အလုပ်များခြင်းနှင့် ကျန်းမာရေး ဆက်စပ်မှု သင်ဘယ်လောက်သိပါသလဲ (၂)

အလုပ်လုပ်တာကောင်းပါတယ်။ ဒါပေမဲ့ အနားမပေးဘဲ အလုပ်တအား လုပ်တာကတော့ စိတ်ရောလူပါ ပင်ပန်း စေနိုင်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးကို ပါထိခိုက်စေနိုင်ပါတယ်။ ဒီတော့ အလုပ် များတာက ကျန်းမာရေးကို ဘယ်လိုထိ ခိုက်စေနိုင်သလဲဆိုတာ လေ့လာကြည့် ကြရအောင်။

၁။ အလုပ်တအားရှုပ်တဲ့အချိန် ခေါင်း ကိုက်တာဟာ
(က) တွေးတာများလွန်းလို့
(ခ) သွေးတွင်းသကြားဓာတ်နည်းလို့
(ဂ) ကြွက်သားတွေတောင့်တင်းလို့

၂။ တစ်ပတ်ကို နာရီ ၆၀ ထက် အလုပ် ပိုလုပ်တဲ့အမျိုးသမီးတွေမှာ ကင်ဆာ ရောဂါ၊ နှလုံးရောဂါနဲ့ အခြားရောဂါတွေ ဖြစ်နိုင်ခြေ….
(က) ပိုနည်းတယ်
(ခ) နှစ်ဆများတယ်
(ဂ) သုံးဆများတယ်

၃။ စိတ်ရောကိုယ်ပါ ချုံးချုံးချ ပင်ပန်း တာက ဘယ်လိုအခြေအနေမျိုးတွေမှာ ဖြစ်တတ်လဲ
(က) သွေးတွင်း သကြားဓာတ်များတာ
(ခ) ကာလရှည်စိတ်ဖိစီးတာ
(ဂ) အဝလွန်တာ

၎။ အလုပ်အရမ်းလုပ်တာက ပင်ပန်းစေ လို့ ညဘက်အိပ်ကောင်းစေတယ်ဆို တာမှန်လား။
(က) မှန်
(ခ) မှား

၅။ အလုပ်မှာ လုပ်ဆောင်နိုင်တဲ့စွမ်းရည် တက်လာအောင်၊ စိတ်ရောကိုယ်ပါ ကျန်း မာအောင် ဒါတွေလိုအပ်ပါတယ်။
(က) အားလပ်ရက်ခရီးထွက်တာ
(ခ) နေ့လယ်စာထွက်စားတာ
(ဂ) နှစ်မျိုးလုံ

၆။ စိတ်ဖိစီးတာက အစာအိမ်အနာ ဖြစ် စေနိုင်တယ်။
(က) မှန်
(ခ) မှား

၇။ စိတ်ဖိစီးမှုများလွန်းပါက ရင်သွေးရဖို့ ခက်ခဲတတ်တယ်။
(က) မှန်
(ခ) မှား

၁။ (ဂ) ကြွက်သားတွေတောင့်တင်းလို့
ကွန်ပျူတာကနေမျက်နှာ မခွာ တမ်းအလုပ်လုပ်တာက ကြွက်သားတွေ ကို အထူးသဖြင့်ဇက်ကြောတွေ တောင့် တင်းစေတာကြောင့် အကြောတက်စေသ လို အခြားဆိုးကျိုးတွေကိုလည်း ဖြစ်ပေါ် စေနိုင်ပါတယ်။ သွားကြိတ်တာ၊ ဇက် ကြောတက်တာ၊ ပခုံးကြောတွေနာကျင် တာမျိုးဖြစ်တတ်ပါတယ်။ ဒီလိုကြွက်သား တွေ နာကျင်တောင့်တင်းနေရင် ခေါင်း ကိုက်တတ်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက် တာမျိုးတောင်ဖြစ်စေနိုင်ပါတယ်။

၂။ (ဂ) သုံးဆများတယ်
အိမ်အလုပ်ရော ရုံးအလုပ်ပါ လုပ်ရ တဲ့အမျိုးသမီးတွေမှာ အလုပ်ပိလွန်းတာ ကြောင့် အမျိုးသားတွေထက်ပိုပြီး ကျန်း မာရေးဆိုးကျိုးတွေ ရှိနေတတ်ပါတယ်။ အမျိုးသမီးတွေဟာ တစ်ပတ်ကို နာရီ (၆၀) ထက် အလုပ်ပိုလုပ်တဲ့အမျိုးသမီး တွေမှာ ကင်ဆာရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ အခြားရောဂါတွေဖြစ်နိုင် ခြေသုံးဆပိုများပါတယ်။ နာရီ (၄၀)ထက်ပိုအလုပ်လုပ်တာနဲ့ ဖြစ်နိုင်ခြေ တစ်ဆပိုများတတ်ပြီး နာရီ (၅၀) အ ထက်ဆို နောက်တစ်ဆပိုများလာတတ် ပါတယ်။

၃။ (ခ) ကာလရှည်စိတ်ဖိစီးတာ
စိတ်ရောကိုယ်ပါ ချုံးချုံးချပင်ပန်း တာမျိုး တကယ်ရှိပါတယ်။ ကျွန်မတို့ တွေ လက်ခံတုံ့ပြန်နိုင်တဲ့ ဖိစီးမှုထက်ပိုပြီး ဖိစီးလာတဲ့အခါမျိုးမှာ ဖြစ်လေ့ရှိပါတယ်။ နာရီများစွာအလုပ်လုပ်ရတာတို့၊ အချိန်ဇယားတွေပြည့်နေတာမျိုးဆိုရင် ဖြစ်လေ့ ရှိပါတယ်။
အမြဲလိုလို ပင်ပန်းနေရင်၊ တစ်နေ့ တာ အချိန်အများစုကို ပျင်းစရာကောင်း တယ်လို့ ခံစားနေရတဲ့အလုပ်တွေကို လုပ်ရင်းကုန်ဆုံးနေရရင်၊ ကိုယ်လုပ်တဲ့ အလုပ်ကို အသိအမှတ်မပြုသလိုခံစားနေ ရရင်၊ ရက်အတော်များများမှာ စိတ်ခံစား ချက်မကောင်းနေရင် ဒါဟာ စိတ်ရော ကိုယ်ပါ ချုံးချုံးချပင်ပန်းနေတဲ့ လက္ခဏာ တွေပါ။

၎။ (ခ) မှား
အိပ်စက်ခြင်းဆိုင်ရာပြဿနာတွေ နဲ့ အလုပ်စွဲလမ်းမှုမှာ အချိတ်အဆက် ရှိနေပါတယ်။ အလုပ်ပင်ပန်းလွန်းလို့ အိပ်ငိုက်တာတွေဖြစ်တတ်သလို အိပ် ပျော်သွားပြီဆိုရင်လည်း စိတ်ဖိစီးမှုတွေ ကြောင့် ကောင်းကောင်းအိပ်မပျော်တာ တို့၊ အရည်အသွေးကောင်းတဲ့ အိပ်စက်မှု တွေမရတာတို့ ဖြစ်တတ်ပါတယ်။

၅။ (ဂ) နှစ်မျိုးလုံး
အလုပ်ကနေ ခဏပဲအနားယူယူ တစ်ရက်လုံးပဲအနားယူယူ တစ်ပတ် လောက်ပဲခရီးထွက်ပြီး အနားယူယူ အ နားယူတာက သင့်ကို စိတ်ရောလူပါ ကျန်းမာစေပြီး စွမ်းဆောင်ရည်တွေမြင့် မားလာစေနိုင်ပါတယ်။ အနားယူတဲ့ရက် တွေမှာ လှုပ်လှုပ်ရှားရှားနေတာမျိုး၊ အ သစ်အဆန်းတစ်ခုခုသင်တာမျိုး၊ ဝါသနာ ပါတာ တစ်ခုခုလုပ်နေတာမျိုး ဒါမှမဟုတ် အပြည့်အဝအနားယူတာမျိုးလုပ်ပေးနေမှ အလုပ်က စိတ်ဖိစီးမှုတွေ ပြေပျောက် သွားမှာပါ။

၆။ (ခ) မှား
အလုပ်တအားများပြီး အချိန်ဇယား အပြည့်ဖြစ်နေတာက သင့်ကို အစာအိမ် အနာမဖြစ်စေပါဘူး။ ဒါပေမဲ့ အစာအိမ် အနာဖြစ်ပြီးသားဆိုရင်တော့ စိတ်ဖိစီးမှု က ပိုဆိုးစေမှာပါ။ အစာအိမ်အနာဖြစ်စေ တဲ့ အဓိကအကြောင်းရင်းကတော့ H.စပူသမင လို့ခေါ်တဲ့ ရောဂါပိုးကြောင့်ပါ။

၇။ (က) မှန်
စိတ်ဖိစီးတဲ့အခါထွက်လာတတ်တဲ့ ဟော်မုန်းတွေက မျိုးပွားအင်္ဂါစနစ်ကို ထိ ခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးပါက အမျိုး သားတွေမှာ သုက်ပိုးထွက်ရှိမှုနည်းစေ သလို အမျိုးသားဟော်မုန်း တက်စတို စတီရုန်းကိုလည်း နည်းစေပါတယ်။ အမျိုးသမီးတွေမှာဆိုရင်လည်း ဓမ္မတာ စက်ဝန်းပုံမှန်မဟုတ်တာတွေ၊ လိင်စိတ် လျော့နည်းတာတွေဖြစ်တတ်ပါတယ်။

ဒေါက်တာနုမြတ်သိင်္ဂီဦး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *