အလုပ်က ဝါသနာနဲ့ မကိုက်ညီခဲ့ရင် . . . စိတ်ကိုဘယ်လိုအပန်းဖြေမလဲ

ဝါသနာပါရာအလုပ်ကို လုပ်တဲ့အခါ ပင်ပန်းမှုမရှိဘဲ စိတ်က အလိုလိုပျော်ရွှင် နေတတ်ပါတယ်။ လုပ်နေတဲ့အလုပ်သာ ဝါသနာနဲ့ မကိုက်ညီခဲ့ရင် စိတ်ပျော်ရွှင်မှု မရနိုင်ပါဘူး။ အဲဒီအခါမျိုးမှာ အလုပ်ကို လည်း ပြောင်းလို့ မဖြစ်နိုင်ခဲ့ရင် အလုပ် အားချိန်တွေမှာ သင်ဝါသနာပါရာကို လုပ် ကိုင်လိုက်ပါ။ စိတ်ပျော်ရွှင်တဲ့အပြင် ကျန်း မာရေးအကျိုးတွေလည်း ရနိုင်ပါတယ်။

တေးဂီတသံစဉ်များကို နားထောင်ခြင်း
တေးဂီတသံစဉ်တွေက စိတ်နဲ့ကုစား နိုင်တဲ့ ဆေးဝါးတစ်မျိုးပါ။ တေးသီချင်း တွေနားထောင်တာ၊ တေးသီချင်းစပ်ဆိုတာ တွေက စိတ်ဖိစီးမှုကို လျော့နည်းစေပြီး စိတ်ကို တည်ငြိမ်စေပါတယ်။ လေ့လာမှု တွေအရ တေးဂီတကုထုံးက စိုးရိမ်စိတ် များတာ၊ စိတ်ကျန်းမာရေး ချို့တဲ့တာနဲ့ နာကျင်မှုတွေကို လျော့နည်းစေပြီး စိတ် စွမ်းအားကို မြင့်မားစေပါတယ်။ စတန်းဖို့ တက္ကသိုလ်ရဲ့လေ့လာမှုအရ သံစဉ်တေး သွားတွေက ဦးနှောက်ကို လှုံ့ဆော်ပေးပြီး ဦးနှောက်ရဲ့လုပ်ငန်း ကောင်းစွာလုပ်ကိုင် နိုင်လို့ ဦးနှောက်နဲ့ အာရုံကြောကုသရေး မှာလည်း အသုံးပြုနိုင်တယ်လို့ တွေ့ရှိခဲ့ ပါတယ်။ ညင်သာပျော့ပျောင်းတဲ့တေးသံ တွေက စိတ်ဖိစီးများတဲ့အခါ ထွက်လာ တဲ့ ကော်တီစောဟော်မုန်းပမာဏကို လျော့နည်းစေလို့ စိတ်နဲ့ ခန္ဓာကိုယ်တည် ငြိမ် အေးချမ်းစေပါတယ်။ တူရိယာပစ္စည်း တွေကို တီးခတ်တာက စိတ်ဖိစီးမှုကို လျော့နည်းစေပြီး တရားထိုင်တာလိုပဲ စိတ် တည်ငြိမ်အေးချမ်းမှုကို ရရှိနိုင်ပါတယ်။

ဥယျာဉ်ခြံစိုက်ပျိုးခြင်း
ဥယျာဉ်ခြံစိုက်ပျိုးတာက စိတ်ဖိစီးမှု တွေကို အဝေးကို မောင်းထုတ်နိုင်တဲ့ အ လေ့အထတစ်ခုပါ။ သင့်ခြံထဲမှာပဲ ဥယျာဉ် ခြံတစ်ခုသဖွယ် စိုက်ပျိုးရေးလုပ်နိုင်ပြီး အဲဒီလိုလုပ်ဆောင်တဲ့အခါ ကျေးငှက်လေး တွေရဲ့အသံ၊ ပန်းရနံ့၊ လေပြည်လေညင်း နဲ့ နေရောင်ခြည်တွေက စိတ်ကိုအေးချမ်း မှု ရရှိစေပါတယ်။ ဆေးသိပ္ပံပညာရှင်တွေ ရဲ့လေ့လာမှုအရ မြေကြီးထဲမှာရှိတဲ့ ဘက် တီးရီးယားတွေက ဦးနှောက်ဆဲလ်တွေကို လှုံ့ဆော်ပေးပြီး ဆီရိုတိုနင်ဟော်မုန်းကို ထုတ်လုပ်ပေးတာကြောင့် စိတ်ဓာတ်ကျ ဆင်းတာကို သက်သာစေတယ်လို့ တွေ့ရှိခဲ့ ပါတယ်။ ဒါ့အပြင် သင်ယူမှုနဲ့ဆိုင်တဲ့ ဦး နှောက်ရဲ့အစိတ်အပိုင်းကိုလည်း လှုံ့ဆော် ပေးပါတယ်။ သစ်ပင်စိုက်တဲ့အခါ မြေကြီး တူးတာ၊ ပန်းပင်စိုက်ပျိုးတာ၊ ပေါင်းမြက်တွေ နုတ်တာ၊ အပင်ကို လိုရာပုံသွင်းတာ စတဲ့ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေကို ပြုလုပ် ရတာကြောင့် အရိုးနဲ့ ကြွက်သားတွေကို သန်မာစေပါတယ်။

ပန်းချီဆွဲခြင်း
ပန်းချီဆွဲတာက လှပပြီး နူးညံ့မှုကို ခံစားမိစေလို့ စိတ်တည်ငြိမ်စေပါတယ်။ အရောင်တွေမှာ စွမ်းအင်တွေ ရှိပြီး အ ရောင်စုံတွေ အသုံးပြုပြီး ပန်းချီရေးဆွဲ နေသူမှာလည်း အရောင်စုံရဲ့စွမ်းအင် တွေကို ရရှိစေပါတယ်။ ခရမ်းရောင်က ပန်းချီဆွဲသူကို ဖန်တီးလိုစိတ် ပိုမိုဖြစ်ပေါ် တာ၊ အစိမ်းရောင်က စိတ်ကြည်လင်အေး ချမ်းမှု ခံစားရတာ၊ အဝါရောင်က အ ကောင်းမြင်စိတ် ဖြစ်ပေါ်တာ၊ လိမ္မော် ရောင်က နုပျိုသွက်လက်စေတာ၊ အနီ ရောင်က စိတ်ဓာတ်တက်ကြွစေတာ စတဲ့ စိတ်ခံစားမှုတွေကို ဖြစ်ပေါ်စေပါတယ်။ ပန်းချီဆွဲတာက စိတ်ရဲ့ပြတင်းတံခါးကို ဖွင့်လှစ်လိုက်သလိုပဲ ဖန်တီးမှုတွေ၊ နိုး ကြားတက်ကြွမှုတွေကို ရရှိစေပါတယ်။ ဒါ့အပြင် စိုးရိမ်သောကတွေ၊ ဒေါသစိတ် တွေကိုလည်း ပြေလျော့စေပါတယ်။

လက်မှုပညာ
စက်ချုပ်တာ၊ သိုးမွေးထိုးတာ၊ ပိတ်စ ဒါမှမဟုတ် စက္ကူနဲ့ အရုပ်လုပ်တာ စတဲ့ စိတ်ဝင်စားရာ လက်မှုပညာတစ်ခုခုကို ပြု လုပ်တာက စိတ်ကို တည်ငြိမ်စေပါတယ်။ အများစုက ဝါသနာကို အခြေခံပြီး ပြု လုပ်တာဖြစ်လို့ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ပြီး ပြုလုပ်တတ်ကြပါတယ်။ အသစ်တွေ ဖန် တီးတီထွင်လိုစိတ် မြင့်မားပြီး စိတ်ဖိစီးမှုကို လျော့နည်းစေပါတယ်။ လေ့လာမှုတွေအ ရ လက်မှုပညာရပ်တစ်ခုခုကို တတ် မြောက်ကျွမ်းကျင်ပြီး လုပ်ကိုင်နိုင်တာက စိတ်ကျရောဂါမဖြစ်ပွားအောင် ကာကွယ် နိုင်ပြီး ဦးနှောက်ပိုင်းဆိုင်ရာတွေ အိုမင်း ရင့်ရော်မှု မရှိအောင်လည်း တားဆီးပေး နိုင်တာကိုတွေ့ရပါတယ်။ စိတ်ကျဝေဒနာ ခံစားနေရသူတွေကို သိုးမွေးထိုးလုပ်ခိုင်း ပြီး လေ့လာခဲ့ရာ စိတ်ပျော်ရွှင်ပြီး စိတ်ဓာတ် ရောဂါလက္ခဏာတွေ လျော့နည်းသွားတယ် လို့ ဗြိတိန်ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့ပါ တယ်။ သိုးမွေးထိုးတာက ဦးနှောက်အာရုံ ကြောအဖွဲ့အစည်းကို လှုံ့ဆော်ပေးလို့ လန်းဆန်းတက်ကြွနေစေပါတယ်။ လက် မှုပညာရပ်က စိတ်ခံစားမှုကို ကောင်းမွန်စေ ရုံမကဘဲ အိမ်တွင်းဝင်ငွေကိုလည်း တစ် ဖက်တစ်လမ်းက ရှာဖွေပေးနိုင်ပါတယ်။ အမှတ်တရအနေနဲ့ လက်ဆောင်ပေးပါက တစ်ဖက်သားကို ကျေနပ်နှစ်သက်စေပါ တယ်။

ဓာတ်ပုံရိုက်ခြင်း
ဓာတ်ပုံရိုက်ဝါသနာပါသူတွေက စိတ် ကူးဖန်တီးပုံဖော်နိုင်စွမ်းရှိပြီး ပျော်ရွှင်စွာ နေတတ်သူတွေပါ။ ဓာတ်ပုံရိုက်တဲ့အခါ ထူးခြားလှပတဲ့ ပုံရိပ်တွေရရှိဖို့ ဖန်တီး ရင်းက စိတ်တည်ငြိမ်ပြီး အမြင်တွေဟာ လည်း ထူးခြားဆန်းသစ်လာပါတယ်။ အ လှအပကို မြင်တတ်၊ ကြည့်တတ်၊ ခံစား တတ်ပြီး စိတ်နှလုံး နူးညံ့ပျော့ပျောင်းကာ ကျေနပ်နှစ်သက်မှုကိုလည်း ရရှိစေပါတယ်။

စာဖတ်ခြင်းနှင့် စာရေးခြင်း
စာဖတ်တာနဲ့ စာရေးတာတွေက စိတ်နဲ့ ခန္ဓာကိုယ်ကို အပန်းပြေစေပါတယ်။ ဆေးသိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုတွေအ ရ စာဖတ်တာ၊ စာရေးတာတွေက အ ကောင်းဆုံးအပန်းဖြေအနားယူမှုကို ဖြစ်စေ တယ်လို့ တွေ့ရှိခဲ့ပါတယ်။ သတင်းစာဖတ် တာ ဒါမှမဟုတ် စာအုပ်ဖတ်တာကို ခြောက် မိနစ်လောက် ပြုလုပ်လိုက်ရင်တောင် စိတ် ဖိစီးမှု ၆၈ ရာခိုင်နှုန်း လျော့နည်းစေတယ်လို့ ဆိုပါတယ်။ နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်စေပြီး ကြွက်သားတွေရဲ့ တင်းအားကို လျော့နည်း စေပါတယ်။ စိတ်ခံစားမှုတွေကို စာအုပ် တစ်အုပ်ထဲမှာ ချရေးတာ၊ နေ့စဉ်မှတ် တမ်းရေးတာတွေက စိတ်ရှုပ်ထွေးမှုတွေ ကို ရှင်းလင်းစေပြီး စိတ်ဖိစီးမှုကိုလည်း လျော့နည်းစေပါတယ်။ လေ့လာမှုတွေ အရ စာရေး၊ စာဖတ်ပြုလုပ်တာကြောင့် အတွေးအခေါ်တွေ ပိုမိုကောင်းမွန်လာလို့ ကျန်းမာတဲ့ ဘ၀ကိုရရှိစေတယ်လို့လည်း တွေ့ရှိခဲ့ပါတယ်။

ထမင်း၊ ဟင်း ချက်ပြုတ်ခြင်း
ထမင်း၊ ဟင်း ချက်ပြုတ်ရတာကို တချို့တွေက ပျင်းရိငြီးငွေ့ဖွယ်ကောင်းတဲ့ အိမ်မှုကိစ္စတွေလို့ တွေးထင်တတ်ကြပါ တယ်။ တကယ်တော့ ထမင်း၊ ဟင်းချက် ပြုတ်တာက စိတ်ဖိစီးမှုကို လျော့နည်းစေ ပြီး စိတ်ပျော်ရွှင် ကျေနပ်မှုကို ရရှိစေပါ တယ်။ ကိုယ့်မိသားစု၊ ချစ်ခင်နှစ်သက်သူ တွေ၊ ဆွေမျိုးတွေ၊ အပေါင်းအသင်းတွေ ကို ချက်ပြုတ်ကျွေးမွေးရတဲ့အခါ စိတ် ကြည်လင်ပြီး ကျေနပ်နှစ်သက်မှုကို ရရှိ စေပါတယ်။ ဟင်းလျာတွေ၊ အသီးအရွက် တွေကို လှီးဖြတ်တာ၊ အခွံနွှာတာတွေ ပြု လုပ်တဲ့အခါ စိတ်တည်ငြိမ်မှုကို ရရှိခံစားရ စေပါတယ်။ ဟင်းချက်တဲ့အခါ ထွက်လာ တဲ့ ဟင်းနံ့မွှေးမွှေးတွေက စိတ်ခံစားမှုကို ကောင်းမွန်စေပြီး အကောင်းမြင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။

အိမ်မွေးတိရစ္ဆာန် မွေးမြူခြင်း
အိမ်မွေးတိရစ္ဆာန်တွေကို စိတ်ရှည် ရှည်နဲ့ ကျွေးမွေးပြုစုတတ်သူဟာ စိတ် ထားနူးညံ့သူလို့ အများစုက သတ်မှတ် တတ်ကြပါတယ်။ လေ့လာမှုတွေအရ အိမ်မွေးတိရစ္ဆာန်တွေကို မွေးမြူသူတွေ မှာ စိတ်ဖိစီးမှု လျော့နည်းစေတာ၊ စိတ်ခံ စားမှုကောင်းစေတာ၊ သွေးဖိအား လျော့ နည်းစေတာ၊ ကောင်းတဲ့ အဆီဓာတ် မြင့် မားစေပြီး မကောင်းတဲ့အဆီဓာတ် လျော့ နည်းစေတာ စတဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများစွာကိုရရှိစေတာကို တွေ့ ရပါတယ်။ နောက်ထပ်လေ့လာမှုအရ နှလုံးတိုက်ခိုက်ခံရဖူးသူတွေဟာ အိမ်မွေး တိရစ္ဆာန်မွေးမြူထားတာပါက မမွေးမြူ ထားသူတွေထက် အသက်ပိုရှည်တတ် တာကို တွေ့ရပါတယ်။ အိမ်မွေးတိရစ္ဆာန် မွေးမြူထားသူတွေဟာ အကောင်းမြင်စိတ် ရှိပြီး စိုးရိမ်ပူပန်မှုတွေကိုလည်း လျော့ နည်းနိုင်ပါတယ်။

ကခုန်ခြင်း
ကခုန်တာက အနုပညာရပ်တစ်မျိုး ဖြစ်ပြီး လှုပ်ရှားမှုနဲ့ တီထွင်မှုတွေကို ပေါင်း စပ်ဖန် တီးရပါတယ်။ စိတ်ခံစားမှုကို ကောင်းစေပြီး ခန္ဓာကိုယ် ကျန်းမာရေးအ တွက်လည်း များစွာ အထောက်အကူပြု ပါတယ်။ လှုပ်ရှားမှုနဲ့အတူ အသက်ကို နက်နက်ရှိုင်းရှိုင်း ရှုရှိုက်ဖြစ်လို့ အဆုတ် အားကောင်းစေတဲ့အပြင် စိတ်အပန်းပြေ စေပါတယ်။ ဆွီဒင်မှ သုတေသီတွေက ဆယ်ကျော်သက်အရွယ်တွေကို တစ်ပတ် နှစ်ကြိမ်နဲ့ ရှစ်လတိတိ ကခုန်တာကို ပုံမှန် ပြုလုပ်ပြီး လေ့လာခဲ့ရာ စိတ်ဖိစီးမှု၊ စိုးရိမ် သောက၊ စိတ်ဓာတ်ကျတာနဲ့ တခြားကျန်း မာရေးပြဿနာတွေ ဖြစ်ပွားမှုမှကာကွယ် နိုင်ပြီး စိတ်ခံစားမှု ကောင်းမွန်စေတာကို တွေ့ရပါတယ်။ ကခုန်တာက နှလုံးနဲ့ အ ဆုတ်တို့ကို အားကောင်းစေပြီး ကိုယ့် ကိုယ်ကိုယ်ယုံကြည်မှု တိုးစေပါတယ်။

စက်ဘီးစီးခြင်း
စက်ဘီးစီးတာက စိတ်ကို ကြည် လင် လန်းဆန်းစေပြီး ပျော်ရွှင်မှုတွေကို ခံစားရရှိစေပါတယ်။ စက်ဘီးစီးတာက ရုပ်ပိုင်းဆိုင်ရာ တက်ကြွလှုပ်ရှားမှု ဖြစ်ပေါ် စေတဲ့အပြင် စိတ်ခံစားမှုကောင်းကို လည်း ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် နာ တာရှည်ရောဂါတွေဖြစ်တဲ့ နှလုံးရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ အဆစ်ရောင် လေး ဖက်နာ စတာတွေ ဖြစ်ပွားမှုမှလည်း လျော့နည်းစေပါတယ်။
ခိုင်သစ္စာရှင် (ဆေးဝါး)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *