အသက်မကြီးသေးဘဲ ရုတ်တရက် နားလေးသွားနိုင်လား

ရုတ်တရက် နားလေးတာ ဘာကြောင့်ဖြစ်ရ တာလဲ ရှင်းပြပေးပါ ဆရာ။
အဓိက နားလေးရတဲ့ အကြောင်း ရင်းက ဗိုင်းရပ်စ်ပိုးတွေကြောင့်ဖြစ်တယ်။ ဗိုင်းရပ်စ်ပိုးဝင်တယ်ဆိုတာကို တချို့ တွေက ကြောက်ကြတယ်။ များသော အားဖြင့် လူနာက ဗိုင်းရပ်စ်ပိုးဝင်တာကို မသိလိုက်ကြဘူး။ အဖြစ်အများဆုံးက တော့ တစ်ခါတလေမှာ ချောင်းဆိုးတာ၊ နှာစေးတာနဲ့တွဲပြီးတော့ ရုတ်တရက် နား လေးသွားတတ်တယ်။ တချို့တွေကျ တော့လည်း ဝမ်းနည်းနည်း ပျက်တယ်၊ ဝမ်းလျှောပြီးမှ နားလေးသွားတတ်တယ်။ ရှေ့မှာပြောခဲ့တဲ့ သီချင်းနားထောင်လို့ လေးသွားတာမျိုး မဟုတ်ဘဲနဲ့ ဗိုင်းရပ်စ် ပိုးဝင်လို့ လေးသွားတာမျိုးဖြစ်တယ်။ နောက်ဖြစ်တတ်တဲ့ အကြောင်းရင်းတစ်ခု ကတော့ Autoimmune Disease လို့ ခေါ်တဲ့ ရောဂါပါ။ အတော်ရှားပါတယ်။ ခန္ဓာကိုယ်ထဲက ပဋိပစ္စည်းတွေက ကိုယ် ရဲ့နားကို ပြန်ပြီး တိုက်ခိုက်လိုက်တဲ့အ တွက် ရုတ်တရက် နားလေးသွားတတ်ပါ တယ်။ နောက် ရုတ်တရက် နားလေးရတဲ့ အကြောင်းရင်းကတော့ သွေးတိုးကြောင့် ဖြစ်တာပါ။ နားထဲမှာရှိတဲ့ အတွင်းသားကို လာတဲ့ သွေးကြောလေးက ရုတ်တရက် ပိတ်သွားတယ်။ ပိတ်သွားတော့ အတွင်း ထဲ သွေးမရတော့ဘဲ အာရုံခံဆဲလ်တွေက ပျက်စီးသွားပြီးတော့ ရုတ်တရက် နား လေးသွားတတ်တယ်။
နောက် နားလေးတတ်တဲ့ အကြောင်း တစ်ခုကတော့ အာရုံကြော အကျိတ်တွေ ကြောင့်ပါ။ ဒါပေမဲ့ အာရုံကြော အကျိတ် ကြောင့် ရုတ်တရက် နားလေးသွားတာမျိုး ကတော့ အရမ်းရှားပါတယ်။ အဖြစ်များ ဆုံးကတော့ ဗိုင်းရပ်စ်ပိုးဝင်လို့ ရုတ်တ ရက် နားလေးသွားတယ်၊ နားအူတယ်၊ နားထဲက လေထွက်တယ်၊ ချာချာလည် မူးတယ်။ ဒါတွေ ဘာလို့ ပြောနေရလဲဆို ရင် ရုတ်တရက် နားလေးသွားတာက ခေါင်းမူးတာနဲ့ တွဲဖြစ်တာကို အရေးမ ကြီးဘူးလို့ တချို့တွေက ယူဆကြတယ်။ ဒါကတော့ ဆေးခန်းလာတဲ့လူနာတွေ၊ ဆေးရုံလာတဲ့လူနာတွေ ကြည့်တာနဲ့ သိ ပါတယ်။ နားလေးတာ ပြန်ကောင်းမလား လို့ စောင့်နေကြတယ်၊ လမ်းလျှောက်ရင် လည်း ယိုင်တိုင်တိုင် ဖြစ်ကြတယ်။ အ ပြင်တွေဘာတွေလည်း သိပ်မသွားချင် ဘူး။ အနီးနားက ဆေးခန်းတွေပဲ ပြတယ်။ ပြပြီးတော့ပဲ အမူးပျောက်ဆေးလေးတွေ သောက်ကြတယ်။ သူတို့ဂရုမထားမိတဲ့ အချက်က ရုတ်တရက် နားလေးသွားပြီ ဆိုရင် ထိရောက်တဲ့ကုသမှုနဲ့ သုံးရက်အ တွင်း (၇၂ နာရီအတွင်း) ကုသရင် သူတို့ ခံစားနေရတဲ့ ရောဂါအားလုံး ချက်ချင်း ပျောက်ကင်းနိုင်တယ်ဆိုတာ အများစုက မသိကြဘူး။ မသိကြတော့ အနားမှာပဲ ဆေးဝယ်သောက်ပြီးနေမယ်ဆိုရင် အ ရေးကြီးတဲ့ တန်ဖိုးရှိတဲ့အချိန်တွေက ကျော်သွားတတ်ပါတယ်။

အဲဒီလိုအချိန်မှာ ဘာကို အဓိကလုပ်ဆောင် ဖို့ လိုအပ်ပါသလဲ ဆရာ။
အဲဒီလိုအချိန်မှာ ဆဲလ်တွေ၊ အာရုံ ကြောတွေကရောင်နေတယ်။ ရောင်နေတာ ကြောင့် ရောင်ရမ်းမှု ထိန်းဆေးတွေ၊ အာ ရုံကြောဆေးတွေ ပေးမယ်၊ လိုအပ်တဲ့ ဆေးတွေ ပေးလိုက်မယ်ဆိုရင် အရောင် ကျသွားပြီး အဲဒီအာရုံကြောဆဲလ်တွေက မပျက်စီးတော့ဘူး။ သုံးရက်အတွင်းမှာမှ အဲဒီလိုမလုပ်ပေးနိုင်ဘူးဆိုရင် အဲဒီဆဲလ် တွေက အကုန်ပျက်စီးသွားမယ်။ ကံ ကောင်းတဲ့သူတချို့မှာ အကြားအာရုံ တစ်ဝက်လောက်ပဲ ပျက်စီးပြီး အကြား နည်းနည်းကျန်မယ်။ ဒါပေမဲ့ အတော်များ များပျက်စီးသွားမယ်ဆိုရင်တော့ ပြန်မရ နိုင်တော့ပါဘူး။ ဘာလို့လဲဆိုတော့ ရောင် နေတဲ့အချိန်မှာ ပထမ ဖြစ်တဲ့ရက်ကနေ သုံးရက်အတွင်း ကုနိုင်မှပါ။ ကြာကြာလည်း ကုစရာ မလိုပါဘူး။ တစ်ပတ်၊ နှစ်ပတ် လောက် ကုလိုက်တာနဲ့ တစ်လအတွင်း သိသိသာသာ ပြန်ကောင်းနိုင်ပါတယ်။ နောက်တစ်ခုက မူးတာနဲ့ တွဲဖြစ်တော့ တချို့တွေမှာ နားလေးတာ သိပ်မသိ သာဘူး။ နားကလည်း လေးတယ်။ မူးတာနဲ့တွဲဖြစ်တော့ ပထမဦးဆုံး လေ ဖြတ်ပြီလားလို့ ထင်တတ်ကြပါတယ်။ လေဖြတ်ရင်လည်း မူးတတ်တယ်။ နား အူတာနဲ့ နားလေးတာ တွဲဖြစ်တတ်တယ်။ သိသိသာသာကို တွဲဖြစ်တတ်ပါတယ်။ ကောင်းတာကတော့ အဲဒီလိုဖြစ်တယ်ဆို ရင် ထိရောက်တဲ့ ကုသမှုရအောင် သေ ချာပြသပေးရပါမယ်။
နားအာရုံကြောရောင်တာ မဖြစ်အောင် ကာ ကွယ်လို့ ရနိုင်ပါသလား ဆရာ။
ဒီရောဂါအစစ်ဆိုရင်တော့ ကာ ကွယ်ဖို့ ခက်ပါတယ်။ ဗိုင်းရပ်စ်ပိုးက အ ချိန်မရွေးဝင်နိုင်လို့ပါ။ ဆရာတို့ တိုက် တွန်းနိုင်တဲ့အချက်ကတော့ ရုတ်တရက် နားလေးသွားမယ်၊ ချာချာလည်မူးလို့ နား လေးတာနဲ့တွဲဖြစ်လာမယ်ဆိုရင် ချက် ချင်းကုဖို့ပဲ တိုက်တွန်းချင်တယ်။ တစ်ခါ တလေ ကံဆိုးတဲ့သူတွေက နားနှစ်ဖက် စလုံး ဖြစ်သွားပါတယ်။ အဲဒီလိုလူမျိုးတွေ ကျတော့ ဆေးမှန်အောင် ကုသဖို့ လိုပါ တယ်။ ဘာလို့လဲဆိုတော့ နားနှစ်ဖက်စ လုံး ပျက်စီးသွားမယ်ဆိုရင်တော့ အလုပ် လုပ်လို့ မရတော့ဘူး။ စာသင်လို့ မရ တော့ဘူး။ လူတွေတစ်ယောက်နဲ့တစ် ယောက် ဆက်သွယ်လို့ မရတော့ဘူး။ အဲဒီတော့ အရေးကြီးတာက အသိလေးနဲ့ သတိထားဖို့လိုပါတယ်။ ကိုယ့်ကျန်းမာ ရေးဝန်ထမ်းတွေကလည်း အဲဒီလိုမျိုးဖြစ် လာရင် လွှဲပေးဖို့လိုတယ်။ အကောင်းဆုံး ရလဒ်ရရှိဖို့ ဆရာဝန်တွေဘက်က အချိန် ၇၂ နာရီရရှိဖို့ လိုပါတယ်။ အဲဒီထက် ကျော်သွားရင် မသေချာ မရေရာတဲ့လမ်း ကို သွားရဖို့ပဲ ရှိပါတယ်။

နားအာရုံကြော ရောင်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေ က ဘာတွေပါသလဲ ဆရာ။
နားထဲဝင်တဲ့ ဗိုင်းရပ်စ်ပိုးတွေက ရွတ်ပြရင် အများကြီးပဲ။ အရင်ခေတ်က ဆိုရင် ကာကွယ်ဆေးတွေ မထိုးခင်က ဝက်သက်ရောဂါဟာ ကလေး ၁၀ ယောက်ဖြစ်ရင် တစ်ယောက်နားကန်း သွားတတ်တယ်။ အဲဒီလောက်ထိကို ဝက်သက်ပိုးက ဗိုင်းရပ်စ်ဝင်ပါတယ်။ နား အာရုံကြောတွေ ဖျက်ဆီးပစ်တဲ့နေရာမှာ ထိပ်တန်းပဲ။ အခုဖြစ်တဲ့ဗိုင်းရပ်စ်ပိုးတွေ က ဝက်သက်ပိုးကြောင့် ဖြစ်တာတွေ လောက်မဆိုးဘူး၊ ကုလိုက်ရင် ပြန် ကောင်းတယ်။ ဝက်သက်ပိုးကတော့ ၁၀ ယောက်မှာ တစ်ယောက် နားလေးတာဆို တော့ အတော်ဆိုးတယ်။ အခုကတော့ ဒီစစ်တမ်းတွေအရ နိုင်ငံတကာမှာလည်း သုတေသနပြုထားတွေလည်း ရှိတယ်၊ ဒါပေမဲ့ ဗိုင်းရပ်စ်ပိုးဝင်တဲ့ ဘယ်နှယောက် မှာမှ ရာခိုင်နှုန်းဘယ်လောက် ဆိုပြီး သေ ချာပြောနိုင်တာနည်းပါးတယ်။ နည်းတယ် ဆိုပေမယ့် သိပ်တော့ စိတ်ပူစရာ မလိုပါ ဘူး။ ဘယ်တော့မှ စိတ်ပူရမလဲဆိုရင် နားအူတာ၊ နားလေးတာနဲ့တွဲပြီ၊ နှာစေး တယ်၊ ဝမ်းလျှောပြီးနောက်ပိုင်း အဲဒီလို ဖြစ်လာတယ်ဆိုရင်တော့ စိတ်ပူရပါတယ်။

ဖြည့်စွက် အကြံပြုလိုတာများရှိရင်လည်း သိ ချင်ပါတယ် ဆရာ။
အရမ်းမူးတယ်၊ ချာချာလည်မူး တယ်ဆိုရင်တော့ အမူးပျောက်ဆေးတွေ သောက် လို့ရပါတယ်။ ဒါပေမဲ့ အဲဒါတွေ သောက်ပြီးပြီဆိုရင်တော့ ဆရာတို့ဆီကို လိုအပ်တဲ့ အကြားအာရုံအတွက် ကုသမှု ခံယူဖို့ လာရောက်ပြသသင့်ပါတယ်။ များ သောအားဖြင့် လူတွေက ခုနက မူးတာကို ပဲ မဲပြီး ကုနေကြပါတယ်။ မူးတာကို နီး ရာဆေးခန်းမှာပြလိုက်၊ ကုနေလိုက်တာဆို တော့ ဒီနားလေးတာ ကုဖို့ မေ့သွားတတ် ကြတယ်။ အဲဒါလေးကို တစ်ချက် သတိ ထားဖို့ လိုပါတယ်။ အဲဒီတော့ ခေါင်းပတ် ချာလည် မူးတယ်ဆိုရင် နားလေးလား၊ မလေးလားလည်းမေးဖို့လိုတယ်။ နား လေးတယ်၊ နားအူတယ်ဆိုတာနဲ့ ခေါင်း ပတ်ချာလည်အောင် မူးတာနဲ့ တွဲဖြစ်တယ် ဆိုရင် နားအာရုံကြောရောင်တာ၊ အာရုံ ခံဆဲလ်လေးတွေ ရောင်တာဖြစ်တတ်ပါ တယ်။ တစ်ခါတလေကျရင် နားပြည်ယို ပြီးတော့ အဲဒီလို ရုတ်တရက်လေးသွား တာမျိုးတွေရှိပါတယ်။ အဲဒါကြောင့် ဆရာတို့က နားပြည်ယိုရင်လည်း မပေါ့ဖို့၊ နားပြည်ယိုရင် ပုံမှန်အားဖြင့် ဖြည်းဖြည်း ချင်းမှ နားလေးတတ်ပါတယ်။ ဒါပေမဲ့ ပြည်က နားအတွင်းပိုင်း ထဲရောက်သွားပြီ ဆိုရင်တော့ အာရုံကြောတွေကို ထိသွား နိုင်ပါတယ်။ အဲဒီလိုလူမျိုးကတော့ ပြန် ကောင်းဖို့ မျှော်လင့်ချက်နည်းပါတယ်။ ခုနက ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာက တော့ သုံးရက်အတွင်း ကုတာနဲ့ ပျောက် ပါတယ်။

ကျေးဇူးတင်ပါတယ် ဆရာ။

ဒေါက်တာဝင်းထိုက်ကြည်
နား၊ နှာခေါင်း ၊ လည်ချောင်း အထူးကုဆရာဝန်ကြီး
ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်) တွေ့ဆုံဆွေးနွေးသည်။

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *