အမျိုးသမီးတိုင်းသိသင့်သော ဆီးအိတ်ကင်ဆာလက္ခဏာ ၅ ခု

အသက် ၆၅ နှစ်ကျော်လာတဲ့အခါ အမျိုးသမီးတွေက အမျိုးသားထက် ဆီး အိတ်ကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။ အများစုက သက်ကြီးအမျိုးသားတွေမှာ ဖြစ်ပွားမှုပိုများတယ်လို့ အထင်မှားနေ တတ်ကြပါတယ်။ အမေရိကန်နိုင်ငံမှာ နှစ်စဉ်ကင်ဆာရောဂါရှိသူ အမျိုးသမီး လူနာအသစ်ပေါင်း ၁၈၀၀၀ ကျော်ကို ရောဂါရှာဖွေတွေ့ရှိခဲ့ပါတယ်။ အများစု က ဆီးအိတ်ကင်ဆာရဲ့ အစောဆုံးလက္ခဏာတွေ ပြသတဲ့အချိန်မှာ သတိမထား မိတတ်ကြဘဲ ရောဂါပြင်းထန်ပြီး တခြား နေရာတွေအထိ ပျံ့နှံ့မှ၊ ကုသရခက်ခဲ ချိန်မှ သိရှိကြတာကြောင့် မဆုံးရှုံးသင့်ဘဲ အသက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ရပါတယ်။ အောက်ပါလက္ခဏာ ငါးခုက ဆီးအိတ် ကင်ဆာရဲ့ အစောဆုံး ရောဂါလက္ခဏာ တွေအဖြစ် ဖော်ပြနေတတ်တာကြောင့် သတိပြုဆင်ခြင်နိုင်စေဖို့ ရေးသားလိုက်ပါတယ်။

♥ ဆီးထဲတွင် သွေးပါခြင်း
ဆီးအိတ်ကင်ဆာရဲ့ အစောဆုံး လက္ခဏာရပ်ဖြစ်ပါတယ်။ အထူးသဖြင့် နာကျင်မှုမရှိဘဲနဲ့ သွေးပါတာက ရက်သတ္တပတ် အနည်းငယ်ကြာတဲ့အထိ ဖြစ်နေတတ်တာမျိုးပါ။ မိန်းကလေးအများစုက ရာသီသွေးဆင်းတာ ဒါမှမဟုတ် သွေးဆုံး တာမျိုးတွေနဲ့ ဆက်စပ်နေတယ်ထင်ပြီး လျစ်လျူရှုထားတတ်ကြပါတယ်။ ဆီးထဲ မှာ သွေးပါတိုင်းလည်း ဆီးအိတ်ကင်ဆာ ရဲ့ လက်္ခဏာတစ်ရပ် မဟုတ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ပြသတိုင်ပင်ဖို့ အရေးကြီးပါတယ်။

♥ ဆီးလမ်းကြောင်းပိုးဝင်တဲ့ လက္ခဏာရှိခြင်း
ဆီးအိတ်ကင်ဆာက ဆီးလမ်းကြောင်း ပိုးဝင်တဲ့လက္ခဏာအတော်များ များနဲ့ ဆင်တူတာကြောင့်မကြာခဏ မှား ယွင်းတတ်ပြီး ရောဂါလွတ်သွားတတ်ပါ တယ်။ လူနာက မကြာခဏ ဆီးသွားချင် တာ၊ ဆီးသွားချင်တာနဲ့ ထွက်ကျတာ၊ ဆီး သွားတဲ့အခါ နာကျင်တာ ဒါမှမဟုတ် ဆီး သွားတာ ပြတ်တောင်းပြတ်တောင်းဖြစ် တာတွေ ခံစားရနိုင်ပါတယ်။ သင့်မှာ ဆီး လမ်းကြောင်းနဲ့ပတ်သက်တဲ့ ဝေဒနာတွေ ခံစားနေရတယ်ဆိုရင် အချိန်မဆွဲဘဲ ဆ ရာဝန်နဲ့ ပြသင့်ပါတယ်။

♥ ဘာကြောင့်မှန်းမသိဘဲ နာကျင်မှုခံစားနေရ ခြင်း
နာကျင်မှုတွေ ခံစားရတာက ဆီး အိတ်ကင်ဆာနဲ့ဆက်စပ်နေနိုင်ပါတယ်။ နာကျင်မှုက ခန္ဓာကိုယ်ရဲ့ဘေးဘက်၊ ဝမ်း ဗိုက်ပိုင်းနဲ့ တင်ပါးဆုံပိုင်းတွေမှာ ခံစားရ နိုင်ပါတယ်။ အရိုးတွေအထိပါ နာကျင်မှု တွေ ခံစားနေရတယ်ဆိုရင်တော့ ကင်ဆာ က အရိုးတွေအထိပါ ပျံ့နှံ့နေတာမျိုး ဖြစ် နိုင်ပါတယ်။ ဆီးလမ်းကြောင်းရောဂါလက္ခဏာတွေ ရှိတယ်၊ နာကျင်မှုတွေလည်း ခံ စားနေရတယ်ဆိုရင် ဆရာဝန်နဲ့ပြသပြီး ဖြစ်နေတဲ့၊ ခံစားနေရတဲ့ဝေဒနာတွေကို သေချာစွာ ပြောပြတိုင်ပင်ပါ။

♥ အစားအသောက်ပျက်ခြင်း
အစားအသောက်ပျက်တာက ကင် ဆာရောဂါအများစုရဲ့ လက္ခဏာတစ်ရပ်ပါ။ ဆီးအိတ်ကင်ဆာမှာလည်း ဒီလိုပါပဲ။ ကင်ဆာရောဂါရင့်လာပြီး တခြားနေရာ တွေကိုပါ ပျံ့နှံ့လာပြီဆိုရင် အစာစားချင် စိတ်မရှိတာ၊ မောပန်းနွမ်းနယ်တာနဲ့ အားနည်းတာမျိုးတွေ ခံစားရနိုင်ပါတယ်။ အစားအသောက်ပျက်တာအပြင် တခြား ရောဂါလက္ခဏာတွေလည်း ခံစားနေရ တယ်ဆိုရင် အချိန်ဆွဲမနေဘဲ ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။

♥ ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်တဲ့ အမျိုးသမီး တွေရဲ့ ၅၀ ရာခိုင်နှုန်းမှာ ဆီးအိတ်ကင် ဆာ ဖြစ်ပွားတာကို တွေ့ရတယ်လို့ လေ့လာသူတွေက ပြောပါတယ်။ ဆေးလိပ် သောက်တာက ကင်ဆာရောဂါဖြစ်နိုင်ခြေများတဲ့ အချက်တစ်ချက်ပါ။ သင်က ဆေးလိပ်သောက်သူတစ်ယောက်ဖြစ်တယ်၊ အပေါ်မှာရေးခဲ့တဲ့လက္ခဏာတွေလည်း ရှိတယ်ဆိုရင် ပေါ့ဆမနေသင့်ဘဲ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ အမျိုးသမီးတွေ မှာ ဆီးအိတ်ကင်ဆာဖြစ်ရင် လွတ်သွား တတ်တာကြောင့် ရောဂါနောက်ကျပြီး ကုသရခက်ခဲတဲ့အချိန်မှ သိရှိတာများပါ တယ်။ ဆီးလမ်းကြောင်းနဲ့ပတ်သက်တဲ့ ဘယ်လို ပြဿနာမျိုးပဲ ကြုံတွေ့ပါစေ ဆရာဝန်နဲ့ ပြသစစ်ဆေးလိုက်တာက ရောဂါကြီးကြီးမားမားတွေကို လွတ်ကင်း အောင် ကုသနိုင်မှာဖြစ်ပါတယ်။

♥ ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal