အမျိုးသမီးတိုင်း ရောဂါရှာဖွေ စစ်ဆေးသင့်သော ကင်ဆာလေးမျိုး

ရောဂါတွေကို စောစောစီးစီး သိ ရှိပြီး ကုသနိုင်ပါက နောက်ဆက်တွဲ ရောဂါတွေဆင့်ပွားဖြစ်ပွားမှုကနေ ကာ ကွယ်နိုင်တာကြောင့် အမျိုးသမီးတိုင်း ရှာဖွေစစ်ဆေးထားသင့်တဲ့ကင်ဆာ ရောဂါတွေအကြောင်းကို ရေးသား လိုက်ပါတယ်။

(၁) ရင်သားကင်ဆာ
ရင်သားကင်ဆာရောဂါကို စော စောစီးစီးရှာဖွေတွေ့ရှိလို့ ကုသနိုင်ပါ က ရောဂါပျောက်ကင်းဖို့ ရာခိုင်နှုန်းအ တော်များပါတယ်။ ကင်ဆာဖြစ်တဲ့ အ စိတ်အပိုင်းနည်းလေလေ၊ ရောဂါ ပျောက်ကင်းမှုများလေလေ ဖြစ်တာ ကြောင့်ပါ။ ဒါ့အပြင် လင့်အကျိတ်တွေ၊ အဆုတ်နဲ့ ဦးနှောက်ဆီ ကင်ဆာပျံ့ နှံ့နိုင်ခြေလည်း နည်းပါတယ်။ သင်က အသက် ၂၀-၃၀ နှစ်အရွယ် မိန်းက လေးတစ်ယောက်ဖြစ်ပြီး ရင်သားကင် ဆာဖြစ်ပွားနိုင်တဲ့အချက်တွေကို မသိ ရှိပါက သုံးနှစ်တစ်ကြိမ် ဆရာဝန်နဲ့ပြ သပြီး စစ်ဆေးမှု ခံယူသင့်ပါတယ်။
အမျိုးသမီးတွေက ကိုယ့်ရင်သား မှာ အဖုအကျိတ် ရှိ မရှိ ကိုယ်တိုင် စမ်းသပ်ကြည့်ရှုပြီး သိရှိနိုင်ပါတယ်။ လိုအပ်ပါက ရင်သားဓာတ်မှန်ရိုက်ပြီး လည်း စစ်ဆေးကြည့်နိုင်ပါတယ်။ အ မေရိကန်ကင်ဆာ ရောဂါအဖွဲ့က အ သက် ၄၀ နှစ်က စ လို့ အမျိုးသမီးတိုင်း ရင်သားကို ရောဂါ ရှာဖွေ စစ်ဆေးမှုပြု လုပ်သင့်တယ်လို့ အကြံပြုထားပါတယ်။ အသက် ၅၀ နှစ်ကနေ ၇၄ နှစ်ကြားမှာ နှစ်နှစ်ခြား တစ်ကြိမ် ရင်သား ပုံရိပ်ဖော် ဓာတ်မှန် (Mammography) ရိုက်သင့်ပါတယ်။

(၂) သားအိမ်ခေါင်းကင်ဆာ
သားအိမ်ခေါင်းက အမျိုးသမီး တွေမှာ အဖြစ်များတဲ့ ကင်ဆာရောဂါ တစ်ခုပါ။ ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်တဲ့Human Papilloma Virus (HPV) က သားအိမ်ခေါင်းကင်ဆာဖြစ်စေတဲ့ အဓိကအကြောင်းရင်းတစ်ခုပါ။ ပုံမှန် ရှာဖွေစစ်ဆေးမှုပြုလုပ်ပါက ရောဂါ ရှိ မရှိ အစောဆုံးသိရှိနိုင်ပြီး ရောဂါရှိပါ က ကုသမှုမှာ အကျိုးများစေပါတယ်။ သားအိမ်ခေါင်းအဝမှာ ကင်ဆာဖြစ် ချင်နေတဲ့ ဆဲလ်တွေ့ရှိပါက ကင်ဆာ ရောဂါအဖြစ် ပြောင်းလဲမသွားခင်မှာပဲ ကုသမှုကို စတင်ပါက ဖယ်ရှားနိုင်ပါ တယ်။
ဆရာဝန်က သားအိမ်ခေါင်းကင် ဆာ ရှိ မရှိ သိရှိနိုင်အောင် သားအိမ်အ ဝရှိ သားအိမ်ခေါင်းမှ ဆဲလ်လေးတွေ ကိုခြစ်ယူပြီး စစ်ဆေးပေးပါတယ်။ Pap Test လို့ ခေါ်ပါတယ်။ စစ်ဆေးမှု ကို အသက် ၂၁ နှစ်အရွယ်ကစလို့ စစ်ဆေးသင့်ပါတယ်။ သားအိမ်ခေါင်း ကင်ဆာကာကွယ်မှုနဲ့ စစ်ဆေးမှုက သားအိမ် ခေါင်းကင်ဆာရောဂါကုသမှု မှာ ထိရောက်တဲ့ နည်းလမ်းတွေပါ။

(၃) အူမကြီးကင်ဆာ
အူမကြီးကင်ဆာက ကင်ဆာရော ဂါကြောင့် သေဆုံးမှုမှာ ဒုတိယအများ ဆုံးရောဂါပါ။ အမျိုးသမီးတွေမှာတော့ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ တွေပြီးရင် အူမကြီးကင်ဆာက ဖြစ် ပွားမှုမှာ တတိယလိုက်တဲ့ရောဂါပါ။ အူမကြီးကင်ဆာဖြစ်ပွားရတဲ့ အ ကြောင်းက အမျိုးသားတွေနည်းတူပါ ပဲ။
အူမကြီးကို မှန်ပြောင်းကြည့်ရှုစစ် ဆေးတာက အကောင်းဆုံးရောဂါရှာ ဖွေနည်းပါ။ အသက် ၅၀ နှစ်အရွယ်က စပြီး အူမကြီးကင်ဆာရောဂါ ရှိ မရှိကို ရှာဖွေစစ်ဆေးသင့်ပါတယ်။

(၄) အရေပြားကင်ဆာ
အရေပြားကင်ဆာထဲမှာ အန္တရာယ် ရှိတဲ့ Melanoma ရှိ မရှိကို အမျိုးသား တွေမှာ စစ်ဆေးသင့်သလို အမျိုးသမီး တွေမှာလည်း စစ်ဆေးသင့်ပါတယ်။ တချို့တွေက မျိုးရိုးဗီဇအရ Melan-oma ဖြစ်နိုင်တဲ့ အခွင့်အလမ်းပိုများပါ တယ်။ နေရောင်ခြည်နဲ့ ထိတွေ့မှုများ တာ၊ နေပူဆာလှုံတာတွေက အရေ ပြားကင်ဆာဖြစ်စေတဲ့အကြောင်းတွေ ထဲက တစ်ခုပါ။ ရောဂါကို စောစော စီးစီးသိရှိပြီး ကုသမှုခံယူနိုင်ပါက အ ကျိုးများစေပါတယ်။
အမေရိကန်ကင်ဆာအဖွဲ့နဲ့ အ မေရိကန်အရေပြားအကယ်ဒမီတို့က အရေပြားရဲ့ ပုံစံ၊ အရောင်၊ အရွယ်အ စားတွေ ပြောင်းလဲမှုရှိ၊ မရှိ ကိုယ်တိုင် စစ်ဆေးရမယ်လို့ အကြံပြုထားပါ တယ်။ ဒါ့အပြင် တတ် ကျွမ်းနားလည် တဲ့ ဆရာဝန်နဲ့ ကင်ဆာ ရှိ မရှိကို ပုံမှန် စစ်ဆေးမှုလုပ်သင့်ပါတယ်။ အရေ ပြားကင်ဆာရောဂါကို စောစောသိရှိပါ က ရောဂါကုသရာမှာ အကျိုးများစေ ပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal