အလိုလိုနေရင်း ပင်ပန်းနေပြီလား

ဘာမှသိပ်မလုပ်ရဘဲ ပင်ပန်းနွမ်းနယ်နေတာမျိုးဖြစ်နေတာကြာနေပြီလား။ ဒါဆိုရင် ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ဖို့လိုနေပါပြီ။ လူအများကတော့ အိပ်ရေးပျက်တာ၊ အိပ်ရေးမဝတာကြောင့်လို့ပဲ ထင်နေတတ်ပါတယ်။ ဟုတ်တော့ ဟုတ်ပေမယ့် ဒါတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ ကိုယ်ပြုမူနေထိုင်နေတဲ့ တခြားသောပုံစံတွေကလည်း ကိုယ့်ကို တစ်နေ့လုံး နုံးချိပင်ပန်းစေပါတယ်။ ဒါလေးတွေကို သတိထားဆန်းစစ်ပြီး ပြန်လည်ပြုပြင်လိုက်မယ်ဆိုရင် ကိုယ့်ရဲ့ စွမ်းအင်တွေ အသားလွတ် မဆုံးရှုံးတော့ဘဲ အရင်လိုတက်ကြွလန်းဆန်းစွာ ပြန်လုပ်နိုင်တော့မှာပါ။

 

(၁) ကိုယ်လက်လှုပ်ရှားမှုနည်းတာ

တကယ်လို့ ကိုယ့်အလုပ်ဟာ Sedentary life style ဆိုတဲ့ စားပွဲနဲ့ကုလားထိုင်မှာတင် တစ်နေ ကုန်နေရပြီး လှုပ်ရှားမှုမရှိတဲ့ ပုံစံမျိုးဆိုရင်တော့ အလကားနေရင်းပင်ပန်းသလို ခံစားနေရတာ သိပ်မထူးဆန်းပါဘူး။ လေ့လာမှုတွေအရ နေ့စဉ်ကိုယ်လက်လှုပ်ရှား အားကစားတစ်ခုခု ပုံမှန်လုပ်သွားမယ် ဆိုရင် ၆ ပတ်အကြာမှာ နေရတာသိသိသာသာ လန်းဆန်းတက်ကြွနေတာကို ခံစားလာရမှာပါ။ ပုံမှန်လေ့ကျင့် ခန်းတွေလုပ်တာဟာ သက်လုံကောင်းစေတဲ့အပြင် နှလုံးနဲ့သွေးလှည့်အဖွဲ့ကို ကောင်းစွာလည်ပတ်စေတဲ့ အတွက် တစ်သျှူးတွေဆီ အောက်စီဂျင်နဲ့ အာဟာရဓာတ်တွေ သယ်ယူပို့ဆောင်မှုကို ချောမွေ့လွယ်ကူစေ ပါတယ်။ လူကြီးတွေအနေနဲ့ တစ်နေ့ကို ၁၅ မိနစ်လောက် ကိုယ်လက်လှုပ်ရှားမှုလုပ်တာနဲ့တင် လုံလောက် တယ် ဆိုပါတယ်။ ပုံမှန်လုပ်နေကျ လေ့ကျင့်ခန်းကိုလည်း ကိုယ်ပင်ပန်းမှာစိုးတာနဲ့ လျော့လုပ်မယ်ဆိုရင် ကြာ လာတာနဲ့အမျှ နွမ်းနယ်တဲ့ခံစားချက်မျိုး ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် အလုပ်တွေ အများကြီးလုပ်ရမှ ပင်ပန်း တာမဟုတ်ပါဘူး။ လှုပ်ရှားမှုမရှိတဲ့ နေထိုင်မှုပုံစံကလည်း ကိုယ့်ရဲ့ စွမ်းအင်နဲ့ သက်လုံတွေကို ကျဆင်းစေပြီး ပင်ပန်းနွမ်းနယ်မှုတွေကို ခံစားရစေပါတယ်။

ပြုပြင်ခြင်း –

  • လုပ်ငန်းခွင်မဝင်ခင် မနက်အစောဖြစ်စေ၊ အလုပ်ကအပြန်ဖြစ်စေ workout တစ်ခု (gym ဖြစ်ဖြစ်၊ အပြေးလေ့ကျင့်ခန်းဖြစ်ဖြစ်) ပုံမှန်လုပ်ပါ။
  • အလုပ်မှာ break time တစ်ခုထားပြီး ရုံးဝန်းကျင်၊ ကားပါကင်၊ ဒါမှမဟုတ် မုန့်ဆိုင်ရှိရာကို လမ်းလျှောက်တာမျိုး လုပ်ပါ။ တစ်နာရီခြားတစ်ခါ အညောင်းညာပြေ ခြေဆန့်လက်ဆန့် လုပ်ပါ။
  • တချို့နိုင်ငံတွေမှာဆိုရင်တော့ ကုလားထိုင်မထားပဲ အလုပ်လုပ်တာမျိုး၊ ထိုင်ခုံအစား လေ့ကျင့်ခန်းလုပ်တဲ့ ဘောလုံးပေါ်မှာထိုင်ပြီး အလုပ်လုပ်တာမျိုးတွေ လုပ်ကြပါတယ်။

 

(၂) ရေသောက်နည်းတာ

ခနာကိုယ်က ပုံမှန်ရေဓာတ်ဆုံးရှုံးတာထက် ၂ ရာခိုင်နှုန်းလျော့နည်းတာ လေးကတောင် ခနာကိုယ်ရဲ့ စွမ်းအင် အပေါ်သက်ရောက်မှုရှိပါတယ်။ လေ့လာချက်တွေအရ ကျွန်မတို့တတွေဟာ တစ်နေ့ကို ရေလေးခွက် ပြည့် အောင်တောင် မသောက်ဖြစ်ကြဘူးလို့ သိရပါတယ်။ ဒီတော့ လိုအပ်တဲ့ရေဓာတ်ကို လုံလုံလောက်လောက် မရ တဲ့အတွက် ခနာကိုယ်ထဲက သွေးထုထည်ဟာ နည်းလာပြီး ခပ်ပျစ်ပျစ်ဖြစ်လာပါတယ်။ ဒီသွေးပျစ်ပျစ်တွေကို နှလုံးက ညှစ်ထုတ်ရတာ မသွက်လက်တဲ့အတွက် အောက်စီဂျင်နဲ့ အာဟာရဓာတ်တွေကို တစ်သျှူးတွေဆီ ပို့ဆောင်ရာမှာ နှေးကွေးမှုတွေဖြစ်လာပြီး မောပန်းနွမ်းနယ်မှုတွေ စတင်ခံစားလာရစေပါတယ်။ ဦးနှောက်၊ နှလု့းနဲ့ ကြွက်သားတွေဟာ ဓာတ်ဆားနဲ့ရေ ဓာတ်ကို အဓိကလိုအပ်တဲ့ အစိတ်အပိုင်းတွေ ဖြစ်ပြီး ရေဓာတ်နည်းပါးလာတဲ့အခါမှာ သက်ရောက်မှုတွေ အသိသာဆုံးဖြစ်ပါတယ်။ မောပန်းလွယ်တာ မလှုပ်ချင်မကိုင်ချင်တာ၊ စိတ်မကြည်လင်တာနဲ့ အာရုံစူးစိုက်ရခက်ခဲတာတွေ ဖြစ်လာပါတော့တယ်။

ပြုပြင်ခြင်း –

တစ်နေ့တာလုံး ရေများများသောက်ပေးတဲ့အပြင် အသီးအရွက်တွေ စားပေးတာကလည်း လိုအပ်တဲ့ ရေနဲ့ ဓာတ်ဆားပမာဏကို ရရှိစေပါတယ်။ ဥပမာ – အုန်းရည်၊ ဖရဲသီး၊ သခွားသီး၊ ကီဝီသီး မုန်လာဥနီ၊ နာနတ်သီး စတဲ့ အရည်ရွှမ်းတဲ့ သစ်သီးတွေ စားသုံးတာကလည်း ရေဓာတ်နည်းပါးတာကို ကာကွယ်ပြုပြင်ပေးနိုင်ပါလိမ့်မယ်။

လူတစ်ယောက်နေ့စဉ် ပုံမှန်သောက်သင့်တဲ့ ရေပမာဏ = ကိုယ်အလေးချိန် (ပေါင်) x ၀.၅ အောင်စ

 

 

(၃) သံဓာတ်လုံလုံလောက်လောက်မရခြင်း

သံဓာတ်ချို့ယွင်းတာကလည်း လူကို ထိုင်းမှိုင်းလေးလံစေပြီး အားနည်းတဲ့ခံစားချက်မျိုး၊ နွမ်းနယ်သလိုမျိုး၊ အာရုံကောင်းကောင်းစိုက်မရတာမျိုးတွေ ဖြစ်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ သွေးနီဥလေးတွေမှာပါတဲ့ Hemoglobin ဟာ သံဓာတ်ကို အသုံးပြုပြီး အောက်စီဂျင်ကို သယ်ဆောင်ရတဲ့အတွက် လိုအပ်တဲ့ သံဓာတ်တွေ ကောင်းကောင်းမရတဲ့အခါ သွေးအားနည်းလာပြီး အောက်စီဂျင်ပို့ဆောင်မှုတွေမှာ အခက်ခဲတွေ ဖြစ်လာပါ တယ်။ ဒီအခါမှာ သွေးအားနည်းရောဂါရဲ့ ကနဦးလက္ခဏာအနေနဲ့ မောပန်းနွမ်းနယ်တာတွေ ကြုံတွေ့ခံစား လာရ တော့တာပါပဲ။

သဘာဝကုထုံး

ဒါကို ကြိုတင်ကာကွယ်ချင်ရင်ဖြစ်ဖြစ်၊ သက်သာပျောက်ကင်းချင်ရင်ဖြစ်ဖြစ် သံဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို ဂရုတစိုက်စားရပါမယ်။ အမဲသား၊ ပဲကြီး၊ ဝက်အသည်း၊ ဥအမျိုးမျိုး၊ ဟင်းနုနယ်၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်  (ချက်ပြုတ်ကြော်လှော်လိုက်ရင် အမဲရောင်ပြောင်းသွားတဲ့အရွက်အားလုံး)၊ မြေပဲ၊ ထောပတ်မြေပဲ၊ ဗီတာမင် စီကြွယ်ဝတဲ့အစားစာ (အူနံရံကနေ သံဓာတ်တွေကို စုပ်ယူတဲ့အခါမှာ ဗီတာမင်စီဟာ စုပ်ယူမှုအားကောင်းစေပါတယ်) တွေကို စားပါ။ ဒါမှမဟုတ် သံဓာတ်အားဆေးတွေ သောက်လို့လည်းရပါ တယ်။ ဒါနဲ့မှ မသက်သာဘူးဆိုရင် တချို့ရောဂါတွေကြောင့်လည်း သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းရောဂါကို ဖြစ်စေပါတယ်။ ဒါဆိုရင်တော့ ဆေးခန်းသေချာ ပြဖို့လိုပါလိမ့်မယ်။

 

(၄) မနက်စာ မစားတာ

ကိုယ်စားလိုက်တဲ့အစားစာတွေဟာ ခနာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှုတွေလုပ်ဆောင်တဲ့နေရာမှာ လိုအပ်တဲ့စွမ်းအင် အတွက် လောင်စာအဖြစ်ပြောင်းလဲအသုံးပြုရပါတယ်။ ညစာစားပြီး အိပ်လိုက်တဲ့အချိန်မှာ ကိုယ်စားထားတဲ့ည စာဟာ အိပ်ပျော်နေတုန်း ကိုယ်တွင်းက ဇီဝရုပ်ဖြစ်စဉ်တွေအတွက် အသုံးပြုနေပါတယ်။  ဒါကြောင့် မနက်နိုးတဲ့အခါမှာ ကုန်ခမ်းလု နီးဖြစ် နေတဲ့လောင်စာ တွေအတွက် မနက်စာစားပြီး ပြန်လည် ဖြည့်တင်းပေးမှသာ တစ်နေ့လုံးစွမ်းအင်အပြည့်နဲ့ တက်တက် ကြွကြွဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။  အကြောင်းအမျိုးမျိုးကြောင့် မနက်စာ မစားဖြစ်တဲ့ အခါမှာတော့ စွမ်းအင်လုံလုံလောက် လောက် မရရှိတဲ့အတွက် ပင်ပန်းနွမ်းနယ်မှုကို တစ်နေ့လုံး ခံစားနေ ရမှာပါ။

ကစီဓာတ်၊ အသားဓာတ်နဲ့ အဆီဓာတ် မျှတစွာပါဝင်နေတဲ့မနက်စာကို မပျက်မကွက် နေ့စဉ်စားဖြစ်အောင် ကြိုးစားဖို့ လိုပါတယ်။

ပြုပြင်ခြင်း –

ညကတည်းက မနက်စာအတွက် ကြိုတင်စီစဉ်ထားတာမျိုး၊ သောကြာနေ့လို အလုပ်ကအပြန် လျှောက်လည် တဲ့အခါတွေမှာ တစ်ပတ်စာ ဝယ်ယူသိမ်းဆည်းထားမျိုး လုပ်ပါ။

မနက်စာမှ မဟုတ်ပါဘူး။ နေ့စဉ်စားသောက်တဲ့ အစားစာတွေထဲမှာ အချိုဓာတ်လွန်ကဲတဲ့ အစားအသောက်တွေ၊ ကဖင်းဓာတ်တွေ၊ အယ်လ်ကိုဟောဓာတ်တွေ ကို တတ်နိုင်သလောက် ရှောင်ပြီး ဗီတာမင် ဘီ ကြွယ်ဝတဲ့ အသား၊ ဥအမျိုးမျိုး၊ အသီးအရွက်တွေ၊ ကယ်လ်စီ ယမ်၊ စီလီနီယမ်၊ ဇင့်ဓာတ်ကြွယ်ဝတဲ့ နို့ထွက်ပစ္စည်းတွေ၊ အိုမီဂါသရီးဖက်တီးအက်စစ် ပါတဲ့ငါးကြီးဆီ စတာ တွေကို မျှတစွာ စားဖို့လိုပါတယ်။

 

(၅) အလုပ်နေရာ ရှုပ်ပွနေခြင်း

ကိုယ်အလုပ်လုပ်တဲ့ စားပွဲနေရာ ရှုပ်ပွနေတာကလည်း အာရုံစူး စိုက်နိုင်စွမ်းနဲ့ဦးနှောက်ရဲ့ စပ်ဆက်တွေးခေါ်မှု စွမ်း ရည်ကို ကျ ဆင်းစေပါသတဲ့။

ပြုပြင်ခြင်း-

ဒါကြောင့် ကိုယ့်အလုပ်နေရာကို စနစ်တကျ သပ်သပ်ရပ်ရပ် စီစဉ်ထားမယ်ဆိုရင် နေ့တစ်နေ့ မှာ အစပြုဖို့ အတွက် စိတ်အာရုံတွေကြည်လင်လန်းဆန်းနေစေပြီး အလုပ် လုပ်ရာမှာ စိတ်ငြီးငြူမှုတွေ မဖြစ်တော့ပါဘူး။

 

(၆) နားရက်မှာတောင် အလုပ်လုပ်ခြင်း

 

ကိုယ်ဟာ ပိတ်ရက်မှာတောင် မနားဘဲ အလုပ်ကြိုးစားလွန်းတဲ့လူမျိုးဆိုရင်တော့ ကိုယ့်ကိုယ်ကိုဂရုစိုက်ပေးဖို့ လိုနေပါပြီ။ အီလက်ထရောနစ်ပစ္စည်းတွေကို တောက်လျှောက်အသုံးပြုတဲ့အခါ ဝါယာကြိုးတွေ heat တက်ပြီး ရှော့ရသလိုမျိုး ပေါ့။ နားရက်မှာတောင် အီးမေးလ်တွေစစ်၊ ရုံးကယူလာတဲ့ စာရင်းဇယားတွေ လုပ်နေဦးမယ်ဆိုရင် over heating ရတဲ့ မော်နီတာစက်လိုမျိုး ဦးနှောက်ဟာ ထူပူပြီး ရွှင်ရွှင်လန်းလန်းရှိတော့ မှာ မဟုတ်ပါဘူး။ သူ့အချိန်နဲ့သူနားပြီးမှ အလုပ်ပြန်လုပ်မယ်ဆိုရင်တော့ ပင်ပန်းနွမ်းနယ်တဲ့ ခံစားချက်မျိုး မရှိတော့ဘဲ တီထွင်နိုင်စွမ်းတွေ၊ ဆုံးဖြတ်နိုင်စွမ်းတွေ၊ စွမ်းဆောင်ရည်တွေ ပိုလို့တောင် တက်လာပါလိမ့်မယ်။

 

(၇) အရက် (သို့) ဝိုင်သောက်ခြင်း

အရက်တစ်ခွက်၊ ဝိုင်တစ်ခွက်က ကျန်းမာရေးအတွက်ကောင်းစေတယ်ဆိုပြီး မအိပ်ခင် အရက်တစ်ခွက်၊ ဝိုင်တစ်ခွက်သောက်မယ်ဆိုရင် မလိုလားအပ်တဲ့ နောက်ဆက်တွဲတွေ ဖြစ်လာပါလိမ့်မယ်။ အယ်လ်ကိုဟောဓာတ်ဟာ ခနာကိုယ် တွင်းမှာ adrenaline ကို ဆောင့်တက်လာစေပြီး ညကြီးသန်းခေါင်ကျော်  သုံးလေးနာရီမှ လန့်နိုးလာတာမျိုးတွေကို ဖြစ်စေပါတယ်။ ဒါဆိုရင် လုံလောက်တဲ့ အနားယူမှုမျိုးကို ပြည့်ပြည့်ဝဝမရတဲ့အတွက် မနက်ခင်း သွားလာလှုပ်ရှားနေသမျှ ပင်ပန်းနွမ်းနယ်နေမှာပါ။

 

(၈) ညအိပ်ခါနီး ဖုန်းသုံးခြင်း

ကျွန်မတို့ခနာကိုယ်ဟာ နေ့အလင်းရောင်လျော့နည်းလာတာနဲ့အမျှ မယ်လတိုနင် melatonin  ဆိုတဲ့ ဟော်မုန်းထွက်လာပြီး အိပ်ချင်စိတ်ကို ဖြစ်စေပါတယ်။ ဒါကြောင့် ညအချိန်မှာ အိပ်ချင်ပြီး နေ့ဘက်မှာတော့ နိုးကြားနေရတာပါ။ ဒါကို natural circadian rhythm လို့ခေါ်ပါတယ်။ အိပ်ချိန်မှာ မီးတွေအကုန်ပိတ်လိုက် ပေမယ့် tablet, smartphone နဲ့ computer စခရင်က မီးရောင်တွေဟာ ဒီ rhythm ကို ကမောက်ကမ ဖြစ်စေပြီး ညအိပ်မပျေုာ်တာတွေ ဖြစ်စေပါတယ်။

 

ပြုပြင်ခြင်း –

လူတစ်ယောက်နဲ့ တစ်ယောက်က ဒီမီးရောင်ကို တုံ့ပြန်ခံစား တဲ့ အတိုင်းတာ မတူညီကြပေမယ့် ရှောင်ကြဉ်တာတော့ အကောင်းဆုံးပါပဲ။ မအိပ်ခင် ၂ နာရီအလိုကစပြီး ဖုန်းတွေ၊ tablet တွေ၊ ကွန်ပြုတာတွေအသုံးပြုတာ ကြိုတင်ရပ်ထားမယ်ဆိုရင် ပုံမှန်အတိုင်း ပြန်ဖြစ်စေမှာပါ။ လုံးဝမလိုက်နာနိုင်လို့ ဖုန်းကြည့်ဖြစ်ခဲ့ရင် ဖုန်းနဲ့ အနည်းဆုံး ၁၄ လက်မလောက် အဝေးကနေ ကြည့်စေချင်ပါ တယ်။

 

(၉) ကဖင်းဓာတ်လွန်ကဲစွာသောက်သုံးခြင်း

မနက်တိုင်း ကော်ဖီတစ်ခါက်လောက် သောက်ရုံနဲ့ကတော့ ညအိပ် မပျော်တာနဲ့ ပင်ပန်းနွမ်းနယ်တာတွေကို မဖြစ်စေပါဘူး။ တစ်နေ့လုံး ကော်ဖီကို မကြာခဏဏသောက်နေတတ်တဲ့သူတွေ ဆိုရင်တော့ နေ့စဉ် ပင်ပန်းနေတတ်ပါတယ်။ ကဖင်းဓာတ်ဟာ active cells တွေရဲ့ ဘေးထွက်ပစ္စည်းဖြစ်တဲ့ အဒီနိုစင်း (adenosine) ကို သွားပိတ်ပါတယ်။ အဒီနိုစင်းဟာ အိပ်ချင်အောင် လှုံ့ဆော်ပေးပါတယ်။ မအိပ်ခင် ၆ နာရီအကွာလောက်ကသောက်တဲ့ ကော်ဖီက တောင် သက်ရောက်ဟန့်တားမှုတွေ ရှိနေနိုင်တဲ့အတွက် ကော်ဖီအသောက်များတဲ့ ကော်ဖီချစ်သူ တွေဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်အနားယူတာတွေနည်းပါးပြီး ပင်ပန်းနွမ်းနေတတ်ပါတယ်။

 

(၁၀) ပိတ်ရက်တွေမှာ အိပ်ရာဝင်နောက်ကျခြင်း

တနင်္ဂနွေနေ့ဟာ ပိတ်ရက်ဖြစ်တာမို့ စနေနေ့ညကို ၁၂ နာရီကျော်မှ အိပ်မယ်ဆိုရင် တနင်္ဂနွေည ရောက်တဲ့ အခါ အိပ်ပျော်ဖို့ ခက်ခဲသွားပါတယ်။ အိပ်ရာဝင်တာနောက်ကျပေမယ့် ထတော့ ပုံမှန်အချိန်တိုင်း ပြန်ထရတဲ့ အတွက် တနင်္လာနေ့မနက်မှာ အိပ်ရေးသိပ်ဝတော့မှာ မဟုတ်ပါဘူး။ နေ့လယ်ခင်းမှာ မိနစ် ၂၀ လောက်ဖြစ် ဖြစ် မှေးလိုက်မယ် စိတ်ကူးထားပေမယ့် အဲဒီမိနစ် ၂၀ မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တဲ့ Deep Sleep အဆင့်ထိ မရောက်တဲ့အတွက် ဒါဟာ နိုးလာတဲ့အခါ လူကို ဘာမှထွေထူးမလုပ်ရဘဲ ပင်ပန်းနွမ်းနယ်မှုတွေ ပိုခံစားရစေ ပါတယ်။

ပြုပြင်ခြင်း –

  • အိပ်ရာမဝင်ခင် ကိုယ်လက်သန့်စင်တာနဲ့ အိပ်တဲ့နေရာဝန်းကျင်ကို သန့်ပြန့်မွှေးနေအောင်ထားပါ။ ဒါဟာ အိပ်ရာဝင်ဖို့အတွက် ဆွဲဆောင်မှုကောင်းတစ်ခု ဖြစ်ပါလိမ့်မယ်။
  • ရေနွေးနဲ့ ဒုတ္ထာဆားကို အသုံးပြုပြီး ခြေတွေလက်တွေ စိမ်တာ၊ မဂ္ဂနီဆီယမ် ဖြည့်စွက်ဆေးတွေ သောက်တာ ဟာလည်း အကြောအခြင်တွေ ပြေလျော့စေပြီး ကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်စေပါ တယ်။
  • ဖုန်းတွေ၊ tablet တွေထက် စာအုပ်ဖြစ်စေ၊ ဂျာနယ်ဖြစ်စေဖတ်တာက စိတ်နဲ့ ခနာကို အနားရစေပြီး အိပ်စက်ဖို့အတွက်အထောက်အကူဖြစ်ပါတယ်။
  • မအိပ်ခင် နှစ်နာရီအလိုကတည်းက အီလက်ထရောနစ်ပစ္စည်းတွေ အသုံးမပြုပါနဲ့တော့။
  • အိပ်ခါနီး ဗိုက်အပြည့်အတင်းစားသောက်တာမျိုး၊ ကော်ဖီ၊ လက်ဖက်ရည်သောက်တာမျိုး ရှောင်ပါ။

 

ဒါတွေအားလုံးခြုံကြည့်လိုက်တဲ့အခါ Life Style Modification ဆိုတဲ့ ဘဝနေထိုင်မှုပုံစံကို ပြုပြင်ပြောင်းလဲ ခြင်းနည်းနဲ့ တက်ကြွကျန်းမာတဲ့အနေထားကို ပြန်လည်ရယူတာပဲဖြစ်ပါတယ်။ အားလုံးကျန်းမာ သုတပြည့်စုံကြပါစေ။

ချစ်စွာသော…

စိမ့်စမ်းဖြူ (ဆေးတက္ကသိုလ်)

 

 

 

 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *