သင့်အနေနဲ့ စည်းဝေးပွဲတက်တာ၊ ဒါမှ မဟုတ် လုပ်ငန်းဖော်တွေနဲ့ တွေ့ဆုံတာ ဒါမှ မဟုတ် ဟောပြောပွဲတက်ရတာလိုမျိုး အခြေ အနေတွေမှာ ဝတ်ဆင်ထားတဲ့အဝတ်အစား က သင့်ကိုအများကြီး အထောက်အကူပြုနိုင်ပါ တယ်။ သင့်အပေါ်မှာ ပထမဆုံးထားတဲ့ ထင် မြင်ချက်က အလွန်အရေးကြီးတဲ့အတွက် သင့် အနေနဲ့ သပ်သပ်ရပ်ရပ်ဝတ်စားနိုင်မယ်ဆိုရင် သင့်ကိုအထင်တကြီး လေးစားမှုတွေရရှိသွား နိုင်မှာပါ။ ဒါကြောင့် အဝတ်အစားဝတ်ဆင် ရာမှာ သိထားသင့်တဲ့ အချက်တွေကို ဖော်ပြ ပေးလိုက်ပါတယ်။
ရှပ်အင်္ကျီရဲ့ အပေါ်ဆုံးကြယ်သီးနှစ်လုံးကို ဖြုတ်ထားနိုင်ပါတယ်
သင့်အနေနဲ့ ရှပ်အင်္ကျီ ဒါမှမဟုတ် ဘလော့စ်အင်္ကျီဝတ်ဆင်ထားမယ်ဆိုရင် အပေါ်ဆုံး ကြယ်သီးနှစ်လုံးကို ဖြုတ်ထား ပေးပါ။ သင့်ကို ပိုမိုသက်သောင့်သက်သာ ရှိစေနိုင်ပါတယ်။
ကုတ်အင်္ကျီရဲ့ အလယ်ကြယ်သီးတစ်လုံးကို တပ်ထားပါ
သင့်အနေနဲ့ စည်းဝေးပွဲတက်ရမှာ မို့ ကုတ်အင်္ကျီဝတ်ရတာကြောင့် ကြယ် သီးတစ်လုံးပါတဲ့ ကုတ်အင်္ကျီ ဝတ်မယ် ဆိုရင် ကြယ်သီးတပ်ကို တပ်ထားရပါ မယ်။ ကြယ်သီးနှစ်လုံးပါတဲ့ ကုတ်အင်္ကျီ တပ်မယ်ဆိုရင်တော့ အပေါ်ဆုံးကြယ် သီးကို ဖြုတ်ထားပါ။
လက်ဝတ်ရတနာအနည်းငယ် ဝတ်ဆင်ပါ
ဝတ်စုံ ဝတ်ရမယ့်နေ့မျိုးတွေအ တွက် ဝတ်စုံနဲ့အတူ လက်ဝတ်ရတနာ အနည်းငယ် ဝတ်ဆင်ပေးပါ။ နားကပ် ဒါမှမဟုတ် နားဆွဲနဲ့ လက်ကောက်ဝတ် ထားတာက ပိုပြီးထင်ပေါ်စေနိုင်ပါတယ်။ လက်ဝတ်ရတနာက အဝတ်အစားနဲ့ လိုက်ဖက်တာမျိုးဖြစ်ရပါမယ်။
လည်စည်းစည်းရာမှန်ကန်မှုရှိပါစေ
တစ်ခါတစ်ရံမှာ အလုပ်ရဲ့ လိုအပ် ချက်ကြောင့် လည်စည်းစည်းရတာမျိုး တွေ ရှိနိုင်ပါတယ်။ သင်စည်းတဲ့ လည် စည်းဟာ သင်ဝတ်တဲ့အဝတ်နဲ့ အရောင် ဆန့်ကျင်ဘက် ဖြစ်ရပါမယ်။ လည်စည်း ရဲ့ အရှည်က သင့်ခါးပတ်နေရာလောက် မှာသာ ရှိသင့်ပါတယ်။
မီနီစကတ် ဝတ်မလား၊ လည်ပင်းကျယ် ကျယ်ဝတ်မလား၊ တစ်မျိုးသာ ရွေးချယ်ပါ
နှစ်မျိုးစလုံးကို တစ်ပြိုင်နက်ဝတ် ဆင်တာက သင့်အပေါ်မှာ လေးစားမှု လျော့သွားနိုင်ပါတယ်။
လည်စည်းစည်းမလား၊ ကုတ်ဝတ်မလား တစ်မျိုးသာ ရွေးချယ်ပါ
အစည်းအဝေးပွဲသွားတဲ့အခါမှာ လည်း လည်စည်း စည်းရင်စည်း ဒါမှမ ဟုတ် ကုတ်ဝတ်ချင်ဝတ် တစ်မျိုးသာ ရွေးချယ်သင့်ပါတယ်။ နှစ်မျိုးစလုံး တစ် ပြိုင်နက် မဝတ်ဆင်သင့်ပါဘူး။
အင်္ကျီကို ဘောင်းဘီထဲ ထည့်ဝတ်မယ်ဆို ရင် ခါးပတ်ပတ်ပါ
ဘောင်းဘီထဲကို ရှပ်အင်္ကျီ ထည့် ဝတ်မယ်ဆိုရင် ခါးပတ်ပတ်ထားပါမှ ပြည့်စုံပါလိမ့်မယ်။
ခါးပတ်နဲ့ ရှူးဖိနပ် လိုက်ဖက်မှုရှိပါစေ
သင့်အနေနဲ့ ခါးပတ်ကို အညိုရောင် ဒါမှမဟုတ် အနက်ရောင်ရွေးချယ်မယ် ဆိုရင် သင်ဝတ်မယ့်ဖိနပ်ကလည်း ခါး ပတ်နဲ့ ဆင်တူအရောင် ဖြစ်ရပါမယ်။
ရုံးတက်တဲ့အခါမှာ ခါးလွတ်အင်္ကျီ (Crop Top) မဝတ်ဆင်ပါနဲ့
ခါးလွတ်အင်္ကျီတွေက ဂျင်းဘောင်း ဘီ၊ လည်ဆွဲ၊ နားဆွဲတွေနဲ့ လိုက်ဖက်ပါ တယ်။ ဒါပေမဲ့ သူတို့တွေကို ပါတီသွားတဲ့ အခါ ဒါမှမဟုတ် ပျော်ပွဲစားထွက်တဲ့အခါ မျိုးမှာသာ ဝတ်ဆင်သင့်ပါတယ်။ ရုံး တက်တဲ့အခါမှာတော့ မဝတ်ဆင်သင့်ပါ ဘူး။
အဝတ်အစားအသစ်တိုင်းကို တံဆိပ်ဖြုတ် ဖို့မမေ့ပါနဲ့။
လှပတ္တမြား