အသက်အရွယ်ကြီးရင့်တယ်လို့ ထင်ရစေတဲ့ ဖက်ရှင်အမှားများ

ဝတ်စားဆင်ယင်တဲ့အခါမှာ ရှိရင်းစွဲ အသက်ထက်ငယ်ရွယ်နုပျိုသယောင် ထင်ရနိုင်သလို ပြင် လွန်းလို့ ဖင်ချွန်းသွားပြီး အိုစာသွားတာမျိုးလည်းရှိနိုင်ပါတယ်။ ဒါကြောင့် အသက်ကြီးရင့်တယ်လို့ ထင်ရစေနိုင်တဲ့ ဖက်ရှင်ရွေးချယ်မှုမျိုးမပြုလုပ်မိအောင် ဖော်ပြပေးလိုက်ပါတယ်။

၁။ အရောင်ရင့်လွန်းသည့် သို့မဟုတ် ရွှေရောင် သန်းသည့် ဆံပင်ဆေးဆိုးခြင်း


အသက်ကြီးတာကို ဖုံးအုပ်ဖို့အတွက် ဆံပင်ဖြူ တွေကို ဆေးဆိုးလေ့ရှိကြပါတယ်။ ဆေးဆိုးတဲ့အခါ မှာ အနက်ရောင်ကိုဆိုးမိရင် မျက်နှာပေါ်က အသက် အရွယ်ကြောင့်ဖြစ်တဲ့အရေးကြောင်းတွေကို ပိုမိုထင် ရှားသွားစေနိုင်ပါတယ်။ ဆံပင်ကို အဝါရောင် ဒါမှမ ဟုတ် ရွှေရောင်ဆေးဆိုးလိုက်ရင်လည်း အသက် အရွယ်ကြီးရင့်တယ်လို့ ထင်ရနိုင်စေပါတယ်။ အဖြူ ကို ဖုံးချင်လို့ ဆံပင်ဆိုးချင်တယ်ဆိုရင်တော့ သင်ရဲ့ ဆံပင် မူလအရောင်ထက် နှစ်ဆင့်လျော့တဲ့အရောင် မျိုးကို ရွေးချယ်သင့်ပါတယ်။

၂။ အရာရာပြည့်စုံလွန်းအောင် ဝတ်စားဆင် ယင်ခြင်း


Stylish ဖြစ်ချင်လွန်းလို့ နေရာတကာ အသေး စိတ်လိုက်ပြီး ပြည့်စုံအောင် ဆင်ယင်လွန်းတာက လည်း ဆန့်ကျင်ဘက်ရလဒ်ဖြစ်သွားစေနိုင်ပါတယ်။

၃။ သားရေဖိနပ်နှင့် သားရေအဝတ်အစားများ ဆင်ယင်ခြင်း


အလင်းရောင် ရောင်ပြန်ဟပ်တဲ့ ပစ္စည်းတွေက အရင်တုန်းကတော့ စွဲမက်ဖွယ်ရာလို့ ထင်ရပေမယ့် အခုခေတ်မှာတော့ ဒါတွေကိုအသုံးမပြုတော့ပါဘူး။

၄။ ဈေးချိုသည့် လက်ဝတ်လက်စားများ ဆင် ယင်ခြင်း


ပလတ်စတစ်နားကပ်၊ လက်စွပ်၊ လည်ဆွဲ၊ လက်ကောက်နဲ့ ရောင်စုံပစ္စည်းတွေက ကျောင်းသူ တွေနဲ့ ဆယ်ကျော်သက်အရွယ်တွေအတွက် ကြည့် ကာင်းပေမယ့် အသက်ကြီးသူတွေကတော့ မဝတ် ဆင်သင့်ပါဘူး။ ဒီလိုပစ္စည်းတွေ ဝတ်ဆင်တာကြောင့် အရွယ်အိုမင်းတယ်လို့တောင် ထင်ရစေနိုင်ပါတယ်။

၅။ အနီရင့်ရောင် ဒါမှမဟုတ် အရောင် ရင့်ရင့် လက်သည်းနီဆိုးခြင်း


ဒီလက်သည်းနီအရောင်တွေက သင့်အရေပြား ပေါ်က အရေးကြောင်းတွေကို ပိုမိုပေါ်လွင်စေနိုင် ပါတယ်။ ဒီအရောင်ရင့်တွေကို သုံးချင်တယ်ဆိုရင် တော့ အသားရောင်အောက်ခံပေါ်မှာ အလှဆင်တာ မျိုးလောက်သာပြုလုပ်ပါ။

၆။ စာတန်းပါသော တီရှပ်ဝတ်ဆင်ခြင်း


စာတန်းပါတဲ့ တီရှပ်တွေဝတ်တာက ကလေး ဆန်တဲ့ အဆင်အယင်ဖြစ်သွားတတ်ပါတယ်။

၇။ ကြယ်သီးပါသော အနွေးထည်အပါး ဝတ် ဆင်ခြင်း


ဒီအနွေးထည်တွေက သင့်ကို ကြည့်ကောင်း စေမှာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်ပေါ်မှာရှိတဲ့အတွန့်အခေါက်တွေအားလုံး ပေါ်လွင်နိုင်ပါတယ်။ ပွရောင်း ရောင်းရှိတဲ့အနွေးထည်မျိုးသာ ဝတ်ဆင်သင့်ပါ တယ်။

၈။ ရောင်စုံဝတ်ဆင်ခြင်း


အဖြူနဲ့အမည်း၊ အနီနဲ့အမည်းလိုမျိုး အရောင် စပ်တွေက အရင်တုန်းကသာ အသုံးပြုခဲ့ပြီး အခု ခေတ်မှာ အသုံးမပြုကြတော့ပါဘူး။ ပုံမှန်မဟုတ်တဲ့ အရောင်မျိုးကိုသာ ဝတ်ဆင်တာက နုပျိုတယ်လို့ ထင်ရစေနိုင်ပါတယ်။

၉။ အသားရောင် အသားကပ် စတော့ကင်များ ဝတ်ဆင်ခြင်း


အသားရောင် အသားကပ်စတော့ကင်တွေက တကယ့်အသားနဲ့ ခွဲခြားရ ခက်ခဲနိုင်တဲ့အတွက် သင့် ခြေတံလှပနေတာတောင်မှ မလှပသလို ဖြစ်သွားနိုင် ပါတယ်။ မိမိအသားနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အနက် ရောင်စတော့ကင်မျိုးကိုသာ ဝတ်ဆင်ပါ။

၁၀။ ဆံပင်တိုလွန်းခြင်း


ဆံပင်တိုတာက အရွယ်တင်တယ်လို့ ယူဆကြ ပေမယ့် အမှန်မှာတော့ ဆန့်ကျင်ဘက်ရလဒ်သာ ဖြစ်သွားပါလိမ့်မယ်။ ဆံပင်ကို မညီမညာ စတပ်ဖ်လို ညှပ်လိုက်ပါမှ ပိုပြီး မော်ဒန်ကျကာ နုပျိုပုံပေါက်ပါ လိမ့်မယ်။

၁၁။ ဆံပင်ကို သပ်ရပ်စွာ ပြင်ဆင်ထားခြင်း


ဆံပင်ကိုကောက်ပြီး Hair Spray နဲ့ ဆက်တင် လုပ်တာ၊ သပ်သပ်ရပ်ရပ် ပြင်ဆင်တာက ဟိုးအရင် ခေတ်က စတိုင်ပါ။ အခုခေတ်မှာတော့ ဆံပင်ကောက် စရာမလိုဘဲ ဆံပင်အုံထူအောင် ပြုလုပ်တဲ့ နည်းတွေ ပေါ်လာပါပြီ။ သဘာဝကျကျ ဆံပင်ခပ်ဖွဖွလေး ဖြစ်နေတာက သင့်ကိုနုပျိုပုံပေါက်စေပါတယ်။

လှပတ္တမြား

Post Author: Good Health Journal