အဝတ်လျှော်စက်ဖြင့်အဝတ်လျှော်သူများအတွက် Tips

ယနေ့ခေတ်ကာလအရ ဇနီးမောင် နှံနှစ်ဦးစလုံး အလုပ်လုပ်မှ အဆင်ပြေ ကြမယ့်အခြေအနေဖြစ်နေတာမို့ အမျိုး သမီးတွေအနေနဲ့ နေ့စဉ် ဝတ်နေတဲ့ အဝတ်တွေကို တစ်နေ့ တစ်ခါ မလျှော် နိုင်တော့ဘဲ တစ်ပတ် တစ်ခါမှ စုပေါင်းပြီး လျှော်ဖွပ်ကြရပါတယ်။ အဝတ်တွေ ပုံနေ တာကြောင့် အများစုက အဝတ်လျှော်စက် ကို အသုံးပြုနေကြပါပြီ။ ဒါကြောင့် အ ဝတ်လျှော်စက်အသုံးပြုရာမှာ သိထား သင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါ တယ်။

အဝတ်လျှော်စက်သန့်စင်အောင် ခံတွင်းသန့်ဆေးရည်ကို အသုံးပြုပါ
အဝတ်လျှော်စက်တွေကို ပိုးမွှား ကင်းစင်ပြီး သန့်စင်နေအောင် ပုံမှန် ဆေးကြောသင့်ပါတယ်။ အဝတ်လျှော် စက် သန့်စင်ဖို့အတွက် အထူးပြုလုပ်ထား တဲ့ ဆပ်ပြာမှုန့်တွေ ရှိပေမယ့် ခံတွင်း သန့်စင်ရည်ကိုလည်း လျှော်စက်သန့်ရှင်း ရေးအတွက် အသုံးပြုနိုင်ပါတယ်။ အ ဝတ်လျှော်စက်ထဲက ဆပ်ပြာမှုန့်ထည့်တဲ့ ခွက်ထဲကို ခံတွင်းသန့်စင်ရည် ခွက်တစ် ဝက်စာလောက်ထည့်ပြီး လျှော်စက်ခ လုတ်ဖွင့်လိုက်ရုံနဲ့ လျှော်စက်ထဲမှာရှိတဲ့ မှိုတွေ၊ အညစ်အကြေးတွေနဲ့ ဘက်တီး ရီးယားတွေ အားလုံးပျက်စီးသွားပါလိမ့် မယ်။

အတွင်းခံအင်္ကျီနဲ့ ခြေစွပ်တွေကို လျှော်ဖွပ်ဖို့အတွက် သီးသန့်အိတ် အသုံးပြုပါ
အတွင်းခံဘော်လီ (အထူးသဖြင့် သံကိုင်းပါတဲ့အမျိုးအစား)တွေကို အဝတ်လျှော်စက်ထဲ ထည့်လျှော်တဲ့အ ခါမှာ ကိုင်းတွေ ပျက်စီးသွားနိုင်ပါတယ်။ ခြေစွပ်လိုမျိုး သေးငယ်တဲ့အဝတ် အထည်တွေကလည်း အဝတ်လျှော်စက် ထဲမှာ ပျောက်သွားနိုင်ပါတယ်။ ဒါကြောင့် သူတို့ကို သီးသန့်အိတ်ထဲထည့်ပြီးမှ အဝတ်လျှော်စက်ထဲ ထည့်လျှော်ပါ။

သင့်အဝတ်အစားတွေ ဖြူဖွေးစေဖို့ အက်စပရင်ဆေးပြားတချို့ကိုအဝတ် လျှော်စက်ထဲ ထည့်ပါ
အက်စပရင်ဆေးပြားကို အဝတ် လျှော်စက်ထဲထည့်တာက သင့်အဝတ် တွေကို ဖြူဖွေးအောင် ကူညီနိုင်ပါတယ်။ သူ့မှာပါဝင်တဲ့ ဆယ်လီစီလစ်အက်စစ် ကြောင့်ပါ။ ဒါကြောင့် သင်ရဲ့ အင်္ကျီအဖြူ တွေ ဝါကြန့်ကြန့်ဖြစ်နေရင် အဝတ်လျှော် စက်ထဲကို အက်စပရင်ဆေးဝါးတချို့ ထည့်ပြီး လျှော်လိုက်ပါ။

အဝတ်ကို အလွန်အမင်းခြောက်သွေ့ အောင် မလှန်းပါနဲ့
အဝတ်က ခြောက်သွေ့လွန်းရင် မီးပူတိုက်ရ ခက်ခဲသွားနိုင်ပါတယ်။ စို ထိုင်းထိုင်းလေးဖြစ်နေပါမှ မီးပူတိုက်ရာ မှာ ခေါက်ရာတွန့်ရာတွေ ပျောက်ကင်း သွားနိုင်ပါတယ်။ သင့်အဝတ်က ခြောက် သွေ့လွန်းနေရင် အဝတ်ကို ရေအနည်း ငယ်ဖျန်းပြီးမှ မီးပူတိုက်ပါ။

ရေလျှော်ရာမှာ ကျုံ့သွားတဲ့အဝတ် အစားတွေအတွက် ကလေးခေါင်း လျှော်ရည်ကို အသုံးပြုပါ
ကလေးခေါင်းလျှော်ရည် ဒါမှမ ဟုတ် ကွန်ဒီရှင်နာတွေက ကျုံ့သွားတဲ့ အဝတ်အစားတွေကို နဂိုပုံမှန်အရွယ်အ စားဖြစ်အောင် ပြုလုပ်နိုင်ပါတယ်။ ရေ နွေးဇလုံထဲမှာ ကလေးခေါင်းလျှော်ရည် ဒါမှမဟုတ် ဆံပင်ပျော့ဆေး အနည်းငယ် ထည့်ပြီး ကျုံ့နေတဲ့အဝတ်အစားကို ၁၀-၁၅ မိနစ်ခန့် စိမ်ပေးပါ။ ပြီးရင် မျက် နှာသုတ်ပဝါနဲ့ အခြောက်ခံပြီး မီးပူနဲ့ အဝတ်ကို ကန့်လန့်ဖြတ်ဆွဲတိုက်ပါ။

အဝတ်အစားတွေကို အရောင်ရွေးပြီး သတ်သတ်စီ မလျှော်ပါနဲ့၊ အထူအပါး ရွေးပြီး သတ်သတ်စီ လျှော်ပါ
ထူတဲ့အဝတ်တွေက ပါးတဲ့အဝတ် တွေထက် ရေကို ပိုမိုစုပ်ယူနိုင်ပါတယ်။ ဒါကြောင့် အဝတ်အထူတွေနဲ့ အပါးတွေ ကို အတူတူတွဲလျှော်ရင် အဝတ်အပါး တွေက အလွယ်တကူ ပျက်စီးသွားနိုင်ပါ တယ်။ ဒါပေမဲ့လည်း အဖြူရောင်အဝတ် အထည်တွေကိုတော့ သီးသန့်လျှော်ဖွပ် သင့်ပါတယ်။ အဝတ်လျှော်တဲ့ရေက လည်း အရမ်းမပူလွန်းရပါဘူး။ ရေပူလွန်း တာကြောင့် အဝတ်အစားရဲ့အရောင်တွေ လွင့်ပြယ်သွားနိုင်ပါတယ်။

အဝတ်အစားပေါ်က မိတ်ကပ်တွေ ဖျက်ဖို့အတွက် မုတ်ဆိတ်ရိတ်ခရင်မ် ကို အသုံးပြုပါ
တချို့မိတ်ကပ်နဲ့ နှုတ်ခမ်းနီအမျိုး အစားတွေက အဝတ်အစားမှာ စွန်းထင်း ကျန်ရစ်ခဲ့တတ်ပါတယ်။ သူတို့ကို ဖျက်ဖို့ အတွက် အစွန်းအထင်းပေါ်မှာ မုတ် ဆိတ်ရိတ်ခရင်မ်ကို သုတ်လိမ်းပြီး လျှော် ဖွပ်လိုက်ပါ။

ဦးထုပ်တွေကို အဝတ်လျှော်စက်နဲ့ မလျှော်ပါနဲ့
အဝတ်လျှော်စက်ထဲကို ဦးထုပ် ထည့်လျှော်ရင် ဦးထုပ်ရဲ့ ပုံပန်းသဏ္ဌာန် ပျက်စီးသွားနိုင်ပါတယ်။

ညစ်ပေနေတဲ့ခြေစွပ်တွေကို လျှော် ဖွပ်ဖို့အတွက် ရေအေးအသုံးပြုပါ
ညစ်ပတ်နေတဲ့ခြေစွပ်တွေကို ရေ နွေးနဲ့လျှော်ဖွပ်ရင် ဖုန်တွေက ခြေစွပ်ထဲ မှာ ကပ်ငြိပြီး ကျန်ရစ်နိုင်ပါတယ်။

တီရှပ်ပေါ်က စွန်းထင်းရာတွေကို ဖျက်ဖို့ ဆံပင်ခြောက်စက်ကို အသုံး ပြုပါ
တီရှပ်ပေါ်မှာ ရွှံ့ဗွက်ရာတွေ ဒါမှ မဟုတ် ဖျော်ရည်တွေ စွန်းနေရင် သူတို့ ကို ဆံပင်ခြောက်စက်နဲ့ အခြောက်ခံပြီး စွန်းထင်းရာပေါ် ဆပ်ပြာမှုန့်သုတ်ထား လိုက်ပါ။ ပြီးရင် လျှော်စက်ထဲကို ထည့် ပြီး လျှော်ဖွပ်လိုက်ပါ။ အစွန်းအထင်းကို အခြောက်ခံလိုက်တာကြောင့် ဆပ်ပြာမှုန့် က ပိုမိုထိရောက်စွာ သန့်စင်ပေးနိုင်ပါ တယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal