အသက်ရှည်လိုလျှင် Dead Food ကို ရှောင်ကြဉ်ပါ

ကျွန်မတို့ဟာ ငယ်ငယ်ကတည်းက ၀မ်းဗိုက်ပြည့်တင်းအောင် စားတတ်တဲ့ အကျင့်ရှိပါတယ်။ ၀မ်းဗိုက်ပြည့်တင်းအောင် အစာစားတာက သင်ရဲ့ နေ့စဉ် ကယ်လိုရီ လိုအပ်ချက်ရဲ့ ၂၀ ရာခိုင်နှုန်း ပိုစားနေတာပါ။ ငယ်စဉ်အခါက နေ့စဉ် လှုပ်ရှားမှုကလည်း အလွန်တက်ကြွနေတာမို့ ပိုစားမိတဲ့ ကယ်လိုရီနဲ့ လှုပ်ရှားမှုကြောင့် ခန္ဓာကိုယ်က သုံးစွဲလိုက်တဲ့ ကယ် လိုရီတွေက ညီမျှမှုရှိတဲ့အတွက် အ၀လွန်တာတွေ မဖြစ်နိုင်ပါဘူး။ အသက်ကြီးလာတဲ့အခါမှာတော့ ငယ်ငယ်တုန်းကလောက် လှုပ်ရှားမှု မရှိ တော့တဲ့အတွက် အပိုစားမိတဲ့ ကယ်လိုရီ ၂၀ ရာခိုင်နှုန်း ကြောင့် ကိုယ်အ လေးချိန်က ၂၀ ရာခိုင်နှုန်းလောက် ပိုများလာပါတယ်။ ဒါ့အပြင် ကျွန်မတို့ စားတဲ့ အစားအစာရဲ့ ၅၀ ရာခိုင်နှုန်းကျော်က Dead Food တွေပါ။


Dead Food ဆိုတာ ပေါင်မုန့်၊ ထမင်း၊ သကြား၊ Chips၊ အချိုရည်လိုမျိုး ၀မ်းဗိုက်ပြည့်တင်းစေတဲ့အစာတွေ၊ အေးခဲထားတဲ့အစာတွေနဲ့ အာလူးချောင်းကြော်၊ ဘာဂါ၊ ကိတ်မုန့်၊ Milk Shakes နဲ့ အကြော်စာလိုမျိုး အဆင်သင့်စားလို့ရတဲ့ အစားအစာတွေအားလုံးကို တင်စားပြီး ခေါ်ထားတဲ့ အမည်ပါ။ Dead Food လို့ ခေါ်ရတဲ့အကြောင်းရင်းက အဲဒီအစားအစာတွေမှာ အာဟာရတန်ဖိုး လုံးဝမရှိတဲ့အတွက်ပါ။ ဖြူဖွေးအောင် ဖွပ် ထားတဲ့အတွက် ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေ ကုန်ဆုံးသွားကြတာပါ။ ဒီအစားအစာတွေက အရသာလည်း အလွန်ကောင်းမွန်ပြီး အစာ ကြေလွယ်တဲ့အတွက် စားပြီးရင်းစားချင် ဖြစ်နေကာ တော်ရုံနဲ့ ဗိုက်ပြည့်တင်းမှု မရရှိနိုင်တာကြောင့် ဒီအစာစားသူတွေက အ၀လွန်ပြီး ရောဂါထူကာ အသက်တိုနိုင်ပါတယ်။
ခန္ဓာကိုယ်အတွင်း အဆီစုဆောင်းမှုများလာရင် ရောင်ရမ်းမှုဖြစ်စဉ်ကို အားပေးလာပါတယ်။ ရောင်ရမ်းမှုတွေ များလာတာကြောင့် လေဖြတ်တာ၊ ကင်ဆာရောဂါ၊ နှလုံးရောဂါနဲ့ ဆီးချိုရောဂါတွေ ဖြစ်နိုင်ခြေ များလာပါ တယ်။ ကိုယ်တွင်းအဆီတွေ များလာတာကြောင့် ခါးတုတ်ဗိုက်ပူလာကာ အရွယ်အိုမင်းသလိုလည်း ဖြစ်သွားပါတယ်။
ဒါကြောင့် အသက်ရှည်လိုလျှင် Dead Foodတွေကို ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။

 

♥   ဒေါက်တာခင်မိုးမိုး  ♥

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *