ်ကောင်းပါတဲ့ စပရေးဘူးလေး ကို တစ်ပါတည်း ယူသွားပါ။ တစ် ယောက်ယောက်က သင့်ကိုအန္တရာယ် ပြုတော့မယ်ဆိုရင် သူ့မျက်လုံးကို အဲဒီစပရေးနဲ့ ဖျန်းလိုက်ပါ။ သူမျက် လုံးစပ်လို့ ပွတ်နေတဲ့အချိန်မှာ သင် ထွက်ပြေးပါ။

သင့်မိုဘိုင်းဖုန်းကို အသုံးပြုပါ
သင့်အနေနဲ့ တစ်ယောက် တည်း သွားရတဲ့အခါ ဒါမှမဟုတ် လုံခြုံစိတ်ချမှုမရှိတဲ့နေရာတွေ ကို သွားရတဲ့အခါမှာသင့်လက် ထဲမှာ ဖုန်းကို အမြဲတမ်းကိုင် ထားပြီး လိုအပ်ရင် လိုအပ်သလို သင့်ကို ကူညီပေးမယ့် မိသားစု ဒါမှမဟုတ် သူငယ်ချင်းတွေကို ဆက်သွယ်ပါ။ ဒါကြောင့် သင်အပြင် ထွက်မယ်ဆိုရင် အပြင်မထွက်ခင်မှာ သင့် ဖုန်းဘက်ထရီအားပြည့်နေဖို့ အရေးကြီး ပါတယ်။

ဉာဏ်သုံးပြီး ပြန်လည်တိုက်ခိုက်ပါ
သင့်အနေနဲ့ သင့်ကို အန္တရာယ်ပြု တဲ့သူကို ပြန်လည်တိုက်ခိုက်ဖို့ လိုအပ် တယ်ဆိုရင် သူရဲ့ လည်ပင်း၊ ပေါင်ခြံ၊ မျက်လုံးနဲ့ ညှို့သကျည်းနေရာကို တိုက် ခိုက်ပါ။ သူအရမ်းနာကျင်နေတဲ့အချိန် မှာ သင်ထွက်ပြေးပါ။

ညဘက်မှာ အန္တရာယ်နဲ့ ကြုံလာရင် ATM စက်ထဲ ဝင်သွားပါ
သင့်အနေနဲ့ ညဘက်တစ်ယောက် တည်းသွားရလို့ သင့်အနောက်က တစ် ယောက်ယောက်လိုက်လာတယ်လို့ ထင် နေရင် ATM စက်ရှိတဲ့ ရုံလေးထဲကို ဝင် သွားလိုက်ပါ။ ATM စက်တွေမှာ များ သောအားဖြင့် CCTV ကင်မရာတွေ၊ အစောင့်အကြပ်တွေ ရှိနေတတ်တဲ့အ တွက် သင့်ကိုအန္တရာယ်ပြုမယ့်သူက ထွက်ပြေးသွားပါလိမ့်မယ်။ အနီးအ နားမှာ ATM စက်မရှိဘူးဆိုရင် အနီး စပ်ဆုံး ဖွင့်ထားတဲ့ စတိုးဆိုင်ထဲကို ဝင်ပြီး အကျိုးအကြောင်း ပြောပြပါ။

သင့်အိမ်တွင်းမှာ အန္တရာယ်ပြုသူ နှင့် ကြုံလာရင် မီးဖိုချောင်ထဲသွား ပါ
မီးဖိုချောင်မှာ သင့်အတွက် အကာအကွယ်လက်နက်ပေါင်း များစွာရှိပါတယ်။ အထူးသဖြင့်
ဟင်းခတ်အမွှေးအကြိုင်၊ ငရုတ်သီးမှုန့်လိုမျိုးတွေထားတဲ့ နေရာ ကိုသွားပါ။ ပြီးရင် ငရုတ်သီးမှုန့်ကို လက် တစ်ဆုပ်စာယူပြီး အန္တရာယ်ပြုလာသူရဲ့ မျက်လုံးထဲကိုပက်လိုက်ပါ။ ပန်းကန် တွေနဲ့လည်းပစ်ပေါက်နိုင်ပါတယ်။ ဆူညံ သံတွေကြောင့် ပတ်ဝန်းကျင်ကသိရှိသွား မှာကို ကြောက်လန့်ပြီး အန္တရာယ်ပြုသူက ထွက်ပြေးသွားပါလိမ့်မယ်။

ဓာတ်လှေကားထဲမှာ တစ်ယောက် တည်းရှိတုန်း အန္တရာယ်နဲ့ကြုံရင် ရှိ သမျှ ခလုတ် အကုန် နှိပ်လိုက်ပါ
သင့်အနေနဲ့ ဓာတ်လှေကားမှာ သင် မမြင်ဖူးတဲ့ သူစိမ်းလူတစ်ယောက် နဲ့အတူ ရှိပြီး သင့်ကို အန္တရာယ်ပေးမယ့် ပုံပေါ်နေရင် ဓာတ်လှေကားထဲက ရှိသမျှ ခလုတ်တွေကို နှိပ်လိုက်ပါ။ ဓာတ်လှေ ကား ရပ်သွားတာနဲ့ အမြန်အပြင်ထွက် လိုက်ပါ။

အမြဲတမ်း သက်သောင့်သက်သာရှိ မယ့် ဖိနပ်မျိုးကိုသာ စီးထားပါ
သက်သောင့်သက်သာရှိတဲ့ဖိနပ်ကို စီးထားမှသာလျှင် သင့်အနေနဲ့ လမ်း မြန်မြန်လျှောက်တာ၊ ပြေးတာတွေ ပြု လုပ်နိုင်မှာပါ။ ဒေါက်ဖိနပ်စီးထားမယ် ဆိုရင်တော့ ပြေးရမှာ အဆင်မပြေလှပါ ဘူး။

ညဘက်မှာ တက္ကစီစီးမယ်ဆိုရင် သတိ နဲ့စီးပါ
သင့်အနေနဲ့ Grab လိုမျိုး စာရင်း သွင်းထားတဲ့ကားမျိုးမဟုတ်ဘဲ တွေ့က ရာတက္ကစီကို ငှားစီးရတော့မယ်ဆိုရင် တက္ကစီနံပါတ်ကို ဦးစွာ သေချာမှတ်ပြီး သင့်မိသားစုဝင် ဒါမှမဟုတ် သူငယ်ချင်း တွေဆီကို မက်ဆေ့ခ်ျပို့ထားလိုက်ပါ။ သင့်မိသားစုဝင် ဒါမှမဟုတ် သူငယ်ချင်း ကို ဖုန်းခေါ်ပြီး ဒရိုင်ဘာနားလည်မယ့် စကားမျိုးနဲ့ သင် ဘယ်ရောက်နေပြီဆို တာ၊ ဘယ်ကိုသွားမယ်ဆိုတာ၊ ဘယ်အချိန်ပြန်ရောက်မယ်ဆိုတာမျိုးကို အသေး စိတ်ပြောပြနေပါ။ ဖုန်းခေါ်လို့ မရရင် လည်း ဖုန်းပြောချင်ယောင် ဆောင်နေပါ။ အဲဒီတော့မှ ဒရိုင်ဘာက သူ့အကြောင်းကို တခြားတစ်ယောက်က သိနေလောက်ပြီ လို့ ထင်ပြီး အန္တရာယ်ပြုရင်လည်း သူ့ကို အလွယ်တကူ ဖမ်းနိုင်လိမ့်မယ်လို့ ထင် သွားပါလိမ့်မယ်။

သင်သောက်မယ့်ဖျော်ရည်ကို သင် ကိုယ်တိုင် ထည့်ပါ
ဧည့်ခံပွဲ၊ ပါတီပွဲတွေ သွားမယ်ဆို ရင် သင်သောက်မယ့်ဖျော်ရည်ကို သင် ကိုယ်တိုင် ဖန်ခွက်ထဲထည့်သောက်ပါ။ သင်မသိတဲ့သူတစ်ယောက်ပေးလာတဲ့ ဖျော်ရည်ကို ဘယ်တော့မှ မသောက်ပါ နဲ့။ သူ ဘာတွေနဲ့ ရောထားမယ်မှန်း သိ နိုင်မှာ မဟုတ်လို့ပါ။ ဧည့်ခံပွဲမှာ တစ် ယောက်ယောက်နဲ့ စကားပြောဖို့ ထွက် သွားရင်လည်း သင်သောက်နေတဲ့ခွက် ကို စားပွဲပေါ်ချန်မထားခဲ့ဘဲ သင်နဲ့ တစ် ပါတည်း ယူသွားပါ။ အကယ်၍ ကျန်ရစ် ခဲ့ရင်လည်း အဲဒီဖျော်ရည်ကို ဆက်မ သောက်တော့ဘဲ ထားခဲ့လိုက်ပါ။
ဒါတွေအားလုံးဟာ အမျိုးသမီးတိုင်း အတွက် အခြေခံကျကျ အန္တရာယ်ကင်း နိုင်ပြီး မိမိကိုယ်မိမိ ကာကွယ်နိုင်တာမို့ ခေါင်းထဲမှာ အမြဲမှတ်ထားပြီး လိုအပ်ရင် လိုအပ်သလို ထုတ်သုံးပါ။

အမျိုးသမီးတိုင်း အန္တရာယ်ကင်းနိုင်ကြပါစေ…
 လှပတ္တမြား

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *