အလှအပအတွက် အိပ်ယာမ၀င်မီပြုလုပ်သင့်သော အမူအကျင့်များ

အောက်ဖော်ပြပါအမူအကျင့်တွေ ကိုအိပ်ရာမဝင်ခင် နေ့စဉ် ပြုလုပ်ပေးရင် သင့်အနေနဲ့ မထင်မှတ်လောက်အောင် ပြောင်းလဲ လှပနုပျိုလာပါလိမ့်မယ်။

၁။ မိတ်ကပ်ဖျက်ပါ
သင့်အနေနဲ့ ဘယ်လောက်ပဲအ လုပ်များများ၊ ဘယ်လောက်ပဲ အိပ်ချင်နေ ပါစေ၊ အိပ်ရာမဝင်ခင်မှာတော့ မျက်နှာ ပေါ်မှာ လိမ်းထားတဲ့ မိတ်ကပ်တွေကို ကုန်စင်အောင် ဖျက်ပေးရပါမယ်။ မိတ် ကပ်မဖျက်ဘဲ အိပ်မိတာက အရေပြား ပြဿနာတွေကို ဖိတ်ခေါ်သလိုဖြစ်စေ နိုင်ပါတယ်။ သင့်အရေပြားအနေနဲ့ အိပ် နေစဉ်မှာ ပြန်လည်ပြုပြင်ရေးလုပ်ငန်း ကို ပြုလုပ်ပါတယ်။ ဒီအချိန်မှာ မိတ်ကပ် ထူထူကြီးရှိနေတာက အရေပြားအတွက် ပြုပြင်ဖို့ခက်ခဲသွားပြီး ဝက်ခြံနဲ့ အမည်း စက်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

၂။ Hand cream လိမ်းပါ
လက်ချောင်းလေးတွေ လှပနေတာ က သင့်ကို ပိုမိုပြီး ဆွဲဆောင်မှုရှိစေနိုင်ပါ တယ်။ အိပ်ရာမဝင်ခင်မှာ သင့်လက်ကို ရေနွေး၊ ဆပ်ပြာပျော့ပျော့နဲ့ ဆေးကြော ပါ။ ပြီးရင် မျက်နှာသုတ်ပဝါနဲ့ ခြောက် သွေ့အောင် သုတ်ပြီး Hညေိ ခမနam လိမ်းပေးပါ။ အဲဒီလိုလိမ်းထားတာကြောင့် တစ်ညတာလုံးအတွက် အစိုဓာတ်ရရှိစေ ကာ နောက်တစ်နေ့ မနက်မှာအံ့ဩဖွယ် ကောင်းလောက်အောင် လက်ချောင်း လေးတွေ ချောမွေ့လှပနေပါလိမ့်မယ်။

၃။ တိုနာကို မဖြစ်မနေလိမ်းပါ
တိုနာက အရေပြားရဲ့ သဘာဝ စံ ညီညွတ်မျှတမှုကို ထိန်းထားပေးနိုင်ပါ တယ်။ စံ မညီညွတ်တဲ့အတွက် ဘက် တီးရီးယားနဲ့ တခြားပိုးမွှားတွေ အရေ ပြားထဲကို မဝင်ရောက်နိုင်သလို ဖုန်နဲ့ အညစ်အကြေးတွေလည်း သန့်စင်သွား နိုင်ပါတယ်။ တိုနာကို ဝါဂွမ်းနဲ့ ဆွတ်ပြီး မျက်နှာနဲ့ လည်ပင်းတစ်လျှောက် ပွတ် လိမ်းပေးပါ။

၎။ Eye cream လိမ်းဖို့မမေ့ပါနဲ့
အမျိုးသမီးတွေရဲ့ အလှအပဟာ မျက်ဝန်းတစ်စုံမှာ ရှိတဲ့အတွက် မျက်ဝန်း အလှကို အထူးဂရုစိုက်ဖို့ လိုအပ်ပါ တယ်။ အိပ်ရာမဝင်ခင်မှာ Eye make up တွေ အကုန်ဖျက်ပစ်ပြီး Eye cream လိမ်းပေးပါ။ Peptide ပါတဲ့ Eye cream တွေက မျက်ဝန်းကို အစိုဓာတ်ရရှိစေပြီး အရေးကြောင်းတွေကို လျော့ပါးစေပါ တယ်။

၅။ သွားတိုက်ပါ
အိပ်ရာမဝင်ခင်မှာ အရေးကြီးဆုံး အလုပ်က သွားတိုက်ဖို့ပဲ ဖြစ်ပါတယ်။ အ ပြင်က အလှအပထက် အတွင်းက လှပ နေဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် ခံတွင်းအနံ့ဆိုးမထွက်ရလေအောင် ည အိပ်ရာဝင်ခါနီးတိုင်း သွားတိုက်ဖို့ လိုအပ် ပါတယ်။ ညစာစားပြီး မိနစ် ၃၀ အကြာ မှာ သွားတိုက်ပါ။ သွားကြားပွတ်ကြိုးနဲ့ သွားကြားကို သန့်စင်ပြီး ခံတွင်းသန့်စင် ဆေးရည်နဲ့ ပလုတ်ကျင်းဖို့ပါ လိုအပ်ပါ တယ်။ သွားမတိုက်ခင်မှာ သွားကြားပွတ် ကြိုးကို ဦးစွာ အသုံးပြုရပါမယ်။

၆။ ဆံပင်ချည်အိပ်ပါ
ဆံပင်ကို စည်းနှောင်ပြီးမှ အိပ်တဲ့ အတွက် နောက်တစ်နေ့မနက်မှာ ဆံပင် ရှုပ်ထွေးနေတာတွေ၊ ဆံပင်ငြိတာတွေ မဖြစ်တော့ပါဘူး။ ဒါ့အပြင် ဆံသားမှာ ပါ ဝင်နေတဲ့ ဖုန်နဲ့အဆီတွေက မျက်နှာပေါ် ကို ကျရောက်ပြီး ဝက်ခြံဖြစ်တာလိုမျိုး ပြဿနာတွေလည်း မဖြစ်နိုင်တော့ပါဘူ။

၇။ သင့်ခြေထောက်ကို ရေနံ ဂျယ်လီ(Vaseline)လိမ်းပါ
သင့်ခြေထောက်တွေရဲ့ အလှအပ ကိုလည်း လျစ်လျူရှုမထားသင့်ပါဘူး။ သူတို့က သင်ရဲ့ကိုယ်ရည်ကိုယ်သွေးကို ရောင်ပြန်ဟပ်နိုင်ပါတယ်။ အိပ်ရာမဝင် ခင်မှာ ခြေထောက်ကို ရေနွေးနဲ့ဆေး ကြောပြီး ခြောက်သွေ့အောင် ပြုလုပ်ပါ။ ပြီးရင် ရေနံဂျယ်လီ လိမ်းပေးပါ။ ရေနံ ဂျယ်လီက အရေပြားခြောက်သွေ့မှုမရှိ အောင်ကာကွယ်နိုင်ပါတယ်။

၈။ ပိုးသားခေါင်းအုံးစွပ် အသုံး ပြုပါ
ပိုးသားခေါင်းအုံးစွပ်က သင့်ကို အလှအပအတွက် အံ့ဩဖွယ်ရာကောင်း လောက်အောင်ကို အထောက်အကူ ပြု နိုင်ပါတယ်။ တစ်အချက်ကတော့ ပိုး (Silk)မှာ ပရိုတင်းများစွာနဲ့ အမိုင်နိုအက် စစ် ၁၈ မျိုးအထိ ပါဝင်တာကြောင့် အ ရေပြားအတွက် အလွန်သင့်တော်ပါ တယ်။ နံပါတ်နှစ်အချက်ကတော့ပိုးသား ခေါင်းအုံးစွပ်က ချည်သားခေါင်းအုံးစွပ် လိုမျိုး ဘေးစောင်း ဒါမှမဟုတ် မှောက် ခုံအိပ်မိတဲ့အခါ မျက်နှာမှာအစင်းရာတွေ မထင်နိုင်ပါဘူး။

၉။ အိပ်ရေးဝအောင် အိပ်ပါ
ကျန်းမာရေးကောင်းဖို့အတွက် အိပ် ရေးဝအောင် အိပ်ဖို့ လိုအပ်သလို အလှ အပအတွက်ကလည်း အိပ်ရေး၀၀ အိပ် ဖို့လိုအပ်ပါတယ်။ အိပ်ရေးမ၀တာကြောင့် မျက်ကွင်းညိုတာ၊ မျက်အိတ်ထွက်တာ တွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ည စဉ်အိပ်စက်ချိန် ၇-၈ နာရီရအောင် အိပ် ပေးပါ။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *