အလွန်အကျွံလုပ်တာကြောင့်ထိခိုက်စေနိုင်မယ့် ကျန်းမာစေတဲ့အလေ့အကျင့် ၅ ခု

ကျန်းမာစေတဲ့ အလေ့အကျင့်တွေ ဆိုပေမယ့်လည်း လိုအပ်တာထက်ပိုပြီး ပြုလုပ်မယ်ဆိုရင် ကောင်းကျိုးထက် ဆိုး ကျိုးကို ဖြစ်စေပါတယ်။ ဘယ်အရာမဆို အလွန်အကျွံလုပ်တာမျိုးက မကောင်းပါ ဘူး။ ဒါကြောင့် ဘယ်အရာတွေကို အ လွန်အကျွံမလုပ်သင့်ဘူးလဲဆိုတာကို သိ ရှိစေဖို့ ရေးသားလိုက်ပါတယ်။

ဗီတာမင် အားဆေးတွေ အလွန်အကျွံသောက် ခြင်း
ဗီတာမင် အစုံအားဆေးတွေ နေ့စဉ် သောက်သင့်၊ မသင့်ဆိုတာ အခုအချိန်ထိ ပညာရှင်တွေ ငြင်းခုန်နေကြဆဲပါ။ ဒါပေ မဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တာထက်ပို ပြီး သုံးစွဲမယ်ဆိုရင် ကျန်းမာရေးကို ထိ ခိုက်စေနိုင်ပါတယ်။ လေ့လာမှုတွေအရ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ တစ်နေ့တာ လိုအပ်ချက်ရဲ့ လေးဆလောက် သုံးစွဲနေ ပါက ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေကို မြင့်မားစေပါတယ်။ ဗီတာမင်နဲ့ သတ္တု ဓာတ်တွေကို တစ်နှစ်တာလုံး အလွန်အ ကျွံသုံးစွဲပါက ပုံမှန်ဆဲလ်ပွားများတဲ့ လမ်း ကြောင်းကို ပိတ်ဆို့သွားစေနိုင်ပါတယ်။ ဒါကြောင့် ဗီတာမင်စုံပါတဲ့ အားဆေးတွေ ရွေးချယ်သောက်သုံးတဲ့အခါ တစ်နေ့တာ လိုအပ်ချက်ထက် ကျော်လွန်စွာပါရှိတာ မျိုးကို ရှောင်သင့်ပါတယ်။

သွား အလွန်အကျွံ တိုက်ခြင်း
သွားတိုက်တိုင်း သွားတွေကို ကြံ့ခိုင် ကျန်းမာစေတယ်လို့ သင်ထင်မြင်မိပါသ လား။ ဘယ်အရာမှ လိုအပ်တာထက်ပိုရင် မကောင်းပါဘူး။ တစ်နေ့ကို မနက်တစ် ကြိမ်၊ ညအိပ်ရာမဝင်ခင်တစ်ကြိမ် သွား တိုက်တာ ကောင်းမွန်ပါတယ်။ ဒါပေမဲ့ အရွယ်ရောက်ပြီးသူတွေရဲ့ ၁၀-၂၀ ရာခိုင်နှုန်းက သွားကို လိုအပ်တာထက် ပိုပြီး အလွန်အကျွံတိုက်တာကြောင့် သွားကြွေလွှာတွေ ပျက်စီးရတယ်လို့ သိရ ပါတယ်။ သွားတိုက်တံကို တစ်လတစ် ကြိမ် လဲလှယ်ဖို့လည်း မမေ့ပါနဲ့။

အမျှင်ဓာတ် အများအပြား စားခြင်း
၅ ရာခိုင်နှုန်းရှိတဲ့ လူတွေက နေ့စဉ် လိုအပ်တဲ့ အမျှင်ဓာတ်ပမာဏထက် ပိုပြီး စားသုံးကြတာကြောင့် လေပွတာ၊ လေထိုး လေအောင့်တာတွေ ခံစားကြရပါတယ်။ အမျှင်ဓာတ်ကို စားသုံးမယ်ဆိုရင် တစ် နေ့တာစားသုံးတဲ့ အစာနပ်ကြီးတွေ ကြား ထဲမှာ နှစ်ကြိမ်လောက် ထည့်စားပေးပါ။ အဖြူရောင် ပေါင်မုန့်တွေအစား ကောက်နှံ တစ်ခုလုံးပါဝင်တဲ့ ပေါင်မုန့်မျိုးကို စားသုံး ပေးပါ။

အလွန်အကျွံ အိပ်ခြင်း
လူတစ်ယောက်က တစ်နေ့ကို ၇-၈ နာရီရအောင် အိပ်စက်သင့်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ အိပ်ပျက်များတာ၊ ဒါမှ မဟုတ် အိပ်ရာက မထဘဲ နိုးလာလိုက်၊ ပြန်အိပ်လိုက်နဲ့ အလွန်အကျွံ အိပ်စက် တာမျိုးတွေက ကျန်းမာရေးအပေါ် သက် ရောက်မှုဖြစ်စေပါတယ်။ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်တွေမှာ ပုံမှန်အိပ်ချိန် ထက်ပိုပြီး အိပ်စက်တာကြောင့် နောက် ရက်တွေမှာ အိပ်ချိန် မမှန်တာ၊ ဇီဝနရီ ပြောင်းလဲတာတွေ ဖြစ်တတ်ပါတယ်။ လေ့လာမှုတွေအရ တစ်နေ့ကို ၉ နာရီ ကျော် အိပ်စက်သူတွေဟာ ပုံမှန်အိပ်စက် သူတွေထက် အယ်လ်ဇိုင်းမားရောဂါဖြစ် နိုင်ခြေကို နှစ်ဆမြင့်တက်စေပါတယ်။

လေ့ကျင့်ခန်း အလွန်အကျွံ လုပ်ခြင်း
ကိုယ်လက်လှုပ်ရှားမှုမရှိရင် ခန္ဓာ ကိုယ် ကျန်းမာမှုလည်း မရှိနိုင်ပါဘူး။ လို အပ်တာထက် ပိုပြီး ကိုယ်လက်လှုပ်ရှားမှု တွေ လုပ်ပြန်တော့လည်း ခန္ဓာကိုယ်မှာ ပျက်စီးမှုတွေကိုသာ ဦးတည်စေပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းကို တစ်နေ့ မိနစ် ၃၀ နဲ့ တစ်ပတ် ၅ ရက်သာ ပြုလုပ် သင့်ပါတယ်။ အဲဒီထက်ပိုပြီး ပြင်းပြင်း ထန်ထန် ပြုလုပ်ပါက ခန္ဓာကိုယ်မှာ ထိ ခိုက်နာကျင်မှုတွေဖြစ်စေပါတယ်။ အမျိုး သမီးတွေဆိုရင်လည်း ဟော်မုန်းပြောင်း လဲမှုတွေဖြစ်ပြီး ရာသီသွေးဆင်း မမှန် တာမျိုးတွေ ဖြစ်နိုင်ပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal