အသက်ရှည်စေရန် ပြုလုပ်နိုင်မည့် လွယ်ကူသော အလေ့အကျင့်ကောင်းများ

အရင်တုန်းကတော့ လူ့သက်တမ်း ဟာ ၃၃ နှစ်လောက်သာ ရှိနေပေမယ့် အခုခေတ်မှာ လူ့သက်တမ်းဟာ ပျမ်းမျှ အားဖြင့် ၇၂ ဒသမ ၆ နှစ်တောင် ရှိတယ် လို့ သိရပါတယ်။ သင့်အနေနဲ့ သက်တမ်း ပြည့်အသက်ရှည်ချင်ရင် ဒါမှမဟုတ် အ သက်ရာကျော်ရှည်တဲ့အထိ နေချင်ရင် အောက်ပါ သိပ္ပံနည်းကျသက်သေပြထား တဲ့အမူအကျင့်လေးတွေကို လိုက်နာပါ။

မိမိဘ၀ကို ပျော်ရွှင်ကျေနပ်ပါ

သင့်အနေနဲ့ သက်တမ်းပြည့် အသက်ရှည်ချင်ရင် မိမိရောက်ရာဘ၀ကို ပျော်ရွှင်ကျေနပ်ပါလို့ သုတေသီတွေက ထုတ်ဖော်ထားပါတယ်။ အသက်ရှည်တာ နဲ့ အကောင်းမြင်ဝါဒက ဆက်စပ်မှုရှိတယ် လို့ သုတေသနပြုလုပ်ချက်အရ သိရှိရ ပြီး အကောင်းမြင်ဝါဒရှိသူတွေက အဆိုး မြင်ဝါဒရှိသူတွေထက် နောက်ငါးနှစ်အ ကြာမှာ သေဆုံးနိုင်ခြေ ၃၅ ရာခိုင်နှုန်း လျော့နည်းတယ်လို့ တွေ့ရှိခဲ့ပါတယ်။

မိသားစုဆရာဝန် အပြောင်းအလဲ မလုပ်ပါနဲ့

မိမိရဲ့ မိသားစုဆရာဝန်တစ်ဦး တည်းကိုသာ တစ်သမတ်တည်း ပြသူတွေ အနေနဲ့ အသက်ပိုရှည်နိုင်တယ်လို့ သု တေသီတွေက တွေ့ရှိခဲ့ပါတယ်။ ဆရာ ဝန်တစ်ယောက်တည်းကိုသာ စွဲစွဲမြဲမြဲ ပြသသူတွေက သင့်ဆရာဝန်အနေနဲ့ သင်ရဲ့ ရောဂါရာဇဝင်ကို သေချာသိရှိ ထားတာကြောင့် သင့်အပေါ်မှာ တခြား ဆရာဝန်တွေထက် ပိုပြီးထိရောက်တဲ့ကု သမှု ပြုလုပ်ပေးနိုင်တဲ့အပြင် သင့်ရောဂါ အတွက် အကြံဉာဏ်ကောင်းတွေလည်း ပေးနိုင်ပါတယ်။

သင်ရဲ့ အူလမ်းကြောင်းအတွက် အကျိုးပြု ဘက်တီးရီးယားတွေ ရရှိပါစေ

သင့်အနေနဲ့ နေ့စဉ်နေ့တိုင်း အ ဆင်သင့်စားသုံးနိုင်တဲ့အစားအစာတွေကို စားမယ်ဆိုရင် သင့်အစာခြေစနစ်က ကျန်းမာမှာ မဟုတ်တော့ပါဘူး။ အူအ တွင်း အကျိုးပြုဘက်တီးရီးယားရှိတဲ့ပမာ ဏနဲ့ အသက်ရှည်တာက ဆက်စပ်မှုရှိ တယ်လို့ သိပ္ပံပညာရှင်တွေက ထုတ်ဖော် ထားပါတယ်။ အူထဲမှာ လူ့အကျိုးပြုဘက် တီးရီးယားတွေ များစွာ ရှိဖို့အတွက် ဒိန် ချဉ်လိုမျိုး စမသဘငသအငခ အစားအစာတွေကို နေ့စဉ် စားသုံးပေးရပါမယ်။

သင့်အလုပ်ပေါ်မှာ အာရုံစိုက်ပါ

သင့်အတွက် အဓိပ္ပာယ်ရှိတဲ့လုပ် ငန်းတွေပေါ်မှာ အာရုံစိုက်ပြီး အလုပ်လုပ် တာက အသက်ပိုရှည်စေနိုင်တယ်လို့ အသက် ၈၀ ကျော်ရှည်တဲ့ အဘိုးအဘွား တွေကို လေ့လာမှုအပြီးမှာ စိတ်ရောဂါအ ထူးကုဆရာဝန်တွေက ဖော်ထုတ်လိုက်ပါ တယ်။

မကြာခဏ အိမ်သန့်ရှင်းရေးပြုလုပ်ပါ

လေ့ကျင့်ခန်းပြုလုပ်တာက ကျန်း မာပျော်ရွှင်တဲ့ဘ၀ကို ရရှိနိုင်တယ်ဆိုတာ ကိုတော့ သိရှိပြီးလောက်ပါပြီ။ ဒါပေမဲ့ အားကစားခန်းမကို သွားဖို့ အချိန်မပေး နိုင်တာ၊ ငွေကုန်ကြေးကျမခံနိုင်တာတွေ ကြောင့် စိတ်ညစ်မနေပါနဲ့။ သင့်အိမ်သန့် ရှင်းရေးကို ပုံမှန်ပြုလုပ်ပေးလိုက်ပါ။ လေ့ကျင့်ခန်းအသင့်အတင့်လုပ်တာ ထက် နှစ်ဆပိုပြီးအကျိုးရှိနိုင်ပါတယ်။

ရုံးပိတ်ရက်တွေမှာ ပိုမိုအိပ်စက်ပါ

ကျန်းမာရေးကောင်းမွန်ဖို့အတွက် အိပ်ရေး၀၀အိပ်ဖို့ လိုအပ်ပါတယ်။ ဒါပေ မဲ့ အိမ်အလုပ်ရော၊ ရုံးအလုပ်ပါတွဲလုပ်ရ သူတွေအနေနဲ့ ရုံးဖွင့်ရက်တွေမှာ အိပ် ရေးဝအောင် အိပ်ရမှာ မဟုတ်ပါဘူး။ အဲ ဒီအတွက် အစားထိုးဖို့ ရုံးပိတ်ရက်တွေမှာ ပိုမိုအိပ်စက်လိုက်တာက စောစောစီးစီး သေဆုံးနိုင်ခြေကို လျှော့ချနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။

အခွံမာသီး ပိုမိုစားသုံးပါ

အခွံမာသီးတွေမှာ ကျန်းမာရေး ကောင်းမွန်စေတဲ့အဆီတွေပေါကြွယ်ဝ စွာ ပါဝင်တဲ့အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆာပြေအစာအဖြစ် စား သုံးဖို့ အာဟာရပညာရှင်တွေက အကြံ ပေးထားကြပါတယ်။ ဒါ့အပြင် အခွံမာသီး ကို နေ့စဉ် ပုံမှန်စားသုံးသူတွေက ကင် ဆာရောဂါ၊ အဆုတ်ရောဂါနဲ့ နှလုံးသွေး ကြောရောဂါကြောင့် သေဆုံးနိုင်ခြေ ၂၀ ရာခိုင်နှုန်းလျော့နည်းတယ်လို့ လေ့လာမှု အရ တွေ့ရှိထားပါတယ်။

တရားထိုင်ပါ

တရားထိုင်တာက စိတ်ကြည်လင်မှု ရရှိစေတဲ့အပြင် အသက်ရှည်စေနိုင်တယ် လို့ သုတေသီတွေက ဖော်ထုတ်ထားပါ တယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သုတေသီတွေက တရားထိုင်သူတွေရဲ့ ခန္ဓာကိုယ်အတွင်းမှာ တယ်လိုမေးရီးစ် အင်ဇိုင်းရဲ့ လုပ်ဆောင်ချက် ၃၀ ရာခိုင် နှုန်း မြင့်တက်လာတယ်လို့ တွေ့ရှိထား ပါတယ်။ ဒီအင်ဇိုင်းဟာ ခရိုမိုဇုမ်းပေါ်က တယ်လိုမေးရီးစ်တွေကို ပြန်လည်ပြုပြင် ဖို့ တာဝန်ယူပေးပါတယ်။ တယ်လိုမေး ရီးစ်တွေကတော့ ခရိုမိုဇုမ်းတွေ မပျက်စီး အောင် လုပ်ဆောင်ပေးပါတယ်။ ခရိုမို ဇုမ်းတွေ မညီမညာဖြစ်ရင်၊ ပျက်စီးခဲ့ရင် အရွယ်အိုမင်းလွယ်ပါတယ်။ တရားထိုင် တာကြောင့် တယ်လိုမေးရီးစ်တွေရဲ့ လုပ် ဆောင်ချက်တွေ ကောင်းမွန်နိုင်တာ ကြောင့် အသက်ရှည်နိုင်ပါတယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *