အလှကုန်တွေရဲ့ သက်တမ်းတစ်လျှောက် . . .

အလှကြိုက်တဲ့ပျိုမေတို့အတွက် အလှကုန်တွေဟာ မရှိမဖြစ် အရေးပါလာပါပြီ။ အမှတ် တံဆိပ်အမျိုးမျိုးကနေ အလှကုန်အမျိုးမျိုးကို မရိုးနိုင်အောင် အသစ်အဆန်းတွေက လစဉ် တိုင်းလိုလို ထွက်ရှိနေတာဖြစ်ပါတယ်။ မိတ်ကပ်တစ်မျိုးဝယ်ထားပြီးလည်း နောက်အသစ် တစ်မျိုးထပ်ဝယ်မိတာတွေရှိပါတယ်၊ တချို့လည်း ဟိုဟာကောင်းနိုးနိုး၊ ဒီဟာကောင်းနိုးနိုးနဲ့ မိတ်ကပ်အတော်များများ ဝယ်မိသွားတာတွေလည်းရှိတတ်ပါတယ်။

ဒီအခါ ပျိုမေတို့ရဲ့မှန်တင်ခုံမှာ မိတ်ကပ် တွေအများကြီး စုမိလာပြီး ဘယ်မိတ်ကပ်ကို ဘယ်အချိန်ကဝယ်မိမှန်းမသိ၊ ဘယ်လောက် ကြာပြီမှန်းမသိဖြစ်လာနိုင်ပါတယ်။ ဒိတ်လွန် နေတဲ့ အလှကုန်တွေကို သုံးနေမိရင် အရေ ပြားပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ဒီတစ် ပတ်မှာတော့ ပျိုမေတို့အသုံးပြုနေတဲ့ အလှ ကုန်တွေကို ဘယ်အချိန်မှာ ဆက်မသုံးရတော့ ဘူးလဲဆိုတာကို ရေးပေးလိုက်ပါတယ်။

ဘယ်အချိန်မှာ သက်တမ်းကုန်လဲ
မိတ်ကပ်အမျိုးအစားတွေ အမျိုးမျိုးရှိတဲ့ အထဲမှာ သူ့အမှတ်တံဆိပ်နဲ့သူ သက်တမ်း ချင်းမတူပါဘူး။ ဒါကို အရင်ဆုံး သိထားရပါ မယ်။ တချို့မိတ်ကပ်တွေက တာရှည်ပိုခံသလို တချို့မိတ်ကပ်တွေက တာရှည်မခံပါဘူး။ ဒါ့ အပြင် ပျိုမေတို့ အလှကုန်တွေကို ထိန်းသိမ်း တဲ့အပေါ်မှာလည်း မူတည်ပါတယ်။ အပူချိန် များတဲ့နေရာမှာ ထားမိတာ၊ သိမ်းမိတာဆိုရင် ပုံမှန်သက်တမ်းလောက်ကို မခံတတ်ပါဘူး။ အပူချိန်များလေ အလှကုန်တွေ ပျက်စီးလေ ဖြစ်ပါတယ်။
မသုံးသင့်တော့တဲ့အလှကုန်တွေမှန်း ချက်ချင်းသိသာတဲ့အချက်က မိတ်ကပ်ရဲ့ အရောင်ပြောင်းသွားတာ၊ မိတ်ကပ်အရည် ဆိုရင်လည်း သူရဲ့နဂိုအရည်က ပိုကျဲသွားတာ ဒါမှမဟုတ် ပိုပျစ်သွားတာ၊ အခဲတွေဖြစ်သွား တာ၊ အနံ့ထွက်တာ၊ မှိုတက်တာတွေဖြစ်ရင် ချက်ချင်း လွှင့်ပစ်လိုက်ပါ။
အလှကုန်နဲ့ ထိတွေ့တဲ့ မိတ်ကပ်ဘရပ်ရှ် တွေ၊ တို့ဖတ်တွေ၊ ဖော့တုံးတွေ သန့်ရှင်းမှု မရှိရင်လည်း အလှကုန်တွေ ပျက်စီးနှုန်း ပိုမြင့် စေပါတယ်။ ဒါကြောင့်လည်း မိတ်ကပ်ဘရပ်ရှ် တွေကို နှစ်ပတ်တစ်ခါ ဆေးကြောသန့်စင် သင့်ပြီး မိတ်ကပ်လိမ်းတဲ့ ဖော့တုံးတွေ၊ တို့ ဖတ်တွေကို မိတ်ကပ်တစ်ခါလိမ်းပြီးတိုင်း သန့် စင်ရပါမယ်။

မျက်တောင်ကော့ဆေးနဲ့ အရည် အိုင်လိုင်နာ

မျက်တောင်ကော့ဆေးနဲ့ အရည်အိုင်း လိုင်နာတွေကို အသုံးပြုပြီး မျက်တောင်ကော့ တံ၊ အိုင်းလိုင်နာစုတ်တံကို ပြန်ထည့်တဲ့အခါ တိုင်း ဘက်တီးရီးယားတွေ ပုလင်းထဲကို ဝင် ဝင်သွားတာဖြစ်ပါတယ်။ မျက်တောင်ကော့ ဆေးနဲ့ အရည်အိုင်းလိုင်နာတွေကို ဝယ်ပြီး သုံးလ၊ လေးလလောက်အကြာမှာ ဆက်မသုံး သင့်တော့ပါဘူး။

မိတ်ကပ်အရည်
ဖောင်ဒေးရှင်းအတွက် အသုံးပြုတဲ့ မိတ် ကပ်အရည်တွေဟာ များသောအားဖြင့် သက် တမ်းတစ်နှစ်ရှိပါတယ်။ သူတို့ကို ပူတဲ့နေရာမှာ မသိမ်းဆည်းပါနဲ့။ ကားထဲမှာ မိတ်ကပ်အရည် ပုလင်း ထည့်ထားမိတာမျိုးလည်း မလုပ်ပါနဲ့၊ ကားအပူရှိန်ကြောင့် ပျက်စီးစေနိုင်ပါတယ်။ မိတ်ကပ်အရည်ပုလင်းထဲကို လက်နဲ့မယူပါနဲ့၊ ဘက်တီးရီးယားတွေ ပိုဝင်စေပါတယ်။ မိတ် ကပ်ဘရပ်ရှ် ဒါမှမဟုတ် မိတ်ကပ်လိမ်းတဲ့ဖော့ တုံးကို အသုံးပြုပါ။ မိတ်ကပ်ကွန်ဆယ်လာ တွေကို ခြောက်လထက်ပိုပြီး အသုံးမပြုပါနဲ့။

နှုတ်ခမ်းနီ
နှုတ်ခမ်းနီတွေက ဘက်တီးရီးယားပေါက် ဖွားနိုင်ခြေ နည်းပါတယ်။ နှုတ်ခမ်းနီတွေရဲ့ သက်တမ်းက တစ်နှစ်လောက်ဖြစ်ပြီး Lip-gloss ရဲ့ သက်တမ်းက ခြောက်လလောက် ခံပါတယ်။ နှုတ်ခမ်းလိုင်နာတွေကို တစ်နှစ် အသုံးပြုပြီးရင် ဆက်မသုံးပါနဲ့၊ ပြီးတော့ သူ တို့ကိုတစ်ပတ်တစ်ခါ ချွန်စက်နဲ့ ပြန်ချွန်ပေးပါ။

ပေါင်ဒါမှုန့်
အမှုန့်ပုံစံပြုလုပ်ထားတဲ့အလှကုန်တွေ၊ ပေါင်ဒါမှုန့်တွေက ၁၈ လကနေ ၂ နှစ်လောက် ထိခံပါတယ်။ အနံ့တစ်မျိုးမျိုးရတာမျိုး ဒါမှမ ဟုတ် အရောင်ပြောင်းလဲတာမျိုး တွေ့ရင် တော့ဆက်ပြီး အသုံးမပြုပါနဲ့တော့။

ရေမွှေး
ရေမွှေးတွေ၊ ဘော်ဒီစပရေးတွေရဲ့ သက် တမ်းက သုံးနှစ်ကနေ ငါးနှစ်ထိ အသုံးပြုနိုင် ပါတယ်။

လက်သည်းနီ
လက်သည်းဆိုးဆေးတွေကို တစ်နှစ်၊ နှစ်နှစ်ထက်ပိုမသုံးပါနဲ့။ ခြောက်သွားရင် ဖြစ် ဖြစ် ဆိုးလို့မရတော့ရင်ဖြစ်ဖြစ် ဆက်မသုံးပါနဲ့ တော့။ ပျိုမေတို့ ဘေးထွက်ဆိုးကျိုးကင်းတဲ့ အလှတရားကို ပိုင်ဆိုင်နိုင်ပါစေ . . .

Darliko

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *