အမျိုးသားတို့ ကပ်ပယ်အိတ်ရှိ သွေးပြန်ကြောတွေ ကြီးနေလား

ကပ်ပယ်အိတ်မှာရှိတဲ့ သွေးပြန်ကြောတွေကြီးမားပြီး ကျယ်နေတာကို သင့် မျက်စိနဲ့ မြင်တွေ့နေပါက ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူသင့်ပါတယ်။ ဖြစ်တဲ့နေရာမှာ ဝှေးစေ့က ကျုံ့သွားတာ ဒါမှမဟုတ် မျိုးမအောင်တာမျိုးတွေ ဖြစ်နိုင်တာကြောင့်ပါ။ ဒီလိုကပ်ပယ်အိတ်အတွင်း သွေးပြန်ကြောတွေကြီးမားပြီး ကျယ်တဲ့သူတိုင်း ကလေး လုံးဝမရနိုင်တာမျိုးတော့ မဟုတ်ပါဘူး။ သုက်ပိုးထုတ်လုပ်နိုင်မှု နည်းသွားတာကြောင့် ကလေးရနိုင်ခြေနည်းသွားတာပါ။ နေထိုင်မှုပုံစံ ပြောင်းလဲတာ၊ သဘာဝနည်းလမ်းတွေ အသုံးပြုတာစတာတွေပြုလုပ်ပြီး မဖြစ်အောင်ကာကွယ်တာ၊ ဖြစ်လာပါက လျော့နည်း သက်သာအောင် လုပ်ဆောင်နိုင်တာတွေကို ရေးသားလိုက်ပါတယ်။

အားကစားသမားတွေ ဝတ်ဆင်တဲ့ ဘောင်းဘီအမျိုးအစား ဝတ်ဆင်ပါ
အားကစားသမားတွေ ဝတ်ဆင်တဲ့ အားကစားဘောင်းဘီက ကောင်းစွာထောက် ပံ့ပေးနိုင်တာကြောင့် ကပ်ပယ်အိတ်အတွင်း သွေးပြန်ကြောကျယ်တာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ လတ်တလောဖြစ်နေသူတွေ ဝတ်ဆင်ပါက ဖြစ်တဲ့နေရာ ပေါ်ကို ဖိအားသက်ရောက်မှု နည်းသွားစေပါတယ်။ အားကစားပစ္စည်း ရောင်းတဲ့ဆိုင်တွေ မှာ ဝယ်ယူရရှိနိုင်ပါတယ်။
ရေလုံလောက်စွာသောက်သုံးပါ
တစ်နေ့ကို ရေ ၈-၁၂ ခွက် သောက်သုံးပေးပါ။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက် တွေကိုပြင်ပသို့စွန့်ထုတ်နိုင်တာကြောင့် ကပ်ပယ်အိတ်အတွင်း သွေးပြန်ကြောတွေ ကျယ်တာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ သွေးလှည့်ပတ်မှု ကောင်းမွန်စေတာကြောင့် ဝေဒနာခံစားနေရသူတွေမှာ အမြန်ဆုံးသက်သာပျောက်ကင်းနိုင်ပါတယ်။

ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်သုံးသူတွေမှာ သွေးကြောတွေပျက်စီးပြီး သွေးစီးဆင်းမှုမကောင်း လို့ကပ်ပယ်အိတ်ထဲရှိ သွေးပြန်ကြောတွေကြီးမားပြီး ကျယ်လာစေပါတယ်။ နဂိုကတည်း က ကပ်ပယ်အိတ်ထဲရှိ သွေးကြောကျယ်တဲ့ ပြသနာရှိသူတွေအနေနဲ့ ဆေးလိပ်သောက် သုံးပါက ပိုဆိုးလာစေပါတယ်။

ဗီတာမင်စီလုံလောက်စွာစားပါ
ဗီတာမင်စီကခန္ဓာကိုယ် ခုခံစွမ်းအားကို မြင့်မားစေပြီး အရေပြားလှပစေတဲ့ အာနိသင်ရှိပါတယ်။ ဗီတာမင်စီကအင်တီအောက်ဆီးဒင့်တစ်မျိုးဖြစ်ပြီး လုံလောက်စွာ စားသုံးပါကသွေးကြောတွေ ကျန်းမာသန်မာစေပါတယ်။ ကီဝီသီး၊ သင်္ဘောသီး၊ ဘယ်ရီသီး၊ မာလကာသီး၊ ငရုတ်သီး၊ ပန်းဂေါ်ဖီစိမ်း၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက် စတာတွေကနေဗီတာမင်စီကို လုံလောက်စွာရရှိနိုင်ပါတယ်။

ပြည့်ဝဆီရှောင်ပါ
ပြည့်ဝဆီအများစုက တိရစ္ဆာန်ကရတဲ့အဆီကို အခြေခံပြီး ပြုလုပ်ထားတာကြောင့် နှလုံးနဲ့သွေးကြောတွေကို ထိခိုက်စေနိုင်ပါတယ်။ အဆီကြောင့် သွေးကြောကျဉ်းတာ၊ သွေးကြောပိတ်တာတွေ ဖြစ်ပေါ်ပါက ကပ်ပယ်အိတ်ဆီသွေး တွေရောက်ရှိမှု နည်းသွား ပါတယ်။ ပြည့်ဝဆီအစား အစေ့အဆန်၊ အဆီများတဲ့ငါး၊ ဟင်းသီးဟင်းရွက်ဆီတွေကို စားသုံးနိုင်ပါတယ်။
သကြား လျှော့စားပါ
သကြားစားသုံးမှုများပါက သွေးကြောတွေကို ရောင်ရမ်းစေလို့ သွေးစီးဆင်းမှု လျော့နည်းစေပါတယ်။ သကြားစားသုံးမှုကို တတ်နိုင်သမျှ လျှော့ချဖို့လိုပါတယ်။

အသင့်စားအစာတွေစားသုံးမှုလျှော့ချပါ
အသင့်စားအစာတွေစားသုံးတာကြောင့် ခန္ဓာကိုယ်နဲ့ သွေးကြောတွေထဲမှာ အဆိပ် အတောက်တွေ စုဆောင်းမိစေပါတယ်။ များလာတဲ့အခါ သွေးစီးဆင်းမှု မကောင်း တော့တာမျိုး ဖြစ်နိုင်ပါတယ်။
သင့်တင့်တဲ့လေ့ကျင့်ခန်းလုပ်ပါ
နေ့စဉ် ပုံမှန်သင့်တင့်တဲ့ လေ့ကျင့်ခန်း ပြုလုပ်ပေးပါက သွေးစီးဆင်းမှုကောင်းမွန်ပြီး သုက်ကောင်ထုတ်လုပ်မှုပါ များပြားစေပါတယ်။ လေ့လာမှုတွေအရ ကိုယ်လက်လှုပ်ရှား မှုရှိတဲ့ အမျိုးသားတွေက အထိုင်များတဲ့ အမျိုးသားတွေထက် သုက်ကောင်ရေထုတ်လုပ်မှု ၅၀ ရာခိုင်နှုန်း ပိုများတယ်လို့တွေ့ရပါတယ်။

သုက်ကောင်ထုတ်လုပ်မှု ကောင်းမွန်တဲ့ အစာစားပါ
ကပ်ပယ်အိတ်ထဲက သွေးပြန်ကြော ကြီးမားနေသူတွေအတွက် သားသမီးရယူ လိုပါက သုက်ကောင်ထုတ်လုပ်မှု မြင့်မားစေတဲ့အစာတွေ စားသုံးဖို့လိုပါတယ်။ ကြက် သွန်ဖြူ၊ ဂျင်ဆင်း စတာတွေက သုက်ကောင်ထုတ်လုပ်မှု များပြားစေတယ်လို့လူသိများ ပါတယ်။
အကိုက်အခဲပျောက်ဆေး သောက်ပါ
ကပ်ပယ်အိတ်ထဲရှိသွေးကြောတွေ ကြီးမားနေသူတွေမှာ နာကျင်မှုကို ခံစားရတာ ကြောင့် ဆရာဝန်ညွှန်ကြားချက်မလိုတဲ့ အကိုက်အခဲပျောက်ဆေးတွေ သောက်သုံးနိုင် ပါတယ်။

အလင်း(ဆေးဝါး)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *