အသက်ကြီးလာတဲ့အခါ သတိမမေ့အောင် ဘာတွေစားမလဲ

အသက်ကြီးလာတဲ့အခါ သတိ မေ့လာတတ်တာ အများစုပါ။ တချို့ လည်း အသက်ကြီးတာတောင် သတိ မေ့လျော့မှုမရှိဘဲ အလုပ်တွေ လုပ် ကိုင်နေကြတာ သင်လည်း သတိပြုမိ မှာပါ။ အသက်ကြီးလာချိန်မှာ ဖြစ်လာ တဲ့ပြောင်းလဲမှုတွေက ငယ်ငယ်ကတည်း က စားသောက်နေထိုင်မှုတွေအပေါ် များ စွာမူတည်ပါတယ်။ ဒါကြောင့် အသက် ကြီးလာပေမယ့် သတိမမေ့မလျော့ဖို့ဆို ရင်အောက်ပါ အစားအသောက်တွေ ပါဝင်အောင် စားသုံးဖို့လိုပါတယ်။

စိတ်အတွက်အစာ
မြေထဲပင်လယ်စာနဲ့ DASH ကို ပေါင်းပြီး စားသုံးပေးရမှာဖြစ်ပါတယ်။ လေ့လာမှုတွေအရ အယ်လ်ဇိုင်းမားဖြစ် နိုင်ခြေကို ၅၃ ရာခိုင်နှုန်းလျှော့ချပေးပြီး သတိမေ့ရောဂါဖြစ်နိုင်ခြေ ၃၅ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း တွေ့ရပါတယ်။အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ၊ အစေ့အဆန်၊ ဘယ်ရီသီး၊ ကောက်နှံတစ် ခုလုံးပါဝင်စာ၊ ငါး၊ ကြက်သား၊ သံလွင်ဆီ၊ ဝိုင်တွေကို စားသုံးသင့်ပါတယ်။

ပရိုတင်း
နေ့စဉ်စားသုံးတဲ့ အစားအစာတွေ ထဲမှာ ပရိုတင်းဓာတ်ပါဝင်အောင် စားသုံး ပေးရပါမယ်။ ကြက်သား၊ ငါး၊ ပဲအမျိုးမျိုး စတာတွေကနေ ပရိုတင်းဓာတ် ကြွယ်၀ အောင် ရရှိနိုင်ပါတယ်။ ပြည့်ဝဆီပါဝင်မှု နည်းပြီး ဦးနှောက်အတွက်များစွာကောင်း မွန်စေပါတယ်။

သရေစာ
သရေစာ စားသုံးတဲ့အခါ အစေ့အ ဆန်တွေ၊ စတော်ဘယ်ရီသီး၊ ဘလူးဘယ် ရီသီးတွေကို စားသုံးပေးမယ်ဆိုရင် ဦး နှောက်ရဲ့လုပ်ဆောင်မှု ကောင်းမွန်စေပြီး အယ်လ်ဇိုင်းမားဖြစ်နိုင်ခြေကို လျှော့ချ ပေးပါတယ်။

ဟင်းသီးဟင်းရွက်နှင့် အစေ့အဆန်
ဟင်းသီးဟင်းရွက်တွေကို အသုပ် လုပ်ပြီးပဲစားစား၊ ကြော်ပြီးပဲစားစား နေ့ စဉ် ဟင်းတစ်ခွက်အနေနဲ့ ပါဝင်အောင် စားသုံးပါ။ မုန်ညင်းရွက်၊ ကိုက်လန်၊ ဟင်း နုနယ်ရွက်၊ ကန်စွန်းရွက်တွေက စားသုံး ဖို့အသင့်တော်ဆုံးပါ။ ဟင်းသီးဟင်းရွက် တွေ စားသုံးတဲ့အခါ အစေ့အဆန်တွေနဲ့ တွဲဖက်စားသုံးမယ်ဆိုရင် ဦးနှောက်ကျန်း မာရေးအတွက် များစွာ အထောက်အကူ ဖြစ်စေပြီး သတိမေ့လျော့တာကိုလည်း သက်သာစေပါတယ်။

ဝိုင်
ဦးနှောက်ကျန်းမာရေးအတွက် ဝိုင် က ကောင်းမွန်စေတယ်ဆိုတာ လေ့လာမှု များစွာမှာ တွေ့ရှိထားပါတယ်။ အယ်လ် ဇိုင်းမားရောဂါကိုလည်း ကာကွယ်ပေးနိုင် ပါတယ်။ ဒါပေမဲ့ သတိထားဖို့ကတော့ သင့်တင့်တဲ့ပမာဏသာ သောက်သုံးသင့် ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ အနေနဲ့ တစ်နေ့တစ်ခွက်သာ သောက် သင့်ပြီး အမျိုးသားတွေအနေနဲ့ နှစ်ခွက် သာ သောက်သင့်ပါတယ်။ ဒီထက်ပိုများ မယ်ဆိုရင်တော့ ဦးနှောက်ကျန်းမာရေး ကိုထိခိုက်စေပြီး သတိမေ့လျော့တာ ပို ဆိုးစေပါတယ်။

သံလွင်ဆီ
အသုပ်သုပ်တဲ့အခါဖြစ်စေ၊ ဟင်း လျာတွေ ချက်ပြုတ်တဲ့အခါဖြစ်စေ သံ လွင်ဆီလေး ထည့်သုံးမယ်ဆိုရင် ဦး နှောက်ရဲ့လုပ်ငန်းဆောင်တာတွေကို ပိုမို ကောင်းမွန်စေပါတယ်။

ကျန်းမာရေးနဲ့မညီညွတ်တဲ့အစာ
အနီရောင်အသားတွေ၊ ထော ပတ်၊ မာဂျရင်း၊ ချိစ်၊ ဆီကြော်စာတွေ၊ အချိုစာတွေနဲ့ အဆင်သင့်စာတွေ စားသုံးတာကို ထိန်းချုပ်ကန့်သတ်ပါ။ အနီရောင်အသားတွေကို တစ်ပတ် လေးကြိမ်ထက် ပိုမစားသင့်ပါ။
ထောပတ်က တစ်နေ့ကို လက် ဖက်စားဇွန်း တစ်ဇွန်းထက် ပိုမစား သင့်ပါ။ အဆီအပြည့်ပါတဲ့ချိစ်၊ ဆီ ကြော်စာနဲ့အသင့်စားအစားအစာတွေ ကိုဖြစ်နိုင်ရင် တစ်ပတ်တစ်ကြိမ်တောင် မစားသင့်ပါ။

ဇာခြည်ဝင်း
(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal