အလိုချင်ဆုံးချစ်မေတ္တာ

ဘ၀မှာရှင်သန်ဖို့အတွက် ကလေး တိုင်း ချစ်ခြင်းခံရဖို့ လိုအပ်ပါတယ်။ အ ချစ်မခံချင်တဲ့ ကလေးဆိုတာ မရှိပါဘူး။ လူကြီးတွေမှာမှ လိုအပ်ချက်တွေ ရှိတာ မဟုတ်ပါဘူး။ ကလေးတွေမှာလည်း လို အပ်ချက်လေးတွေ ကိုယ်စီရှိကြပါတယ်။ ငယ် စဉ်ကလေးဘ၀မှာ လိုအပ်ချက်တွေ အပြည့်အဝရရှိဖို့ လိုပါတယ်။ ကလေးရဲ့ လိုအပ်ချက်ကိုသိပြီး လိုတာကို ဖြည့်ဆည်း ပေးလိုက်တာက ကလေးနဲ့ ကလေးကို စောင့်ရှောက်တဲ့မိဘ ဒါမှမဟုတ် Care-giver ရဲ့ Relationship က ခိုင်မြဲမှာ ဖြစ်ပါတယ်။
ကလေးအတွက်လိုအပ်ချက်ဆိုတဲ့ နေရာမှာ ငွေကုန်ကြေးကျခံနိုင်မှ ဖြည့် ဆည်းပေးနိုင်တာမျိုးမဟုတ်ပါဘူး။ ဖတ် ဖူးတာတစ်ခု ပြောပြချင်ပါတယ်။ သူက ကနေဒါလူမျိုးတစ်ဦးပါ။ သူ့နာမည်က မက်စ်ပါ။ မက်စ်က သူအသက်ကြီးလာတဲ့ အခါမှာမှ သူ့ငယ်ဘ၀အဖြစ်အပျက်ကို ပြန်လည် ဝေမျှထားတဲ့ အကြောင်းပါ။ မက်စ်ပြောတာက သူ ငယ်ငယ်တုန်းက သူတို့ မိသားစုဟာ ဆင်းရဲမှန်း သူ မသိခဲ့ ပါဘူးတဲ့။ သူ့မိခင်က ဖခင်မရှိဘဲ တစ်ဦး တည်းနဲ့ သားခုနစ်ယောက်ကို ပြုစုပျိုး ထောင်ပေးခဲ့တာပါ။ သူ့အမေက အလုပ် မျိုးစုံလုပ်ပြီး သူတို့ကို ကျွေးမွေးခဲ့တာဖြစ် ပါတယ်။ မက်စ်တို့ ညီအစ်ကို ခုနစ် ယောက်စလုံးဟာ ဗိုက်ဆာတဲ့အချိန်တိုင်း စားစရာရှိတယ်၊ ဝတ်ဖို့ဆိုလည်း အသစ် မဟုတ်ပေမယ့် သူများပေးတဲ့ အဝတ် တွေရှိလို့ ဝတ်စရာလည်းရှိခဲ့တယ်၊ အမေ အလုပ်သွားလည်း ညီအငယ်ကို အစ်ကို ကြီးက အနားမှာ အချိန်ပြည့် ရှိနေပေး တာမို့ အထီးကျန်တယ်ဆိုတဲ့ ခံစားချက် ကို မရှိခဲ့ပါဘူးတဲ့။
ဒီ မက်စ်ရဲ့ အကြောင်းက ဥပမာ ကောင်းတစ်ခု ဖြစ်ပါတယ်။ မိသားစုဝင် တွေဟာ တစ်ဦးနဲ့တစ်ဦး ဖေးဖေးမမရှိ မယ်၊ နွေးနွေးထွေးထွေးကြင်ကြင်နာနာ ရှိပေးမယ်၊ လိုအပ်ချက်ဆိုတာမရှိအောင် ဖြစ်တဲ့နည်းနဲ့ အတတ်နိုင်ဆုံး အပြန်အ လှန် ဖြည့်ဆည်းပေးမယ်ဆိုရင် ဒါဟာ ကလေးတစ်ယောက် ကောင်းစွာ ဖွံ့ဖြိုး နိုင်ဖို့ အထောက်အကူ အများကြီးပေးစွမ်း နိုင်ပါတယ်။ ဒါကို အချက်အလက်နဲ့ ပြန် ရေးရမယ်ဆိုရင် လေးချက်ရှိပါတယ်။

(၁) ကလေးနဲ့ Caring Relationship တည်ဆောက်ပါ
ကလေးငယ်တွေဟာ သူတို့ဘ၀အ တွက်အရေးပါတဲ့ မိဘ၊ Caregivers တွေနဲ့ စိတ်ပိုင်းဆိုင်ရာဆက်နွှယ်မှု ခိုင် မာဖို့ လိုပါတယ်။ ကလေးရဲ့ ကိုယ်ခန္ဓာ ကျန်းမာဖို့အတွက် ဂရုစိုက်ပါ။ ကလေး ငယ်အတွက် အချိန်ပေးပြီး သင်ဂရုစိုက် ကြောင်း၊ ချစ်ကြောင်း ပြသပါ။ ကလေး ကိုမြှူတာ၊ စကားပြောပေးတာ၊ ကစား ပေးတာ၊ သီချင်းဆိုပြတာ၊ စာဖတ်ပြ တာတွေလုပ်ပေးပါ။ နေ့စဉ်နဲ့အမျှ လုပ် ပေးတဲ့အခါ ကလေးနဲ့ ခိုင်မာတဲ့ စိတ်ပိုင်း ဆိုင်ရာဆက်နွှယ်မှုကို ရရှိလာမှာပါ။

(၂) ကလေးအတွက် Safe Base တည် ဆောက်ပါ
တစ်နည်းအားဖြင့် ကလေးအတွက် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်မှာ ရှင် သန်စေပါ။ ကလေးနဲ့စိမ်းတဲ့ နေရာကို သွားရင် ကလေးကို ပိုပြီးတော့ ဂရုစိုက် ပေးဖို့လိုပါ တယ်။ သင်ဟာ ကလေးငယ် အတွက် အမြဲတမ်း အဆင်သင့်ရှိနေမယ့် သူ၊ အကာအကွယ်ပေးမယ့်သူဆိုတာ ကလေးသိ ဖို့လိုပါတယ်။ ဒါက ဘယ်နေ ရာပဲသွားသွား ကလေးက သင်ရှိနေတယ် ဆိုရင် အကြောက်နည်းသွားပါလိမ့်မယ်။

(၃) ကလေးငယ်ရဲ့ စူးစမ်းလေ့လာနိုင်စွမ်း မြင့်အောင် ထောက်ပံ့ပါ
ဒီအတွက် ဈေးကြီးတဲ့ကစားစရာ တွေဝယ်ပေးမှ မဟုတ်ပါဘူး။ ကလေး ငယ်အတွက် ရိုးရှင်းပြီး တန်ဖိုးနည်းတဲ့ ကစားစရာတွေဖန်တီးပေးနိုင်ပါတယ်။ အလွယ်တကူရရှိနိုင်တဲ့ အုန်းဆန်ခွံ၊ ခရု ကမာခွံ၊ ဝါး၊ ဖျာနဲ့ရက်လုပ်တဲ့အရုပ်တွေ၊ ပလက်စတစ်ခွက်ငယ်တွေ၊ ခွက်အမျိုး မျိုးတွေကို အသုံးပြုပြီး ကလေးငယ်နဲ့ အတူ ကစားပေးပါ၊ ကလေးကို စူးစမ်း လေ့လာဖို့ တွန်းအားပေးပါ။ အဓိက က တော့ ကလေးတွေ စူးစမ်းလေ့လာဖို့ နေ ရာ၊ အထောက်အကူပြုပစ္စည်းတွေက ကလေးအတွက် အန္တရာယ်ကင်းဖို့ အ ရေးကြီးပါတယ်။

(၄) ကလေးငယ်ရဲ့ ဘာသာစကားကို လေ့လာပါ
ကလေးငယ်က သူ့လိုအပ်ချက်ကို လူကြီးတွေလိုမျိုး အတိအကျ ပြောနိုင် မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကလေးငယ် က သူတို့လိုအပ်တာ၊ လိုချင်တာကို ဘယ်လို Communicate လုပ်လဲ၊ ဘယ်လို Signal အချက်တွေပြလဲ ဆို တာတွေကို ကလေးနားနေပြီး သင်ယူ လေ့လာပါ။ ဒါမှ ကလေးလိုချင်တာ၊ လို အပ်တာနဲ့ သင်ပေးတာက ကွက်တိဖြစ် မှာပါ။ ကလေးက ဗိုက်ဆာတာလား၊ ပင်ပန်းလို့လား၊ စိတ်လှုပ်ရှားတာလား စသဖြင့်တွေကို ကလေးက ဘယ်လို အသိပေးလဲဆိုတာ ကိုယ်တိုင်သိအောင် လုပ်ဖို့လိုပါတယ်။

ထူးဒါလီကိုကို (MPharm) 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *