အလှပြင်ခန်းမသွားစရာမလိုဘဲခြေသည်းလက်သည်းပြုပြင်နည်းများ

လှချင်ပချင်သူတွေက မိမိရဲ့ခြေသည်းလက်သည်းတွေ လှပဖို့အတွက် အလှပြင်ခန်းမသွားပြီး ခြေသည်းလက်သည်းပြုပြင် တာတွေ ပြုလုပ်လေ့ရှိကြပါတယ်။ ဒီလိုပြုလုပ်တာကြောင့် အချိန်ကုန်တဲ့အပြင် ငွေကုန်ကြေးကျလည်း များနိုင်ပါတယ်။ ဒါကြောင့် အလှပြင်ခန်းမ သွားစရာမလိုဘဲ မိမိအိမ်မှာပဲ ခြေသည်းလက်သည်းပြုပြင်နိုင်တဲ့နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ တံစဉ်းနဲ့တိုက်ပါ

ခြေသည်းလက်သည်းမဆိုးခင်မှာ ခြေသည်းလက်သည်းတွေကို တံစဉ်းနဲ့ တိုက်ပေးရပါမယ်။ ဒီလိုပြုလုပ်ပါမှ လက် သည်းခြေသည်းကျိုးတာမဖြစ်အောင် ကာကွယ်နိုင်မှာပါ။ လက်သည်းထောင့် ကနေ အလယ်နေရာကို လားရာဘက် တစ်ဖက်တည်းကိုသာ ဖြည်းဖြည်းနဲ့ ဖွဖွ တိုက်ပေးပါ။ ဒီနည်းလမ်းကို ပြုလုပ်ပါမှ လက်သည်းပန်းကုံးကို ထိခိုက်မှုမရှိမှာပါ။

၂။ အောက်ခံနှစ်ထပ်ဆိုးပါ

လက်သည်းနီအလွယ်တကူ မပျက် ပြယ်သွားအောင် အောက်ခံနှစ်ထပ်ဆိုးဖို့ လိုအပ်ပါတယ်။ အရောင်မပါတဲ့ လက် သည်းဆိုးဆေးကို ပထမတစ်ထပ်အနေ နဲ့ လက်သည်းအောက်ခြေတစ်ဝက်ကို အရင်ဆိုးပြီး ကျန်အထပ်ကို လက်သည်း တစ်ခုလုံး ပါဝင်အောင်ဆိုးလိုက်ပါ။ ဒီလို ပြုလုပ်ပါမှ လက်သည်းနီက လက်သည်း ပေါ်မှာ ကြာရှည်ရှိနေမှာပါ။

၃။ လက်သည်းနီတွေ ဘေး ဘက်လျှံမထွက်အောင် ဗက် ဆလင်းအသုံးပြုပါ


လက်သည်းနီဆိုးတဲ့အခါမှာ လက် သည်းထောင့်တွေကို လျှံထွက်တာ၊ လက်သည်းထောင့်တွေကို မရောက်တာ တွေကြောင့် အထပ်ထပ်ဆိုးနေရတတ်ပါ တယ်။ ဒီလိုမဖြစ်အောင် နားကျပ်ဂွမ်းတံ ကို ဗက်ဆလင်းဆွတ်ပြီး လက်သည်းပတ် ဝန်းကျင်အရေပြားပေါ် သုတ်လိမ်းထား ပါ။ အရေပြားပေါ် လက်သည်းနီပေသွား ရင်လည်း အလွယ်တကူ ပြန်လည်ဖျက် နိုင်ပါတယ်။

၄။ လက်သည်းနီပုလင်းကို လှုပ်မယ့်အစား လက်ထဲမှာ လှိမ့်လိုက်ပါ


သင်ရဲ့လက်သည်းနီပုလင်းက ကြာ ရှည်အသုံးမပြုဘဲထားတာဖြစ်နေရင် လက်သည်းနီမဆိုးခင်မှာ ပုလင်းကို လက်နှစ်ဖက်ထဲထည့်ပြီး အရင်လှိမ့် လိုက်ပါ။ မလှုပ်ခါပါနဲ့။ လက်သည်းနီ ပုလင်းကို လှုပ်လိုက်တာကြောင့် အတွင်း မှာ လေပူဖောင်းတွေထပြီး လက်သည်း ဆိုးရာမှာ အခက်အခဲရှိနိုင်ပါတယ်။

၅။ လက်သည်းအလယ်နေရာ ကနေ စတင်ဆိုးပါ


လက်သည်းဆိုးရာမှာ တစ်ကြိမ် တည်းနဲ့ လက်သည်းအားလုံးကို မဖုံးအုပ် နိုင်ပါဘူး။ ဒါ့အပြင် ဘေးပတ်ဝန်းကျင် ကိုပျံ့နှံ့သွားနိုင်ပါတယ်။ ဒီလိုမဖြစ်အောင် လက်သည်းရဲ့ အလယ်အောက်ခြေလက် သည်းပန်းကုံးနေရာကနေ စတင်ဆိုးပြီးမှ ဘေးဘက်ကိုဆိုးပါ။ ပြီးမှ အလယ်နေရာ ကိုဖြည့်လိုက်ပါ။

၆။ အပေါ်တစ်ထပ် ထပ်ဆိုးပါ

ဒါက မဆိုးချင်လည်း ရပါတယ်။ ဆိုးတော့လည်း လက်သည်းနီ ကြာရှည် ပိုခံပါတယ်။ များသောအားဖြင့် အပေါ် တစ်ထပ်ဆိုးတာကြောင့် လက်သည်းနီ ကို တာရှည်ခံအောင် ကာကွယ်နိုင်ပြီး လင်းလက်တောက်ပြောင်စေနိုင်ပါတယ်။

၇။ ရေအေးနဲ့ လက်သည်းအ ခြောက်ခံပါ


လက်သည်းဆိုးပြီး လက်သည်း ခြောက်ဖို့အတွက် အချိန်အကြာကြီး မစောင့်ချင်ရင် လက်သည်းကို ရေခဲရေ ထဲမှာ စိမ်လိုက်ပါ။ မိနစ်အနည်းငယ်အ တွင်းမှာ လက်သည်းနီခြောက်သွေ့သွား ပါလိမ့်မယ်။

၈။ လက်သည်းထောင့်နေရာ သပ်သပ်ရပ်ရပ်ရှိအောင် ရေ နွေးနဲ့ ဆေးကြောပါ


လက်သည်းထောင့်နေရာတွေမှာ လက်သည်းနီပေနေရင် လက်သည်းနီ လုံးဝခြောက်အပြီးမှ လက်ကို ရေနွေးနဲ့ ဆေးကြောပြီး ထောင့်နေရာတွေကို ပွတ် တိုက်လိုက်ပါ။ အလွယ်တကူ ပျက်ပြယ် သွားပါလိမ့်မယ်။

၉။ လက်သည်းနီအလွယ်တ ကူ ချွတ် နိုင်အောင်


လက်သည်းဖျက်ဆေးနဲ့ ပွတ်တိုက် ပြီး ဖျက်မယ့်အစား ငွေခဲဖတ်ကို အသုံး ပြုပြီး အလွယ်တကူဖျက်နိုင်ပါတယ်။ လက်သည်းဖျက်ဆေးနဲ့စိမ်ထားတဲ့ ဂွမ်း စတစ်ဝက်ကိုယူပြီး ငွေခဲဖတ်ပေါ်တင်ပါ။ ပြီးရင် လက်သည်းကို ပတ်လိုက်ပါ။ ငါး မိနစ်ခန့်ထားပြီးနောက် ဖယ်ရှားလိုက် ရင် လက်သည်းနီတွေအလွယ်တကူပျက် သွားပါလိမ့်မယ်။

၁၀။ အရေပြားထောင့်က လက် သည်းနီစွန်းရာအတွက် သွား တိုက်ဆေးကို အသုံး ပြုပါ


လက်သည်းနီစွန်းရာတွေက အရေ ပြားပေါ်မှာ ရှိနေရင် သွားတိုက်ဆေးကို အသုံးပြုကာ ပွတ်တိုက်ဖယ်ရှားနိုင်ပါ တယ်။ အထူးသဖြင့် လက်သည်းထောင့် အရေပြားနေရာတွေပေါ်က စွန်းရာတွေ ကို အလွယ်တကူဖျက်မရတဲ့အခါမှာ အသုံးပြုပေးပါ။

လှပတ္တမြား

Post Author: Good Health Journal