အလှအပပြဿနာ အလွယ်တကူ အဖြေရှာကြရအောင်

လူတိုင်းလိုလို ကြုံတွေ့နိုင်တဲ့ အလှအပပြဿနာ တွေကို အလွယ်ဖြေရှင်းနိုင်တဲ့နည်းလမ်းတွေရှိပါတယ်။

ခြေဖနောင့်ကွဲခြင်း
ဒေါက်မြင့်ဖိနပ်စီးပြီး အခမ်းအနား တက်တဲ့အခါ သင့်ခြေဖနောင့်မှာ အက် ကွဲရာတွေကြောင့် လူတောတိုးရမှာ မဝံ့ မရဲဖြစ်နေပါသလား။
ဖြေရှင်းနည်း
သင်လိမ်းနေတဲ့ အစိုဓာတ်ထိန်း ခရင်မ်ကိုပဲ သင့်ခြေဖနောင့်ကို အသုံးပြု နိုင်ပါတယ်။ အထူးသဖြင့် ညမအိပ်ခင် အချိန်မှာ ခြေထောက်ကို သေချာစွာ ဆေးကြောပြီး ဂလစ်စရင်းပါဝင်တဲ့ အစို ဓာတ်ထိန်းခရင်မ်ကို ခြေဖနောင့်မှာ လိမ်း ပြီး ခြေအိတ်စွပ်အိပ်ပါ။

အသားအရေခြောက်သွေ့ခြင်း
သင်က ကျန်းမာရေးကောင်းနေ တယ် ဆိုရင်တောင် အသားအရေခြောက် သွေ့တာ၊ ကြမ်းတမ်းတာ၊ အပေါ်ယံအ ရေခွံကွာတာနဲ့ယားယံတာတွေကို တစ်ခါ တစ်ရံမှာ ဖြစ်တတ်ပါသလား။
ဖြေရှင်းနည်း
သင်က ရေပူနဲ့ ရေချိုးတာ၊ ရေကို အချိန်ကြာကြာချိုးတာ၊ ကြေးချွတ်အား ပြင်းတဲ့ ဆပ်ပြာတွေ အသုံးပြုမိတာတွေ ကြောင့် အရေပြားစွတ်စိုမှုကို ထိန်းပေးတဲ့ အဆီတွေကို ဖယ်ရှားလိုက်တာဖြစ်ပါတယ်။ သင်ချိုးတဲ့ ရေကပူနေတာမျိုး မဖြစ်စေဘဲ သင့်တင့်တဲ့ ခပ်နွေးနွေးလောက်ပဲ ဖြစ် သင့်ပါတယ်။ ကြေးချွတ် အားမပြင်းတဲ့၊ အမွှေးနံ့မပါတဲ့ သန့်စင်ပစ္စည်းတွေကို အသုံးပြုပါ။ အရေပြားကို ပွတ်တိုက်ပြီး ကြေးချွတ်တာမျိုး မလုပ်ပါနဲ့။ ရေချိုးပြီး တဲ့အခါ ယူရီယား ဒါမှမဟုတ် လက်တစ် အက်စစ်ပါဝင်တဲ့ အစိုဓာတ်ထိန်းခရင်မ် လိမ်းပေးပါ။

ခြေသလုံးမွေးထူခြင်း
သင့်ခြေသလုံးမွေးတွေကို မကြာ ခဏရိတ်နေတာကြောင့် အမွေးကြမ်း တွေထွက်လို့ စိတ်အလိုမကျဖြစ်နေပါသ လား။
ဖြေရှင်းနည်း
ခြေသလုံးမွေးတွေကို အနည်းငယ် ရှည်လာတာနဲ့ မရိတ်ပါနဲ့။ တစ်လက်မရဲ့ လေးပုံတစ်ပုံလောက် ရှည်အောင်ထားပြီး မှ အမွေးချွတ်ဖယောင်းလိမ်းကာ ချွတ် ပေးပါ။ ဒီနည်းက အနည်းငယ် နာကျင်မှု ရှိပြီး အရေပြားနဲ့ မတည့်ပါက ယားယံမှု ဖြစ်စေနိုင်ပါတယ်။ အမွေးချွတ်ဖယောင်း လိမ်းရာမှာလည်း မနည်းမများနဲ့ သင့် တော်တဲ့ အတိုင်းအတာ ဖြစ်ရပါမယ်။

ချိုင်းချွေးနံ့နံခြင်း
သင့်ချိုင်းက ချွေးထွက်များပြီး အနံ့ ပြင်းတာကြောင့် လူကြားထဲမှာ လက် မြှောက်ဖို့ မဝံ့မရဲဖြစ်နေပါသလား။
ဖြေရှင်းနည်း
ချွေးတိတ်ဆေးတွေက ချွေးဂလင်း တွေမှ ချွေးတွေထွက်တာကို တားဆီးပေး ပါတယ်။ ချွေးတိတ်ဆေးတွေမှာ ချွေးနံ့ ပျောက်စေတဲ့ အရာတွေကိုလည်း ထည့် သွင်းပြုလုပ်ထားပါတယ်။ ရေချိုးပြီးတဲ့အ ခါ ချိုင်းကို ချွေးတိတ်ဆေး လိမ်းပေးပါ။

ကြွက်နို့ပေါက်ခြင်း
သင့်လက်မှာပေါက်နေတဲ့ ကြွက်နို့ က သင့်ကိုအရှက်ရစရာဖြစ်နေပါသလား။
ဖြေရှင်းနည်း
ကြွက်နို့ပေါက်တာက အသက်အန္တ ရာယ်မရှိနိုင်ပေမယ့် သင့်မှာပေါက်နေတဲ့ ကြွက်နို့တွေကို အမြန်ဆုံးဖယ်ရှားလိုကြပါ တယ်။ ဆယ်လီစလစ်အက်စစ်ပါဝင်တဲ့ ကြွက်နို့သတ်ဆေးတွေကို အသုံးပြုနိုင်ပါ တယ်။

တင်းတိပ်ထွက်ခြင်း
သင်ရဲ့ မျက်နှာမှာ တင်းတိပ်တွေ ထွက်နေတာကြောင့် ပြည့်စုံတဲ့အလှတ ရားကို ပိုင်ဆိုင်ဖို့ အနှောင့်အယှက်ဖြစ်နေ ပါသလား။
ဖြေရှင်းနည်း
တင်းတိပ်မဖြစ်အောင် ကာကွယ်ဖို့ အတွက် အိမ်အပြင်မထွက်ခင် နာရီဝက် ကြိုပြီး နေရောင်ကာခရင်မ် လိမ်းပါ။ တင်း တိတ်တွေကို ဖုံးဖို့ ကွန်ဆယ်လာလိမ်းပါ။ မျက်နှာကြည်လင်ဝင်းပဖို့ ဗီတာမင်စီ ပါ ဝင်တဲ့ခရင်မ်လိမ်းပါ။ အသက် တဖြည်း ဖြည်းကြီးလာလေ တင်းတိပ်တွေလည်း အရောင်ဖျော့သွားနိုင်ပါတယ်။

အရေပြားကွာကျခြင်း
သင့်အရေပြားရဲ့ အပေါ်ယံအရေ ပြား ကွာကျတာကြောင့် နီရဲပြီး ပူစပ်ပူ လောင်ဖြစ်နေပါသလား။
ဖြေရှင်းနည်း
ရှားစောင်းလက်ပက်နဲ့ ဖော်စပ်ထုတ် လုပ်ထားတဲ့ အစိုဓာတ်ထိန်းခရင်မ်တွေ က နာကျင်တာနဲ့ အရေပြားကွာကျတာကို သက်သာစေပါတယ်။ ရက်အနည်းငယ် အရေပြားကွာကျတာမျိုးက ခန္ဓာကိုယ် က ပျက်စီးနေတဲ့ အရေပြားတွေကို ဖယ် ရှားတာဖြစ်နိုင်ပါတယ်။ အရေပြားပျက်စီး မှု မဖြစ်စေဖို့ အနည်းဆုံး Sင်္ဏ ၃၀ ပါဝင်တဲ့ နေရောင်ကာခရင်မ်ကို အိမ်အ ပြင်မထွက်ခင် နာရီဝက် ကြိုလိမ်းပါ။

ဗောက်ထခြင်း
အင်္ကျီအရောင်ရင့်ရင့် မဝတ်ရဲ လောက်အောင် သင့်ခေါင်းပေါ်ကဗောက် တွေ ပခုံးပေါ် ကျတတ်ပါသလား။
ဖြေရှင်းနည်း
ဗောက်ထလွန်းတဲ့ သင့်ဦးရေပြားကို ဖြေရှင်းဖို့က သင်သုံးတဲ့ခေါင်းလျှော်ရည် ကို ပြောင်းလဲအသုံးပြုဖို့ပါ။ ဆီလီနီယမ် ဆာလဖိုက် ဒါမှမဟုတ် ဇင့် ပိုင်ရီသီအုန်း ပါဝင်တဲ့ ခေါင်းလျှော်ရည်ကို တစ်ပတ် နှစ်-သုံးကြိမ် အသုံးပြုပါ။

မျက်နှာအဆီပြန်ခြင်း
မျက်နှာမှာ အဆီပြန်လွန်းတာ ကြောင့် အဆီတရွှဲရွှဲနဲ့ ကြည့်ရရုပ်ဆိုး လွန်းတယ်လို့ ထင်နေပါသလား။
ဖြေရှင်းနည်း
အရေပြားမှ အဆီတွေကို ပိုမိုထုတ် နိုင်တာကြောင့် မကြာခဏကြေးချွတ်တာ မျိုး မလုပ်ပါနဲ့။ ကြေးချွတ်အားမပြင်းတဲ့ သန့်စင်ပစ္စည်းတွေကိုသာ အသုံးပြုပြီး မျက်နှာသစ်ပါ။ အဆီမပါဝင်တဲ့အစိုဓာတ် ထိန်းခရင်မ်နဲ့ ရေဓာတ်အခြေခံပြုလုပ် ထားတဲ့ မိတ်ကပ်တွေကိုသာ အသုံးပြုပါ။

အနီစက်များထွက်ခြင်း
မျက်နှာမှာ အနီစက်လေးတွေရှိနေ တာကြောင့် ဓာတ်ပုံရိုက်ခံရမှာ မဝံ့မရဲဖြစ် နေပါသလား။
ဖြေရှင်းနည်း
ဆယ်ကျော်သက်အရွယ်တွေ မျက် နှာမှာ အနီစက်လေးတွေဖြစ်ပေါ် တာက နှင်းခူရှိတာ ဒါမှမဟုတ် ဆပ် ပြာ၊ ခေါင်းလျှော်ရည်၊ အစိုဓာတ်ထိန်း ခရင်မ်စတာတွေနဲ့ ဓာတ်မတည့်တာ ကြောင့် ဖြစ်တတ်ပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီး လိမ်းဆေးလိမ်းသင့်ပါ တယ်။ အနီစက်တွေကို ဖုံးအုပ်လို ပါက ကွန်ဆယ်လာခပ်ပါးပါးလိမ်း ပြီး ဖုံးပေးပါ။

ပန်းနွယ်လေး (ဆေးဝါး)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *