အမျိုးသားတွေ အရေပြားထိန်းသိမ်းမှုနဲ့ ပတ်သက်ပြီးသင်ဘယ်လောက်သိပါသလဲ

အရေပြားထိန်းသိမ်းမှုကို အမျိုး သားတွေရော အမျိုးသမီးတွေပါ ပြုလုပ် သင့်ပါတယ်။ ဒါမှသာ ကျန်းမာစိုပြည်နု ပျိုတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။ အမျိုးသားတွေ ပြုလုပ်သင့်တဲ့ Skin Care နဲ့ ပတ်သက်ပြီး ဘယ်လောက်သိ လဲ လေ့လာကြည့်ရအောင်။
၁။ အမျိုးသားတွေရဲ့ အရေပြားက အမျိုး သမီးတွေထက် အဆီပြန်လွယ်တတ်လို့ ဘော်ဒီလိုးရှင်းလိမ်းစရာမလိုပါဘူး။
(က) မှန်
(ခ) မှား
၂။ အမျိုးသားတွေက အမျိုးသမီးတွေ ထက် နှာခေါင်းမှာ ဆားဝက်ခြံပိုများတာ ဘာကြောင့်ပါလဲ။
(က) အမျိုးသားတွေမှာ ဆားဝက်ခြံပိုဖြစ် လွယ်လို့ပါ
(ခ) အမျိုးသားတွေက ဆားဝက်ခြံနဲ့ ပတ်သက်ပြီး ဂရုမစိုက်လို့ပါ
(ဂ) ချွေးပေါက်တွေကျယ်တာက ဝက်ခြံ တွေကို ပိုသိသာစေလို့ပါ
၃။ အမျိုးသားတွေက အမျိုးသမီးတွေ ထက် ဘယ်နေရာမှာ ဝက်ခြံပိုပေါက်လေ့ ရှိပါသလဲ။
(က) မျက်နှာ
(ခ) ကျော
(ဂ) နှစ်မျိုးစလုံးမဟုတ်
၄။ အစိုဓာတ်ထိန်းခရင်မ်တွေက အမျိုး သမီးတွေအတွက် ထုတ်ပေးထားတာဆို တော့ အမျိုးသားတွေမှာ သုံးလို့ မရဘူး။
(က) မှန်
(ခ) မှား
၅။ တံတောင်တွေ၊ ဒူးတွေ ကြမ်းတမ်း မည်းညစ်နေတာက ယောက်ျားပီသတဲ့ လက္ခဏာရပ်ပါ။
(က) မှန်
(ခ) မှား
၆။ နေပူထဲမထွက်ဘဲ အခန်းတွင်းလုပ်ရတဲ့အလုပ်မျိုးဆိုရင် နေရောင်ကာလိမ်း ဆေးကို နေ့တိုင်းလိမ်းစရာမလိုပါဘူး။
(က) မှန်
(ခ) မှား
၇။ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးရိတ်တာက အမျိုးသားတွေရဲ့ မျက်နှာကို ဘာကြောင့် ကောင်းစေနိုင်ပါသလဲ။
(က) ဝက်ခြံတွေကို ဖွင့်ပေးလို့
(ခ) အရေပြားကို လေနဲ့ ပိုထိတွေ့စေနိုင် လို့
(ဂ) အရေပြားဆဲလ်သေလေးတွေကို ဖယ်ရှားပေးနိုင်လို့
၈။ အမွေးတွေရိတ်ပြီးတဲ့အခါမှာတော့ အမျိုးသားတွေအနေနဲ့ ဘာကိုအမြဲလုပ် ပေးသင့်ပါသလဲ။
(က) မျက်နှာကို ရေနွေးလေးနဲ့ ပက် ပေးပါ
(ခ) Aftershave သုံးပေးပါ
(ဂ) Moisturizer လိမ်းပေးပါ
၉။ ကိုယ်နဲ့တည့်တဲ့ အမွေးရိတ်ရာမှာသုံး တဲ့ပစ္စည်းတွေက အမွေးပြန်ထွက်လာတဲ့ အခါ နူးညံ့ပျော့ပျောင်းစေနိုင်ပါတယ်။
(က) မှန်
(ခ) မှား
၁၀။ အမွေးရိတ်တဲ့အခါ အဖုတွေထွက် လာတတ်တာကို ဘယ်လိုကာကွယ်မလဲ။
(က) ရေနွေးနဲ့ ရေချိုးပြီးမှ ရိတ်ပါ
(ခ) ဓားများများပါတဲ့ Multi-blade razor သုံးပါ
(ဂ) နှစ်မျိုးစလုံး
၁၁။ ရံဖန်ရံခါ ဆိုင်သွားပြီး အကျအန မုတ်ဆိတ်ရိတ်တာကလည်း မုတ်ဆိတ်ရိတ် ဓားကြောင့်ဖြစ်တဲ့ အဖုတွေကို လျော့နည်း စေပါတယ်။
(က) မှန်
(ခ) မှား

၁။ (ခ) မှား
အမျိုးသားတွေက အမျိုးသမီးတွေ ထက်စာရင် အဆီပြန်လွယ်တာမှန်ပေမယ့် ခန္ဓာကိုယ်က မျက်နှာထက်စာရင် အဆီ ဂလင်းတွေ ပိုနည်းပါတယ်။ အရေပြား ခြောက်သွေ့ကြမ်းတမ်းတာမျိုး မဖြစ်ရ လေအောင် လူတိုင်းအစိုဓာတ်လေးတွေ အပိုရှိနေသင့်ပါတယ်။ ခန္ဓာကိုယ်အ တွက်ဆိုရင် လိုးရှင်းကျဲကျဲထက်စာရင် ခပ်ပျစ်ပျစ်က ပိုကောင်းပါလိမ့်မယ်။ မျက်နှာခြောက်သွေ့နေတယ်လို့ ခံစားရ ရင်လည်း အဆီမပါလို့ရေးထားတဲ့ မျက် နှာလိမ်းခရင်မ်တွေ လိမ်းပေးနိုင်ပါတယ်။
၂။ (ခ) အမျိုးသားတွေက ဆားဝက်ခြံနဲ့ ပတ်သက်ပြီး ဂရုမစိုက်လို့ပါ
အမျိုးသားတွေရော အမျိုးသမီး တွေပါ နှာခေါင်းတစ်ဝိုက် ဆားဝက်ခြံတွေရှိ တတ်ပေမယ့် အမျိုးသမီးတွေက ဂရုတ စိုက်နဲ့ ဖယ်တတ်ပြီး အမျိုးသားတွေက တော့ ဒီအတိုင်းပဲထားတတ်ကြပါတယ်။ အမျိုးသမီးတွေကတော့ ဝက်ခြံတွေ ချွေး ပေါက်ကျယ်တာတွေတွေ့ရင် အရေပြား ကို ပိုဂရုစိုက်တတ်ကြပါတယ်။ ဝက်ခြံ တွေကိုလည်း ညှစ်တတ်ကြပါတယ်။ ဝက်ခြံညှစ်တာက အမာရွတ်ကျန်ပြီး ဝက်ခြံတွေပိုထွက်တတ်လို့ တကယ်က တော့ မကောင်းပါဘူး။ Salicylic အက် စစ်ပါတဲ့ မျက်နှာသစ်ဆပ်ပြာတို့၊ ဝက် ခြံတို့ဆေးတို့သုံးပေးမှ ဝက်ခြံတွေ ဆား ဝက်ခြံတွေကို ဖြစ်စေတဲ့ အဆီတွေနဲ့ ဆဲလ်သေတွေကို ဖယ်ပေးမှာပါ။ ဆား ဝက်ခြံကပ်ခွာတွေကလည်း ဆားဝက်ခြံ တွေကို ဖယ်ရှားပေးနိုင်ပါတယ်။
၃။ (ဂ) နှစ်မျိုးလုံးမဟုတ်
အမျိုးသားတွေဆိုရင် ကျောမှာ ဝက်ခြံတွေပေါက်လေ့ရှိတယ်လို့ မှတ်ယူ ကြပေမယ့် တကယ်တမ်းကျတော့ အမျိုး သားရော အမျိုးသမီးပါကျောမှာ ဝက်ခြံ ပေါက်တတ်ကြပါတယ်။ ချွေးထွက်ရင် ပိုတောင်ဆိုးပါသေးတယ်။ ဒါကြောင့် ရေချိုးရင် ကျောဘက်ကိုပါ ဆပ်ပြာတိုက် ပေးဖို့ မမေ့ပါနဲ့။ ဆပ်ပြာထဲ Salicylic Acid ပါရင် ကျောဝက်ခြံတွေအတွက် ပိုပြီးတော့ကောင်းပါတယ်။ နြညဖသပူ ဏနမသထငိန ပါတဲ့ ပစ္စည်းတွေကလည်း ဝက်ခြံတွေကို ပျောက်ကင်းစေနိုင်ပါ တယ်။
၄။ (ခ) မှား
အစိုဓာတ်ထိန်းခရင်မ်တွေရော အရေးကြောင်းလိမ်းတဲ့ခရင်မ်တွေက အမျိုးသားရော အမျိုးသမီးမှာပါ လိမ်း လို့ရပါတယ်။ အရေပြားကို အစိုဓာတ် ထိန်းပေးဖို့သာ အဓိကပါ။ ဒါပေမဲ့ အမျိုး သားတွေက အမျိုးသမီးတွေထက် အဆီ ပိုပြန်တတ်လို့ နေ့စဉ်သုံး မျက်နှာလိမ်း ဆေးက ခရင်မ်ပျစ်ပျစ်ထက်စာရင် ဂျယ်လ်အကြည်လိုမျိုးက ပိုကောင်းပါ လိမ့်မယ်။ အရေးကြောင်းတွေ အ တွက်ဆိုရင်တော့ Retinol ပါတဲ့ ဇရာ ထိန်းပေးတဲ့ အမျိုးအစားတွေက ပို ကောင်းပါတယ်။
၅။ (ခ) မှား
အမျိုးသားတွေရဲ့ ဒူးတွေ၊ တံတောင် ဆစ်တွေ ကြမ်းတမ်းမည်းညစ်တာက ယောက်ျားဆန်လို့ မဟုတ်ပါဘူး။ ဘော် ဒီလိုးရှင်းတွေလိမ်းလေ့မရှိတာကြောင့် အရေပြားတွေကြမ်းလာတာပါ။
၆။ (ခ) မှား
လူတိုင်း နေရောင်ကာလိမ်းဆေး ကို နေ့တိုင်းလိမ်းပေးရပါမယ်။ တစ်နေ့ ကို ငါးမိနစ်လောက်ပဲ နေရောင်ဒဏ်ခံ ရမယ် ဆိုရင်တောင် နေ့စဉ်ရက်ဆက်ဆို ရင် မကောင်းပါဘူး။ နေ့စဉ်သုံးဆိုရင် တော့ ပုံမှန် မျက်နှာလိမ်းအစိုဓာတ်ထိန်း ခရင်မ်တွေမှာ SPF ပါတာကို ရွေးနိုင်ပါ တယ်။ နေပူထဲကြာကြာထွက်ရမယ် ဆို ရင်တော့ SPF အနည်းဆုံး ၃၀ နဲ့အ ထက်ပါတာကို လိမ်းပေးသင့်ပြီး နှစ်နာရီ ခြားတစ်ခါ ထပ်လိမ်းပေးရပါမယ်။
၇။ (ဂ) အရေပြားဆဲလ်သေလေးတွေကို ဖယ်ရှားပေးနိုင်လို့
မုတ်ဆိတ်မွေး နှုတ်ခမ်းမွေးရိတ်တာ က အရေပြားကို ရင့်ပြီးခြောက်သွေ့စေနိုင် ပြီး ချွေးပေါက်တွေပိတ်ကာ ဝက်ခြံတွေ ထွက်စေနိုင်တဲ့ ဆဲလ်သေတွေကို ဖယ် ရှားပေးပါတယ်။ ဒါကြောင့်လည်း မုတ်ဆိတ် မွေး၊ နှုတ်ခမ်းမွေးရိတ်လေ့ရှိတဲ့ အမျိုး သားတွေက အမျိုးသမီးတွေထက် အ ရေပြားအိုမင်းရင့်ရော်မှုနှုန်း ပိုနှေးတာလို့ သုတေသနပညာရှင်တချို့က မှတ်ယူ ထားကြတာပါ။
၈။ (ဂ) Moisturizer လိမ်းပေးပါ
Aftershave အများစုမှာ ဓားရှရာ တွေနားတစ်ဝိုက်က ပိုးတွေရယ်သေစေ နိုင်ပြီး အဆီနဲ့ အညစ်အကြေးတွေ ဖယ် ရှားပေးနိုင်တဲ့ အယ်လ်ကိုဟော ပါလေ့ရှိ ပါတယ်။ ဒါပေမဲ့ အယ်လ်ကိုဟောတွေက အရေပြားကိုခြောက်သွေ့ယားယံစေနိုင်ပါတယ်။ Aftershave သုံးအပြီး Mois-turizer သုံးပေးရင်တော့ အရေပြားကို ပြန်လည်စိုပြည်စေနိုင်ပါတယ်။
၉။ (ခ) မှား
အရမ်းကြမ်းတဲ့ မုတ်ဆိတ်မွေးတွေ ရှိရင်တော့ ပျော့ပျောင်းနူးညံ့တဲ့အသွင် ဖြစ်အောင် အရှည်ထားမှရပါမယ်။ ခပ်တို တိုပဲဆိုရင်တော့ ကြမ်းနေမှာပါ။
၁၀။ (ဂ) နှစ်မျိုးစလုံး
ရေနွေးနွေးနဲ့ရေချိုးပြီးရင် မုတ်ဆိတ် မွေးတွေက ပိုပြီးနူးညံ့လာကာ ရိတ်ရလည်း ပိုလွယ် ကူလာပါတယ်။ ဓားများများပါတဲ့Multi-blade razor ကတော့ မေးစေ့ နဲ့ ပါးတွေရဲ့ အမို့အမောက်တွေအတိုင်း ညှိပေးတာကြောင့် ဓားသိပ်မရှနိုင်တော့ပါ ဘူး။ ဒါကြောင့် နှစ်မျိုးလုံးက မုတ်ဆိတ် ရိတ်ရလွယ်ကူစေပြီး အဖုတွေ မဖြစ်လာ စေနိုင်ပါဘူး။
၁၁။ (ခ) မှား
ရံဖန်ရံခါ Salon တွေမှာ အကျအန မုတ်ဆိတ်ရိတ်တာက ဇိမ်ကျပေမယ့် တကယ် တမ်း အလိုအပ်ကြီးတော့ မဟုတ်ပါဘူး။ အရေပြားကို ပိုမကောင်းစေနိုင်သလို မုတ်ဆိတ်ရိတ်ဓားကြောင့်ဖြစ်တဲ့ အဖု တွေကိုလည်း မလျော့နည်းစေနိုင်ပါဘူး။

ဒေါက်တာနုမြတ်သိင်္ဂီဦး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *