အရှင်လား …အသေလား

အရှင်လား၊ အသေလား ဆိုပြီးရေး လိုက်တော့ သိပ်ကြမ်းသွားမယ်လို့ ထင် လေမလားပဲ။ တကယ်တော့ အသေ၊ အ ရှင်ဆိုတာ လူတစ်ယောက်ရဲ့အသက်ကို ပြောတာတော့ မဟုတ်ပါ။
ကျွန်ုပ်တို့လူတွေက ဘယ်သူက ဘာပဲလုပ်လုပ် အကြောင်းစုံကို ဂဃဏန သိမှ လက်ခံသင့်လက်ခံရပါတယ်။ သူက ဆရာဝန်မို့ သူက ပိုသိတာမှန်သော်လည်း ကိုယ်တိုင် တွေးခေါ်တတ်စေချင်တယ်။ တွေးခေါ်တတ်ဖို့ ဆရာဝန်စာရေးဆရာ တွေက ကျန်းမာရေးဆောင်းပါးတွေကို ဂျာနယ်၊ မဂ္ဂဇင်း၊ သတင်းစာတွေမှာရေး နေရတာပေါ့။ ဒါတွေကိုဖတ်ပြီး ကိုယ့်ဟာ ကိုယ် စဉ်းစားတတ်အောင်၊ ကျန်းမာရေး အသိရှိအောင် လုပ်ရတယ်မဟုတ်ပါ လား။ မြတ်စွာဘုရားရှင်ပြောတဲ့စကား ထဲက စကားတစ်ခွန်းကတော့ အကြိုက် ဆုံးပါ။ ငါ ဘုရားရှင်မို့လို့ ဟောပြောတာ တွေဆိုပြီး မယုံကြည်ဘဲ ကိုယ်တိုင်ချင့် ချိန်ပြီးမှ ယုံပါတဲ့။ ဒီတော့ အရှင်လုပ်မ လား။ အသေလုပ်မလားဆိုတာ မိမိဘာ သာ စဉ်းစားကြည့်။ အကောင်းအဆိုးကို ချိန်ထိုးကြည့်။
ကျွန်ုပ်တို့သွားတွေဆိုတာ မွေးတုန်း က ငယ်သွား၊ အရွယ်ရလာတော့ ငယ် သွားလဲတယ်ဆိုပြီး ကြီးသွားဆိုပြီးပြောင်း ပြီးပေါက်။ သေရာပါသွားတွေပေါ့။ ငယ် စဉ်က ဂရုစိုက်ရသလို ကြီးတော့လည်း သွားကို ဂရုစိုက်ရတာပဲ။ တချို့ ကြီးလို့ သာသွားတယ်။ သွားတစ်ချောင်းမှကို မကျိုးကြတာတွေ ရှိသလို တချို့ကျတော့ လူလတ်ပိုင်းမှာပဲ သွားတွေ ပိုးစားလို့ တစ်ချောင်းပြီးတစ်ချောင်းချွတ်ပစ်ရင်း က ကျွဲတစ်ဖက်၊ နွားတစ်ဖက် ကျိုးတိုးကျဲ တဲတွေဖြစ်၊ သွားမှန်မှန်တိုက်တာပဲ။ ည ဘက်လည်း သွားတိုက်အိပ်တာပဲ။ သွားမ ကောင်းသူတွေက မကောင်း။ မိသားစု ရာဇဝင်အလိုက် သွားမကောင်းကြတာ။
အဲဒီလိုသွားတစ်ချောင်း၊ နှစ်ချောင်း တွေမရှိကြတော့ဝါးသာဝါးရတယ်။ အစာ က အဲဒီနေရာရောက်တော့ မကြေညက်။ ဒီတော့ ရွဲ့စောင်းပြီး ကိုက်ရတော့ ဘေး သွားတွေလည်းယိုင်ကုန်တာပေါ့။ ဒီကြား ထဲကွမ်းကြိုက်သူဆို ပိုဆိုးသေး။ အမာ တွေ လှိမ့်ဝါးနေတော့ ပိုယိုင်ကုန်ရော။
အဲဒီတော့ သွားစိုက်ရပြီ။ အသေ စိုက်လား၊ အရှင်စိုက်လားဆိုပြီး ဆရာဝန် က မေးတော့ ကောင်းတာ၊ အလုပ်မရှုပ် တာလည်း လုပ်ချင်ကြတယ်။ ဒီအတွက် စဉ်းစားရအောင်။
အသေစိုက်ဆိုတာက ကျိုးသွားတဲ့ နေရာ၊ လစ်ဟာနေတဲ့နေရာမှာ အသက် မဲ့သွားကို ထည့်မယ်။ ဘေးကသွားတစ် ချောင်း ဒါမှမဟုတ် နှစ်ချောင်းလောက်ကို နိမ့်သွား၊ သေးသွားအောင် တိုက်ပစ်ရ တယ်။ သတ္တုက အဲဒီတိုက်စားထားတဲ့ သွားပေါ်ကနေစွပ်၊ ကော်သုတ်ပြီးကပ် လိုက်တယ်။ အဲဒီအစွယ်သွားနဲ့လွတ်နေ တဲ့သက်မဲ့သွားကချိတ်လိုက်တာကို အ သေစိုက်တယ်လို့ ခေါ်တာပေါ့။ ကော် သုံးရတဲ့အတွက် နိုင်ငံအလိုက်ထည့်ရတဲ့ ကော်က ဈေးအနည်းအများရှိပါတယ်။ သောင်းဂဏန်းကျော်လောက်ရှိပါတယ်။ သွားပြန်ဖြုတ်၊ ပြန်တပ်မလုပ်ရ။ ဒီအ တိုင်းနေရုံ၊ အလုပ်မရှုပ်၊ ဒါပေမဲ့ ကော် က သက်တမ်းကုန်လာရင် လစ်ဟာပြီး အစာရည်တွေက စိမ့်ဝင်။ တိုက်စားထား တဲ့ သွားငုတ်တိုကို အတွင်းက လှိုက်စား တာ၊ ငုံထားတဲ့သတ္တုပေါက်တာတွေ ဖြစ် တတ်ပါတယ်။ တချို့စိုက်ထားပြီး ထိခိုက် မှာစိုးလို့ ကောင်းတဲ့ဘက်ကိုပဲဝါးစားနေ ကြပါတယ်။ ကော်သက်တမ်းကုန်လို့ အ တွင်းထဲအရည်အောင်းနေရင် အနံ့ဆိုး ထွက်၊ အတွင်းလှိုက်စားတာ ကြာတော့ ငုတ်စိသွားက ဆွေးလို့ပြန်တပ်မယ်ဆို တော့ မခိုင်နိုင်။
အရှင်စိုက်ကတော့ ဘေးကပ်လျက် သွားကို မတိုက်စားရဘဲ လစ်နေတဲ့သွား လေးကိုထည့်ပြီး ဘေးကသွားနဲ့ချိတ် ထားလိုက်တာ။ မာတာလည်း ဝါးစားနိုင် တယ်။ ကောင်းကျိုးကတော့သွားကို ဘာ မှမထိခိုက်။ ဘေးကသွားကိုတိုက်စားလို့ ကျဉ်တာတွေမရှိ။ အချိန်ကုန်သက်သာ၊ စရိတ်လည်းသက်သာပြီး မကောင်းတာ က ညဘက်ချွတ်ပြီးဆေးရတယ်။ စား ကြွင်းစားကျန်မရှိတော့ အနံ့ဆိုးလည်း မ ထွက်နိုင်။ အလုပ်တော့ နည်းနည်းရှုပ်ပေ မယ့် ညဘက် တစ်ခါဖြုတ်၊ မနက် ပြန် တပ်ရတဲ့ဝီရိယလေးတော့ ထားရုံလောက် ပါပဲ။ ဈေးနှုန်းကလည်း သက်သာလှတော့ ဆရာဝန်တွေကတော့ သူတို့ကိုယ်တိုင် အဲဒီလိုပဲ လုပ်နေကြပါတယ်။
အခုနောက်ပိုင်းတော့ Implant လို့ ခေါ်တဲ့ လွတ်နေတဲ့သွားနေရာကို မေးရိုး ထဲသတ္တုပစ္စည်းရိုက်ထည့်ပြီး အဲဒီငုတ် တိုင်ကို အပေါ်ကနေသွားပုံစံတုလို စွပ် ပြီး ဝက်အူရစ်လုပ်လိုက်ရပါတယ်။ တစ် ချောင်းကို ကျပ် ၁၀ သိန်းကျော်ကုန်ပါ တယ်။ အရှင်လား၊ အသေလားဆိုတာက တော့ မိမိဘာသာ ချင့်ချိန်ပြီး စိုက်ကြပါ ဗျာ။

အေးကမ္ဘာ ဒေါက်တာ ချစ်

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *