အသက်ရာကျော် ရှည်စေဖို့ အသေးအမွှားလေးတွေ ဂရုပြုစို့

ကျန်းမာရေးကောင်းမွန်တာဟာ နေ့စဉ် ရွှင်လန်းတက်ကြွစေတဲ့ အဓိက အကြောင်းတရားကြီးပါပဲ။ ကြိုတင်ကာ ကွယ်နိုင်တဲ့ အခြေအနေတွေကို သိထား ပြီးတော့ ကျန်းမာရေးနဲ့ ညီညွှတ်စွာ ပြုမှု နေထိုင်စားသောက်မယ်ဆိုရင် လူတိုင်း ဟာ သက်တမ်းစေ့နေနိုင်မှာမလွဲပါပဲ။ နေ့စဉ် လှုပ်ရှားမှုတွေထဲက တချို့အ ကြောင်း အရာတွေကတော့ သတိမမူမိဘဲ နေမိရင် မမျှော်လင့်ထားတဲ့ ကျန်းမာရေး ပြဿနာတွေကို ဆောင်ကြဉ်းလာတတ်ပါ တယ်။ ဒီလိုမျိုး အဖြစ်တွေရှောင်နိုင်ဖို့ ဘာတွေကို သတိထားသင့်တယ်ဆိုတာ ကို သုတေသန ပြုသူတွေက စာရင်းပြုစု ထားကြပါတယ်။

လည်ပင်းအရွယ်အစားကို တိုင်း တာပါ
မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့ လာမှုတွေအရ လည်ပင်းအရွယ် အစား ကို တိုင်းတာတာဟာ ခါးအရွယ်အစားကို တိုင်းတာတာထက် နှလုံးရောဂါနဲ့ ပတ် သက်တဲ့ သဲလွန်စကို ခြေရာခံနိုင်တယ်လို့ ဆိုထားပါတယ်။ US သုတေသီတွေ က တော့ လည်ပင်းအရွယ်အစားကြီးမားလာ လေလေ နှလုံးရောဂါအန္တရာယ် ကြီးမား လာလေလေလို့ ဆိုကြပါတယ်။ အမျိုး သမီးတစ်ယောက်အတွက် ပုံမှန်လည် ပင်းအရွယ်အစားဟာ ၃၄ ဒသမ ၂ စင် တီမီတာ ဖြစ်ပြီးတော့ အမျိုးသားတွေအ တွက်တော့ ၄၀ ဒသမ ၅ စင်တီမီတာလို့ သတ်မှတ်ထားပါတယ်။ အဆီတွေအစ် နေတဲ့ လည်ပင်းဟာ နှလုံးနဲ့ အသည်းလို မျိုး အတွင်းအင်္ဂါတွေမှာ အဆီတွေ များ နေတာရဲ့သတိပေး လက္ခဏာတစ်ရပ်ဖြစ် ပြီးတော့ အိပ်နေစဉ်မှာ အသက်ရှူရပ် သွားတာမျိုးကို မကြာခဏ ခံစားရစေ တတ်ပါတယ်။

နှလုံးသားရဲ့ စကားကို နားစွင့်ပါ
မြင်သာအောင် ပြောရမယ်ဆိုရင် တော့ နှလုံးဟာ ဒီဇယ်ဆီပို့တဲ့ ကားတွေ လိုပါပဲ။ ခန္ဓာကိုယ် အနှံ့အပြားမှာရှိတဲ့ ကြီးမားကျယ်ပြန့်တဲ့ သွေးကြောကွန်ရက် တစ်လျှောက်ကို သွေးရောက်အောင် ညှစ်ထုတ်ပြီး အလုပ်လုပ်ပေးနေပါတယ်။ နိုင်ငံအသီးသီးမှာ ပြုလုပ်တဲ့ သုတေသန တွေအရတော့ နှလုံးကျန်းမာရေးဟာ ကျွန်မတို့ရဲ့ နေထိုင်မှုပုံစံနဲ့ တိုက်ရိုက် အချိုးကျနေတယ်ဆိုတာကို တွေ့ရှိခဲ့ပြီး ကြပါပြီ။ အဲ့ဒီတွေ့ရှိချက်နဲ့အတူ ကျွန်မ တို့အတွက် အရေးပါတဲ့ ဒီအင်္ဂါအစိတ်အ ပိုင်းကို ဘယ်လို ကာကွယ်စောင့်ရှောက် ရမလဲဆိုတာကိုပါ တွေ့ရှိခဲ့ပြီးဖြစ်ပါ တယ်။ ပုံမှန်နှလုံးခုန်တာထက် မြန်နေ တာ၊ ပုံမှန်မဟုတ်တာမျိုးတွေ ဖြစ်လာရင် တော့ သတိထားဖို့ လိုအပ်ပါတယ်။ နား နားနေနေနေတဲ့အချိန်မျိုးမှာတောင်မှ နှလုံးခုန်သံဟာ ၁ မိနစ်ကို ၁၀၀ ထက် ပိုခဲ့ရင်တော့ ဆရာဝန်ဆီကို အမြန်ဆုံး သွားသင့်ပါပြီ။ ဒါတွေအပြင် အသက်ရှူ ရခက်တာ၊ အသားတွေ ဖြူဖျော့ပြီး မော လာတာ၊ ခေါင်းကိုက်တာ၊ ကတုန်ကယင် ဖြစ်တာမျိုးတွေ ရှိတဲ့အခါမှာလည်း ပိုပြီး တော့ သတိထားသင့်ပါတယ်။

အမျိုးသား ပြဿနာတွေကို အ ချိန်မီအဖြေရှာပါ
ပန်းသေပန်းညှိုးရောဂါဟာ သွေး ကြောတွေ ပိတ်ဆို့နေတာရဲ့အစောဆုံးသ တိပေး လက္ခဏာတစ်ရပ် ဖြစ်နေတယ်ဆို တာကို အမျိုးသားတွေဟာ သတိထားမိပုံ မပေါ်ပါဘူး။ သူတို့ဟာ တခြားအမျိုးသား တွေထက် နှလုံးသွေးကြောနဲ့ ပတ်သက် တဲ့ရောဂါတွေကို ခံစားရနိုင်ခြေ ၁ ဒသမ ၆ ဆလောက် မြင့်မားတတ်ပါတယ်။ American Heart Associationက ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေအရတော့ လေဖြတ်တာ၊ ရုတ်တရက်နှလုံးရောဂါ ဖောက်တာတွေကို ခံစားရသူတွေထဲမှာ အမျိုးသား ရောဂါကို ခံစားနေရသူတွေက ပိုများတယ်လို့ ဆိုထားကြပါတယ်။ သူတို့ ရဲ့အင်္ဂါတွေကို ပို့ဆောင်ပေးတဲ့ သွေး ကြောတွေ ကျဉ်းမြောင်းနေတာဟာ ပန်း သေပန်းညှိုး ပြဿနာတွေကို ခံစားရစေ တာဖြစ်ပြီး တခြား အစိတ်အပိုင်းတွေမှာပါ သွေးကြောတွေ ကျဉ်းမြောင်းပိတ်ဆို့နေပြီဆိုတာကို ပြသနေပါတယ်။ ဒါကြောင့်ပဲ ဒီလိုမျိုး ပြဿနာတွေရှိကြောင်း အရိပ် အယောင်ပြလာတဲ့အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံပြီးတော့ နှလုံးရောဂါ ကို လက်ဦးမှုရယူဖို့ လိုအပ်ပါတယ်။

နားကြပ်ကို အိတ်ကပ်ထဲ မထား ပါနှင့်
နားကြပ်အတွင်းထဲမှာရှိတဲ့ တကယ့် ကို သေးငယ်တဲ့ သံလိုက်တွေဟာ နှလုံး ခုန်သံပုံမှန်ဖြစ်အောင် ကူညီပေးတဲ့ Pacemaker တွေရဲ့ လုပ်ဆောင်မှုတွေကို အဟန့်အတားဖြစ်စေပါတယ်။ နားကြပ် ကို အိတ်ကပ်ထဲမှာ ထားတဲ့သူတွေထဲက ၂၀ ရာခိုင်နှုန်းလောက်ဟာ Pacemakers လုပ်ဆောင်မှုမှားယွင်းသွားတဲ့အဖြစ်မျိုးနဲ့ ကြုံတွေ့ရပါတယ်။ ဒါကြောင့်ပဲ Pacemakers တပ်ထားသူတွေအနေနဲ့ နားကြပ်ကို အိတ်ထဲမှာ ထားတာ၊ နှလုံးရဲ့ နေရာ နားလောက်ရောက်လောက်တဲ့အ ထိ လည်ပင်းကနေ တွဲလောင်းချထားတာ မျိုးကို ရှောင်သင့်ပါတယ်။ အဲဒီလိုပဲ နား ကြပ်နားထောင်ရင်း၊ ဖုန်းတွေ၊ Tablets တွေ အသုံးပြုနေရင်း အိပ်ပျော်သွားတာ မျိုးတွေကလည်း ရင်ဘတ်ပေါ်ကို သူတို့ တစ်တွေ ပြုတ်ကျနိုင်တာကြောင့် တတ် နိုင်သမျှ သတိထားဖို့ လိုအပ်ပါတယ်။

တစ်ပတ်ကိုနှစ်ကြိမ်လောက် ငါး စားဖြစ်အောင် စားပေးပါ
ဦးနှောက်ရဲ့ လုပ်ဆောင်မှု၊ ကျွန်မ တို့ရဲ့ဦးနှောက်ထဲမှာ သိုလှောင်သိမ်း ဆည်းထားတဲ့အရာတွေဟာ တကယ့်ကို အများကြီးပါပဲ။ အဲဒီအချက် အလက်တွေ အကုန်လုံးကို ပြန်ပြီး မှတ်မိ အောင်လုပ်ဖို့ ဆိုတာက မလွယ်ကူပေမယ့် ဆုံးရှုံးမသွား အောင်တော့ ငါးတွေဟာ ကူညီပေးနိုင်ပါ တယ်။ အထူးသဖြင့်တော့ omega-3 fatty acids တွေပါဝင်တဲ့ ငါးတွေဟာ မှတ်ဉာဏ်အတွက် အကောင်းဆုံးပါပဲ။ သူတို့ဟာ ဦးနှောက်ဆဲလ်တွေ တစ်ခုနဲ့ တစ်ခု ချိတ်ဆက်တဲ့နေရာတွေကို အား ပေးပြီးတော့ ဦးနှောက်ရဲ့လုပ်ဆောင် မှု တွေ ကောင်းအောင် ကူညီပေးပါတယ်။ တစ်ပတ်ကို ငါး ၂ -၃ ကြိမ်လောက် စား တာဟာ အသက် ၆၀ ကျော်လာတဲ့အချိန် မှာ ဖြစ်တတ်တဲ့ မှတ်ဉာဏ်ယိုယွင်းမှုတွေ ကို နည်းပါးစေပါတယ်။ တကယ်လို့ ငါး စားဖို့ခက်ခဲတယ်ဆိုရင်တော့ omega-3 fatty acids တွေပါဝင်တဲ့ဖြည့်စွက်အား ဆေးတွေကို သောက်ပေးသင့်ပါတယ်။

ဝင်ငွေ ထွက်ငွေ တွက်ချက်ပါ
ကျန်းမာရေးကို အထောက်အကူပြု တဲ့အထဲမှာ ဝင်ငွေ ထွက်ငွေကို ချင့်ချိန် သုံးစွဲတာကလည်း ပါနေပါသေးတယ်။ နေ့စဉ်ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေ ထဲမှာ ငွေရေးကြေးရေးပြဿနာကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်နေ ပါသေးတယ်။ သူတို့ကြောင့် အလုပ်ချိန် တိုးလုပ်ရတာ၊ အပိုအလုပ်တွေလုပ်ရတာ တွေ ရှိလာပြီး နေ့စဉ်လှုပ်ရှားရုန်းကန်မှုမှာ ဖိအားတစ်ရပ်ဖြစ်လာပါတယ်။ တစ်ဆက် တည်းမှာပဲ အိမ်တွင်းရေး၊ မိသားစုအရေး ပြဿနာတွေပါ ရောက်လာတတ်တာ ကြောင့် ကျန်းမာရေးကိုဂရုစိုက်သူ အနေ နဲ့ မိမိတို့ရဲ့ငွေရေးကြေးရေးကိုပါ ဂရုစိုက် ဖို့ လိုအပ်ပါတယ်။

ရာသီ အပြောင်းအလဲကို ဆင် ခြင်ပါ
လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဟာ ရာသီဥတုပေါ် မူတည်ပြီးတော့ လုပ် ဆောင်မှုတွေ ပြောင်းလဲနေတတ်ပါတယ်။ ဒါကြောင့်ပဲ ရာသီ တစ်ခုနဲ့ တစ်ခုအကြား မိမိတို့ရဲ့နေထိုင်စားသောက်မှု ပုံစံကို လိုက်ပါ ပြောင်းလဲဖို့လိုအပ်ပါတယ်။ နေ့ စဉ် စားသောက်နေကျ အစားအစာတွေ ကနေ ကိုယ်လက်လှုပ်ရှားမှုအထိပါ သက်ရောက်မှုရှိတာကြောင့် အသက် ရှည်ရှည် နေလိုသူတွေ သတိထားရမယ့် အထဲ ဒါဟာလည်း အရေးကြီးအချက်တစ် ချက် ဖြစ်နေပါသေးတယ်။

မိမိသဘောနှင့် ဆေးသောက် ခြင်းကို ရှောင်ကြဉ်ပါ
ဆေးဝါးသုံးစွဲမှုနဲ့ ပတ်သက်ပြီးတော့ မလိုလားအပ်တဲ့အခြေအနေတွေ ဖြစ် ပေါ်ရတာရဲ့နောက်ဆက်တွဲတရားခံဟာ မိမိသဘောနဲ့မိမိ ဆေးဝါးတွေသုံးစွဲတာ ပါပဲ။ တချို့ ဆေးဝါးတွေဟာ ဆရာဝန် ညွှန်ကြားချက် မပါဘဲ သောက်လို့ရတယ် ဆိုပေမယ့် သူတို့ဟာကျွန်မတို့ ခန္ဓာကိုယ် မှာ ပြောင်းလဲမှုတွေ ဖြစ်စေတယ်ဆိုတာ ကိုတော့ သတိထားဖို့ လိုအပ်ပါတယ်။ ဒါ တွေအပြင် တချို့ဆေးဝါးတွေကတော့ အချင်းချင်း ဓာတ်ပြုမှုတွေ ဖြစ်ပွားပြီး မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေပါတယ်။ ဒါကြောင့်ပဲ ဘယ်လိုအခြေအနေမျိုးကြောင့်ပဲဖြစ်ဖြစ် ဆေးဝါး တွေကို သုံးစွဲတော့မယ်ဆိုရင် တတ်ကျွမ်း တဲ့ပညာရှင်နဲ့ တိုင်ပင်ပြီးမှသာသုံးစွဲသင့် ပါတယ်။

ဆေးများကိုအလဲအလှယ် မလုပ် ပါနှင့်
အပေါ်က အကြောင်းပြချက်နှင့် ခပ်ဆင်ဆင် နောက်တစ်ချက်ကလည်း လူနာအချင်းချင်း ဆေးဝါးတွေကို ဖလှယ် သုံးစွဲတာပါပဲ။ မိမိတို့ နေထိုင်မကောင်းစဉ် က ဆေးဝါးတွေကို မိတ်ဆွေတွေဆီ ဝေငှပေးတာဟာ ကျန်းမာရေး ပြဿနာ တွေကို ပိုဆိုးသွားစေတဲ့အချက်တစ်ချက် ပါပဲ။ ခံစားနေရတဲ့ ဝေဒနာချင်း တူညီနေ မယ်ဆိုရင်တောင်မှ ရောဂါအပြင်းအ ပျော့၊ လူနာရဲ့ခံနိုင်ရည်၊ တခြားတွဲဖက် ကျန်းမာရေးပြဿနာများရှိမရှိ စတဲ့အ ချက်တွေပေါ်မူတည်ပြီးတော့ သုံးစွဲရမယ့် ပမာဏ၊ အကြိမ်အရေအတွက် စတာ တွေက ကွာခြားတတ်ပါတယ်။ ဒါကြောင့် ပဲ အသက်ရှည်ရှည် နေလိုသူတွေအနေနဲ့ ဆေးတွေ ဖလှယ်သောက်တတ်တဲ့အ ကျင့်ကို အမြန်ဆုံးဖျောက်ပစ်သင့်ပါ တယ်။

ရယ်ပါ
နှစ်နှစ်ခြိုက်ခြိုက်ရယ်မောတာဟာ ကျွန်မတို့ရဲ့ကိုယ်ခံစွမ်းအားတွေ မြင့် တက်လာအောင် စွမ်းဆောင်ပေးနိုင်ပါ တယ်။ ရယ်မောလိုက်တဲ့အချိန်မှာပဲ ခန္ဓာ ကိုယ်ထဲကနေ စိတ်ဖိစီးမှု ဖြစ်စေတဲ့ ဟော်မုန်းတွေ ထွက်တာနည်းသွားပြီး တော့ ကိုယ်ခံစွမ်းအားကို လျော့ကျစေတဲ့ ပြဿနာကလည်း တရိပ်ရိပ်ကျဆင်းသွား ပါတယ်။ ဒါကြောင့်ပဲ မိတ်ဆွေတွေနဲ့ တွေ့ဆုံပြီးပဲ ဖြစ်စေ၊ ရယ်မောပျော်ရွှင် ဖွယ်ရာ ရုပ်ရှင်တို့ကို ကြည့်ပြီးပဲ ဖြစ်စေ အသက်ရှည်ရှည် နေနိုင်ဖို့ ကြိုးစားသင့်ပါ တယ်။

အချိုဓာတ်လျှော့ပါ
ကျန်းမာရေး ပြဿနာအတော်များ များကို ဖိတ်ခေါ်နေတဲ့အရာတွေထဲမှာ အချိုဓာတ်က ထိပ်ဆုံးက ပါဝင်နေပါ တယ်။ အထပ်ထပ်အခါခါ သန့်စင်ထားတဲ့ ဖြူဖွေးတဲ့ သကြားတွေ၊ အချိုရည်တွေ ဟာ ကိုယ်ခံစွမ်းအားအဖွဲ့အစည်း အ လုပ်လုပ်တာကို အဟန့်အတားဖြစ်စေပြီး တော့ ကျန်းမာရေးယိုယွင်းမှုတွေ ဆင့် ကဲ ဆင့်ကဲ ဖြစ်စေပါတယ်။ တစ်နေ့ကို သကြား ၅ ဇွန်းလောက် စားမိနေတာဟာ အသက် ၅ နှစ်လောက် တိုစေမယ့် အ ကြောင်းအရင်းဖြစ်တယ်လို့ သုတေသီ တွေက ဆိုထားကြပါတယ်။

ကောင်းသော အဆီကို ရွေးချယ် ပါ
ကူးစက်ရောဂါတွေနဲ့ ပတ်သက်ပြီး တော့ ခန္ဓာကိုယ်ဟာ နေ့စဉ် တိုက်ပွဲဝင် နေရပြီးတော့ သူတို့ကို အားဖြည့်ပေး နိုင်တာကတော့ ကျွန်မတို့ရဲ့နေ့စဉ် နေ ထိုင်စားသောက်မှု ပုံစံတွေပါပဲ။ ကျွန်မ တို့ စားသောက်တာတွေ၊ လေ့ကျင့်ခန်း လုပ်တာတွေဟာကူးစက်ရောဂါကို ကောင်းကောင်းတိုက်ထုတ်နိုင်တဲ့ အစွမ်း အာနိသင်ပေးပါတယ်။ အဲဒီအထဲမှာ အဆီတွေလည်း ပါနေပါတယ်။ အဆီ တိုင်းဟာကျွန်မတို့ကိုကျန်းမာရေး ပြဿ နာတွေကိုဖြစ်စေတာမဟုတ်ပါဘူး။ တချို့အဆီတွေဟာ ဆဲလ်တွေ၊ prostaglandins တွေ ထုတ်လုပ်ဖို့အတွက် အရေးပါပါတယ်။ သူတို့ဟာ ကူးစက်ရော ဂါတွေကိုတိုက်ထုတ်တဲ့နေရာမှာ ကောင်း ကောင်း ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် ပဲ ကျွန်မတို့ နေ့စဉ် စားသောက်ထဲ အထဲ မှာ အသီးအရွက်တွေကနေ ရတဲ့အဆီ တွေကိုလည်းထပ်ထည့်ထားသင့်ပါ တယ်။

နှင်းနုလွင် (ဆေးဝါး)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *