အလုပ်အကိုင်ကြောင့်ဖြစ်တဲ့ဝေဒနာတွေကို ကျော်လွှားရအောင်

တစ်နေကုန် အလုပ်ထဲမှာပဲ အချိန် ကုန်နေတာကြောင့် အလုပ်အကိုင်ကြောင့် ကျန်းမာရေးပြဿနာတွေ ဖြစ်လာတတ် ပါတယ်။ အလုပ်အကိုင်ကြောင့် ပင်ပန်း နွမ်းနယ်ပြီး ဖြစ်ပေါ်လာတဲ့ ပြဿနာတ ချို့ကို အောက်ပါမှန်ကန်တဲ့နည်းလမ်း တွေအတိုင်း ဖြေရှင်းဆောင်ရွက်နိုင်ပါ တယ်။

အလုပ်ထဲမှာ စိတ်ပင်ပန်းနေတဲ့အခါ
အလုပ်ထဲမှာစိတ်ပင်ပန်းမှုတွေ များ နေခဲ့ရင် အလုပ်စားပွဲကနေ ခဏဖယ်ပြီး လက်ဖက်ရည်တစ်ခွက်လောက် သောက် လိုက်ပါ။ ချမိုမိုင်းလက်ဖက်ရည်၊ သံပရာ လက်ဖက်ရည်၊ လက်ဖက်စိမ်း လက်ဖက် ရည် စတဲ့ တစ်မျိုးမျိုးကို သောက်ပါ။

စိတ်ဖိစီးမှုများတဲ့အခါ
အလုပ်ထဲမှာ တစ်နေကုန်စိတ်ဖိစီးမှု တွေနဲ့ လုပ်ကိုင်ခဲ့ရရင် သက်သာစေဖို့ အိမ်ပြန်ရောက်တဲ့အခါ ရေနွေးနဲ့ ရေချိုး ပါ။ ချိုးမယ့်ရေထဲကို မဂ္ဂနီဆီယမ်ဆားနဲ့ လာဗံဒါဆီအနည်းငယ်ထည့်ပြီး ရေစိမ် ချိုးပါ။ အိပ်စက်တဲ့အခါ ညအလင်းရောင် မီးသာ ထွန်းအိပ်ပါ။

မေ့လျော့မှုတွေ များနေတဲ့အခါ
တစ်နေ့တာလုံး အလုပ်ထဲမှာ စိတ် ရောကိုယ်ပါ ပင်ပန်းမှုကြောင့် သတိမေ့ တာတွေများနေရင် သက်သာစေဖို့ လက် ဖဝါးနှစ်ဖက်ကို ပါးတစ်ဖက်တစ်ချက်စီ ညင်သာစွာကပ်ထားပြီး လက်သန်းတွေ က မျက်ခွံကိုပိတ်ကာ မျက်စိမှိတ်ထား ပါ။ လက်ညှိုးတွေက နားတစ်ဖက် တစ်ချက်စီကို ထိထားပြီး လက်မတွေက မေးရိုးပေါ်မှာ ရှိနေရပါမယ်။ အဲဒီလိုပုံစံနဲ့ အသက်ကို ဖြည်းဖြည်းနဲ့မှန်မှန် ရှူပါ။ ခဏလောက်ပြီးမှ လက်ကိုမျက်နှာပေါ်က ဖယ်လိုက်ပါ။ ပင်ပန်းမှုတွေ ပြေလျော့ သွားစေပါတယ်။

မတ်တတ်ရပ်တာများပြီး ပင်ပန်းတဲ့အခါ
တစ်နေ့တာလုံး မတ်တတ်ရပ်တာ များပြီး ခြေချင်းဝတ်တွေ ရောင်ရမ်းကာ ခြေထောက်တွေ ညောင်းညာနေခဲ့မယ်ဆို ရင် ကြမ်းပြင်ပေါ်မှာ လဲလျောင်းပြီး ခြေ ထောက်နှစ်ချောင်းကို နံရံပေါ်မြှောက်တင် ထားပေးပါ။ နှလုံးဆီကို သွေးစီးဆင်းမှု ကောင်းစေပြီး သွေးပြန်ကြောထုံးတာ မဖြစ်အောင်လည်း ကာကွယ်နိုင်ပါတယ်။

ခြေလက်မသယ်ချင်အောင် ညောင်းညာနေ တဲ့အခါ
အလုပ်ကပြန်လာတဲ့အခါ ခြေလက် တွေ မသယ်ချင်လောက်အောင် ညောင်း ညာနေခဲ့ရင် ကြွက်သားတွေကို ညင်သာ စွာ နှိပ်နယ်ပေးဖို့ လိုပါတယ်။

စိတ်အာရုံ စုစည်းမရတဲ့အခါ
အလုပ်ထဲမှာ စိတ်အာရုံစုစည်းမရ ဘဲ ဖြစ်နေခဲ့ရင် အိမ်ပြန်ရောက်ချိန်မှာ ယောဂလေ့ကျင့်ပေးဖို့ လိုပါတယ်။ ကြမ်း ပြင်ပေါ်မှာ ဒူးကွေးပြီး ထိုင်ပါ။ ခြေ ထောက်နှစ်ဖက်ကို အနည်းငယ်ခွာထားပြီး တင်ပါးကို ကြမ်းပြင်နဲ့ ထိထားပါ။ ခန္ဓာ ကိုယ်ကို ရှေ့မှောက်ချပြီး ကြမ်းပြင်ပေါ် မျက်နှာအပ်ထားပါ။ လက်နှစ်ဖက်ကို ကြမ်းပြင်ပေါ်မှာ ခြေထောက်နဲ့အပြိုင် ထားပေးပါ။ ခဏလောက် ငြိမ်သက်စွာ နေပြီး အသက် ရှူသွင်း ရှူထုတ်ပြုလုပ်ပါ။

ကျန်းမာရေးထိခိုက်မှုတွေ ရှိနေတဲ့အခါ
ရုံးကနေ အိမ်ပြန်ရောက်တဲ့အခါ ဗိုက်ဆာတာကြောင့် သရေစာ တစ်ခုခု စားတတ်ကြပါတယ်။ အလွယ်တကူရနိုင် တဲ့ အဆင်သင့်အစာတွေ စားသုံးတာက ကျန်းမာရေးကို ထိခိုက်စေပါတယ်။ မုန် လာဥ၊ ကိုက်လန်၊ ပန်းသီးစိမ်း စတဲ့ ကျန်း မာရေးနဲ့ ညီညွတ်စေတဲ့ ဖျော်ရည်တွေကို ရုံးကနေ အိမ်ပြန်ရောက်ချိန်မှာ အလွယ် တကူနဲ့ အဆင်သင့်ရရှိနိုင်အောင် ပြုလုပ် ထားသင့်ပါတယ်။

လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲရှိတဲ့အခါ
ရုံးပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့ အတူတွေ့ဆုံပြီး ညစာစားရင် တိုင်ပင် ဆွေးနွေးတာတွေ ပြုလုပ်တာကလည်း အလုပ်ရဲ့ဖိစီးမှုတွေကို လျော့နည်းစေပါ တယ်။ အပြင်စာတွေ စားတာက ကျန်းမာ ရေးနဲ့ မညီညွတ်ဘူးဆိုပေမယ့် တစ်ခါ တစ်ရံစားတာမျိုးတော့ ပြုလုပ်နိုင်ပါတယ်။

သွက်လက်စွာ လုပ်ကိုင်နိုင်ခြင်း မရှိတဲ့အခါ
ရုံးဆင်းပြီး အိမ်ရောက်တဲ့အခါ ညစာ မပြင်ဆင်ခင်မှာ နာရီဝက်လောက် လေ့ကျင့်ခန်းလုပ်ပါ။ ချွေးထွက်တဲ့အထိ ပြုလုပ်လိုက်တာကြောင့် ခန္ဓာကိုယ် သွက် လက်ပေါ့ပါးသွားစေပါတယ်။

စိတ်ခံစားမှုတွေ ရင်ထဲပြည့်ကျပ်နေတဲ့အခါ
အလုပ်မှာ စိတ်ဖိစီးမှုတွေများပြီး ရင်ထဲပြည့်ကျပ်တဲ့အထိ ခံစားနေရတယ် ဆိုရင်တော့ ခံစားချက်တွေကို စာရွက် လွတ်တစ်ရွက်ပေါ် ချရေးလိုက်ပါ။ ဒါမှ မဟုတ် အရင်းနှီးဆုံးမိတ်ဆွေ၊ သူငယ် ချင်းနဲ့ ရင်ဖွင့်တိုင်ပင်လိုက်ပါ။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal