အမျိုးသမီးတို့ သားအိမ်ရောဂါတွေမှ ကင်းဝေးသော အစားအစာ ၈ မျိုး

အမျိုးသမီးတွေမှာ အဖြစ်များတဲ့ သားအိမ်နဲ့ပတ်သက်တဲ့ရောဂါတွေ ကင်း ရှင်းစေဖို့ဆိုရင် အောက်ပါအစားအစာ တွေကို စားသုံးပေးသင့်ပါတယ်။

ပန်းသီး
တစ်နေ့ကို ပန်းသီးတစ်လုံး စား ပေးတဲ့ အမျိုးသမီးတွေက လိင်စိတ် ဆန္ဒမှာအထွတ်အထိပ်ထိရောက်ကာ ကျေနပ်မှုရရှိကြတယ်လို့ သားဖွားနဲ့မီး ယပ်ဆိုင်ရာ ဆေးပညာဂျာနယ်တစ် စောင်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

လက်ဖက်စိမ်းရည်
လက်ဖက်စိမ်းရည်ထဲမှာပါဝင်တဲ့ ကက်တီချင်က ဆီးလမ်းကြောင်းနဲ့ အစာအိမ် အူလမ်းကြောင်းအတွင်း ဝင် ရောက်တတ်တဲ့ E.coli ပိုးကို သေစေနိုင် ပါတယ်။ ဒါ့အပြင် ဓမ္မတာလာချိန်မှာ ခံစားရတဲ့ ဝေဒနာတွေကိုလည်း သက် သာပျောက်ကင်းစေပါတယ်။

ဟင်းသီးဟင်းရွက်
ဟင်းသီးဟင်းရွက်တွေ စားသုံးတဲ့ အခါ အမျှင်ဓာတ်တွေ များစွာရရှိနိုင်ပါ တယ်။ အမျှင်ဓာတ်က ဏမနဘငသအငခ ဖြစ်ပြီး သားအိမ်ကျန်းမာရေးကို များစွာ အ ထောက်အကူဖြစ်စေပါတယ်။ ဒါ့အပြင် အူမကြီးအတွင်းမှာလည်း ကောင်းမွန် အကျိုးပြုတဲ့ ဘက်တီးရီးယားတွေ ရှင် သန်မှုကိုအားပေးပါတယ်။ သားအိမ် ကျန်းမာရေးအတွက်ဆိုရင် တစ်နေ့ကို အမျှင်ဓာတ် ၂၅ ဂရမ်ရရှိအောင် စားသုံး ရမှာ ဖြစ်ပါတယ်။

အဆီများငါး
အဆီများတဲ့ ဆယ်လ်မွန်ငါးမှာ ဗီ တာမင် ဒီနဲ့ အိုမီဂါ-၃ အဆီတွေ များစွာ ပါဝင်ပါတယ်။ ဒီအာဟာရဓာတ်နှစ်မျိုးစ လုံးက သားအိမ်ကျန်းမာရေးကို အ ထောက်အကူပြုပါတယ်။ ဆယ်လ်မွန်ငါး က ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှု ကောင်းစေပြီး သားအိမ်နဲ့ သားအိမ်ခေါင်း တစ်ဝိုက်ဆီကိုလည်း သွေးရောက်ရှိမှု အားကောင်းစေပါတယ်။

ဒိန်ချဉ်
အကျိုးပြုဘက်တီးရီးယားတွေ များ စွာပါဝင်တဲ့ ဒိန်ချဉ်ကို စားသုံးပါက သား အိမ်ခေါင်းတစ်ဝိုက်မှာ အကျိုးပြုဘက် တီးရီးယားတွေ ရှင်သန်တာကြောင့် ဆီး လမ်းကြောင်းပိုးဝင်တာ၊ သားအိမ်ခေါင်း ထဲ ပိုးဝင်တာတွေမဖြစ်အောင် ကာကွယ် နိုင်ပါတယ်။ ကယ်လ်စီယမ်ဓာတ်ကို လည်း ရရှိစေလို့ ဓမ္မတာမလာခင် ခံစားရတဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။

ရေ
သားအိမ်ကျန်းမာစေဖို့ အရေးကြီး တဲ့အချက်က ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့် ၀နေဖို့ပါ။ ခန္ဓာကိုယ်မှာရေဓာတ်ပြည့်ဝ နေမှသာ သားအိမ်ခေါင်းဝန်းကျင်မှာ လည်း စိုစွတ်ချောမွေ့နေမှာ ဖြစ်ပါတယ်။

သစ်သီး
တစ်နေ့ကို သစ်သီး နှစ်ကြိမ်နဲ့အ ထက် စားသုံးပေးပါက သားအိမ်အတွင်း မှာ အသားလုံးဖြစ်နိုင်ခြေကို ၁၁ ရာခိုင် နှုန်း လျှော့ချပေးပါတယ်။ သားအိမ်အ တွင်းမှာ အသားလုံးရှိနေမယ်ဆိုရင် နာ ကျင်တာနဲ့ ပုံမမှန် ရာသီသွေးဆင်းတာ တွေ ဖြစ်နိုင်ပါတယ်။

အကျိုးပြုဘက်တီးရီးယား ဖြည့် စွက်ဆေး
အကျိုးပြုဘက်တီးရီးယားရနိုင် တဲ့ အစားအစာတွေမစားဖြစ်လို့ ဖြည့် စွက်စာအဖြစ်ထုတ်လုပ်ထားတာတွေ ကို သောက်မယ်ဆိုရင်လည်း သောက် နိုင်ပါတယ်။ အကျိုးပြုဘက်တီးရီးယား တွေက သားအိမ်အတွက်သာမက ဆီး လမ်းကြောင်းကျန်းမာရေးအတွက်ပါ အထောက်အကူဖြစ်စေပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *