အမျိုးသား စိတ်ဆန္ဒလျော့နည်းမှုတွေဖြစ်လာတာဘာကြောင့်လဲ

သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်ရေးမှာ ပုံမှန်လိင်ဆက်ဆံမှု လည်း ရှိနေဖို့ လိုပါတယ်။ ဒီလိုဆက်ဆံဖို့ ဆိုတာကလည်း စိတ်ဆန္ဒတွေ ရှိနေမှ ဖြစ်မှာပါ။ အလုပ်တွေ များတာ၊ စိတ်ဖိစီး မှုတွေ ရှိနေတာနဲ့ တခြားအကြောင်းအ မျိုးမျိုးကြောင့် စိတ်ဆန္ဒတွေ လျော့နည်း နိုင်ပါတယ်။ အဲဒီအခါ အိမ်ထောင်ရေး အဆင်မပြေမှုတွေလည်း ဖြစ်လာနိုင်ပါ တယ်။

ဗိုက်ရွှဲခြင်း
ဗိုက်ရွှဲရွှဲနဲ့ ကြည့်ရဆိုးတဲ့ သင့်ခန္ဓာ ကိုယ်က အိမ်ထောင်ဖက်အပေါ် ဆွဲ ဆောင်မှု လျော့နည်းစေရုံသာမက သင့် ကိုယ်သင် ယုံကြည်မှုလည်း လျော့နည်း စေပါတယ်။ ၀တဲ့အမျိုးသားတွေမှာကျား ဟော်မုန်းတက်စထရိုစတီရုန်း ထုတ်လုပ် မှု လျော့နည်းတာကြောင့် လိင်စိတ်ဆန္ဒ ဖြစ်ပေါ်မှုနဲ့ စွမ်းဆောင်နိုင်မှုတွေ လျော့ နည်းစေပါတယ်။ ဒါ့အပြင် အဝလွန်တဲ့ အမျိုးသားတွေမှာ သွေးတိုးရောဂါဖြစ်ပွား နိုင် ခြေများစေတဲ့အပြင် သွေးလွှတ်ကြော နံရံတွေ မာကျောနေတာကြောင့် အမျိုး သားအင်္ဂါတွေဆီ သွေးစီးဆင်းမှုလျော့ နည်းကာ စွမ်းဆောင်ရည်ကျဆင်းစေပါ တယ်။

အရက်အလွန်အကျွံသောက်သုံးခြင်း
အရက် အနည်းငယ်သောက်တာက စိတ်အလိုလိုက်ပြီး sနထ ကိစ္စကို အလွန် အကျွံ လုပ်ဆောင်တတ်ကြပါတယ်။ အရက်ကို အလွန်အကျွံသောက်သုံးသူ တွေကတော့ ခဏတာ sနထ ကိစ္စဆောင် ရွက်နိုင်မှု မရှိတတ်ကြပါဘူး။ အရက်ကို သင့်တင့်အောင် သောက်သုံးပါက နှလုံး ကျန်းမာရေးကို အထောက်အကူပြုနိုင် တယ်ဆိုပေမယ့် အများစုက အရက်ကို စွဲစွဲလမ်းလမ်းနဲ့ အလွန်အကျွံသောက်သုံး ကြတာကြောင့် ကျန်းမာရေးထိခိုက်မှုတွေ ကြုံတွေ့နိုင်ပါတယ်။ တစ်နေ့ကို အရက် အနည်းငယ်လောက်သောက်တာက နှလုံးရောဂါဖြစ်ပွားနိုင်ခြေနဲ့ ပန်းသေပန်း ညှိုးဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ ဒါပေမဲ့ သင်က အရက်စွဲသူတစ်ယောက် မဖြစ်ဖို့တော့ လိုပါတယ်။

ဆေးဝါးများ သောက်သုံးနေရခြင်း
သင်သောက်သုံးနေရတဲ့ ဆေးဝါး တွေကြောင့်လည်း လိင်ကိစ္စမစွမ်းဆောင် နိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ပန်း သေပန်းညှိုးဖြစ်စေတဲ့ ဆေးဝါးတွေ များ စွာရှိပါတယ်။ သွေးတိုးရောဂါအတွက် သောက်သုံးရတဲ့ သွေးဖိအားကျဆေး တွေ၊ နာကျင်ကိုက်ခဲမှု သောက်သုံးနေရ တဲ့ အကိုက်အခဲပျောက် ဆေးတွေနဲ့ စိတ် ဖိစီးမှုလျော့နည်းစေဖို့ သောက်သုံးနေရ တဲ့ ဆေးဝါးတွေက အမျိုးသားတွေမှာ လိင်ကိစ္စစွမ်းဆောင်နိုင်ရည်ကို လျော့ နည်းစေပါတယ်။

စိတ်ဖိစီးမှုများခြင်း
အလုပ်မှာ၊ အိမ်မှာ သင့်စိတ်ကို ဖိစီး မှုများစေတဲ့အကြောင်းတွေ များစွာရှိပါ တယ်။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်တွင်း အင်္ဂါတွေ အပေါ်ကို သက်ရောက်မှုသာ မက အမျိုးသားတွေရဲ့ လိင်တံအပေါ်မှာ လည်း သက်ရောက်မှုတွေ ရှိပါတယ်။ စိတ်ဖိစီးမှုကို လျှော့ချဖို့ သင်ရဲ့နေထိုင်မှု ပုံစံတွေပြောင်းလဲပါ၊ အပန်းဖြေအနားယူ ပါ၊ လေ့ကျင့်ခန်းလုပ်ပါ၊ အိပ်ရေး၀၀အိပ် စက်ပါ၊ လိုအပ်ပါက ဆရာဝန်ဆီမှအကြံ ဉာဏ်ရယူပါ။

ဒေါသကြီးခြင်း
ဒေါသထွက်နေတဲ့အချိန်မှာ သင့် မျက်နှာတစ်ခုလုံး နီရဲပြီး ကြောက်စရာ လူသားတစ်ဦးပုံစံဖြစ်နေတာကို သင် ကိုယ်တိုင် သတိမထားမိဘဲ ဖြစ်နိုင်ပါ တယ်။ သင့်ဒေါသက သင်အိမ်ထောင် ရေးသာယာမှုအတွက် အနှောင့်အယှက် တစ်ခုပါ။ ဒေါသကြောင့် သင်ရဲ့အိမ်သူ သက်ထားနဲ့ ရန်ဖြစ်စကားများကြပြီး အိပ် ရာဝင် ချစ်ပုံပြင်တွေကို အကျည်းတန် အရုပ်ဆိုးမှုဖြစ်စေပါတယ်။

သပ်သပ်ရပ်ရပ်မနေခြင်း
မှန်ထဲမှာ သင့်ကိုယ်သင်ကြည့်လိုက် တဲ့အခါ သပ်ရပ်ကြည့်ကောင်းနေဖို့ လိုပါ တယ်။ သင့်ကိုယ်သင် သပ်ရပ်ကြည့် ကောင်းပြီး ယုံကြည်မှုရှိမှသာ သင့်အိမ် ထောင်ဖက်အပေါ် ဆွဲဆောင်မှု ပိုစေပါ တယ်။

စိတ်ဆန္ဒလျော့နည်းခြင်း
စိတ်ဆန္ဒလျော့နည်းတာက ပန်း သေပန်းညှိုးတာနဲ့ မတူပါဘူး။ ဒါပေမဲ့ ဒါတွေကို ဖြစ်စေတဲ့ အကြောင်းအရာတွေ ကတော့ တူညီတတ်ပါတယ်။ ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှု လျော့နည်းတာ၊ စိတ်ဖိ စီးမှုများတာ၊ စိုးရိမ်စိတ်များတာနဲ့ တချို့ ဆေးဝါးတွေ သောက်သုံးနေရတာတွေ ကြောင့် စိတ်ဆန္ဒလျော့နည်းတာမျိုး ဖြစ် တတ်ပါတယ်။

စိတ်ဓာတ်ကျဝေဒနာ ခံစားနေရခြင်း
လိင်ပိုင်းဆိုင်ရာ နှိုးဆော်မှုတွေက ဦးနှောက်က စတင်လာတာပါ။ စိတ်ဓာတ် ကျဆင်းနေပါက လိင်ပိုင်းဆိုင်ရာ နှိုး ဆော်မှုတွေ မရှိတာကြောင့် ပန်းသေပန်း ညှိုးတာကို ဖြစ်စေပါတယ်။ စိတ်ဓာတ်ကျ ဆင်းတာကို ကုသရတဲ့ဆေးတွေကလည်း စိတ်ဆန္ဒဖြစ်ပေါ်မှုကို ဖိနှိပ်ထားတာ ကြောင့် ပန်းသေပန်းညှိုးဖြစ်ပွားနိုင်ခြေ ကိုများစေပါတယ်။

ကျန်းမာရေး မကောင်းခြင်း
ကျန်းမာရေးမကောင်းတဲ့အခါအာရုံ ကြော၊ ကြွက်သား၊ သွေးစီးဆင်းမှုတွေကို အနှောင့်အယှက်ဖြစ်စေတာကြောင့် လိင် စိတ်ဆန္ဒတွေ လျော့နည်းတတ်ပါတယ်။ ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ သွေးလွှတ်ကြောတွေ မာကျောနေတာ၊ ကျောရိုးအာရုံကြောမကြီး ထိခိုက်ဒဏ်ရာ ရတာ စတာတွေရှိနေရင် သင်တို့အိမ် ထောင်ရေးမှာ သာယာမှုတွေ ဆိတ်သုဉ်း နေတတ်ပါတယ်။ ဆီးကျိတ်နဲ့ ဆီးအိမ်မှာ ရောဂါရှိလို့ ခွဲစိတ်ကုသမှု ခံယူထားတဲ့ အမျိုးသားတွေမှာလိင်တံမာကျောဖို့ လုပ် ဆောင်ပေးတဲ့ အာရုံကြောနဲ့ သွေးကြော တွေ ထိခိုက်မှုရှိတတ်ပါတယ်။ အဲဒီအခါ မျိုးမှာလည်း အမျိုးသားတွေရဲ့ စွမ်း ဆောင်နိုင်ရည်ကို ကျဆင်းစေပါတယ်။

ဆရာဝန်နှင့် တိုင်ပင်ပြသမှု မရှိခြင်း
သင်ရဲ့လိင်ပိုင်းဆိုင်ရာ အခက်အခဲ တွေကို ဆရာဝန်နဲ့တိုင်ပင်ပြသဖို့ စိုးရွံ့ နေတာမျိုးတွေကလည်း အမျိုးသားတို့ရဲ့ စွမ်းဆောင်နိုင်မှုကို အခက်အခဲဖြစ်စေပါ တယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြသမှသာ လို အပ်တဲ့ ညွှန်ကြားချက်တွေက ရရှိနိုင်မှာ ပါ။ နေထိုင်မှုပုံစံပြောင်းလဲတာ၊ ဆေးလိပ် ဖြတ်တာ၊ ကိုယ်အလေးချိန်လျှော့ချတာ၊ လိုအပ်ပါက ဆေးဝါးသောက်သုံးတာ၊ ဟော်မုန်းကုသမှု ခံယူတာ၊ နှစ်သိမ့်ဆွေး နွေးအကြံပေးတာ စတာတွေကို ဆရာဝန် က ညွှန်ကြားပါလိမ့်မယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal