အသက်ကြီးလာသော်လည်း မှန်ကန်သည့်ကိုယ်နေဟန်ထားရှိနေစေဖို့

ခန္ဓာကိုယ်အနေအထား မှန်ကန်စွာ နေထိုင်တာကြောင့် ကျောရိုးတွေ ထိခိုက် မှုမရှိအောင် ထိန်းသိမ်းနိုင်လို့ ခါးကုန်း တာမျိုးမဖြစ်နိုင်ပါ။ ဒါ့အပြင် မျက်နှာ အနေအထားလည်း မှန်ကန်တာကြောင့် နုပျိုအောင် ဘိုတောက်စ် ထိုးစရာတောင် မလိုပါဘူး။ ခါးမကုန်းဘဲ မှန်ကန်တဲ့ ကိုယ်နေဟန်ထားဖြစ်တာကြောင့် အသက် ကြီးလာပေမယ့် အမြဲနုပျိုလန်းဆန်းနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် မှန်ကန်တဲ့ ကိုယ် နေဟန်ထားဖြစ်စေဖို့ လိုက်နာသင့်တဲ့ အချက်တွေကို ရှိပါတယ်။

ရင်ဖွင့်ပြီး အကြောဆန့်ပါ
အလုပ်မှာ၊ ကျောင်းမှာ၊ အိမ်မှာ ကွန်ပျူတာရှေ့ အချိန်အတော်များများ ပေးနေရသူတွေအနေနဲ့ မကြာခဏ ရင် ဖွင့်ပြီး အကြောဆန့်ပေးဖို့ လိုပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အညောင်းပြေစေ ဖို့နဲ့ သက်သက်သာသာဖြစ်စေဖို့ နာရီ ဝက်ကြာတိုင်း တစ်ကြိမ် ရင်ဖွင့်ပြီး အ ကြောဆန့်ပေးတာ၊ လမ်းထလျှောက်တာ၊ ဖုန်းပြောတဲ့အခါ မတ်တတ်ရပ်ပြောတာ မျိုးတွေ လုပ်ပေးသင့်ပါတယ်။
လွယ်ကူသော လေ့ကျင့်ခန်းလုပ်ပါ
မနက်အိပ်ရာနိုးပြီး မထခင်နဲ့ ည အိပ်ရာဝင်ပြီး အိပ်မပျော်ခင်မှာ သက် သက်သာသာ အနေအထားနဲ့ ပက်လက် လှန်ပြီး လက်နှစ်ဖက်ကို ခေါင်းပေါ်ကို မြှောက်ကာ လက်ချောင်းလေးတွေကို ထိထားလိုက်ပါ။ ဝင်လေထွက်လေကို ရှူပြီး ခဏလောက် ငြိမ်နေပါ။ ခန္ဓာကိုယ် မှာ သက်သက်သာသာ မရှိတော့ဘဲ နာ ကျင်မှုတွေ ဖြစ်လာမှ ဒီအကြောဆန့်တာ ကို ရပ်လိုက်ပါ။

မတ်မတ်ထိုင်ပါ
ထိုင်ခုံမှာ ထိုင်တဲ့အခါ အများစုက ခန္ဓာကိုယ်ကို လျှောပြီး ထိုင်တာ၊ အရှေ့ ကို ကုန်းပြီးထိုင်တာ၊ ခါးလိမ်ထားတာ၊ စောင်းနေတာ စတဲ့ပုံစံအမျိုးမျိုးနဲ့ မှန် ကန်တဲ့အနေအထားမျိုး မရှိတတ်ကြပါ ဘူး။ ထိုင်ခုံမှာ ထိုင်မယ်ဆိုရင် မတ်မတ် ထိုင်ပြီး တင်ပါးကို ထိုင်ခုံနောက်မီနဲ့ ထိထားပါ။ ပုခုံးတွေကို ဆန့်တန်းပြီး အလုပ်လုပ်ပါ။ ဒီလို ကိုယ်ဟန်အနေ အထားမှန်ကန်အောင် နေမယ်ဆိုရင် ခါး ရိုးထိခိုက်မှုမရှိတာကြောင့် အသက်ကြီး လာတဲ့အခါမှာလည်း ခါးကုန်းတာမျိုး မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ယော ဂလေ့ကျင့်ခန်းမျိုး လုပ်ပေးမယ်ဆိုရင် လည်း ထိုင်တဲ့အခါ အနေအထားမှန်မှန် ကန်ကန်ဖြစ်နေစေပါတယ်။


ဝမ်းဗိုက်နဲ့ တင်ပဆုံကြွက်သားတွေ သန် စွမ်းအောင် လေ့ကျင့်ပါ
ထိုက်ချိနဲ့ ယောဂလေ့ကျင့်ခန်းတွေ လုပ်ဆောင်တဲ့အခါ ဝမ်းဗိုက်နဲ့ တင်ပဆုံ ကြွက်သားတွေကို သန်စွမ်းအောင် လေ့ ကျင့်ရမှာဖြစ်ပါတယ်။ ဒီကြွက်သားတွေ က ခန္ဓာကိုယ်ဟန်အနေအထားကို ကောင်းမွန်အောင် ပြုလုပ်ပေးတဲ့အပြင် ဆီးမထိန်းနိုင်တာမျိုး မဖြစ်အောင်လည်း ကာကွယ်နိုင်ပါတယ်။ ဝမ်းဗိုက်နဲ့ တင်ပ ဆုံကြွက်သားတွေ သန်မာတာကြောင့် လိင်ဆက်ဆံရာမှာလည်း ကောင်းမွန်စေ ပါတယ်။

ဝမ်းဗိုက်မှာ အမှတ်သတိထားပါ
တရားအားထုတ်တဲ့အခါ နှာသီးဖျား က ဝင်လေထွက်လေကို ရှုမှတ်တာရှိသ လို ဝမ်းဗိုက်မှာ ဖောင်းပိန်ကို ရှုမှတ်တာ လည်း ရှိပါတယ်။ သတိလေးနဲ့ မှတ်စိတ် ကို ဝမ်းဗိုက်ကိုပို့ပြီး အသက်ရှူသွင်းလိုက် လို့ ဝမ်းဗိုက်ဖောင်းသွားတာ၊ အသက်ရှူ ထုတ်လိုက်လို့ ဝမ်းဗိုက်ပိန်သွားတာ စတာတွေကို လိုက်မှတ်ပြီး ရှုမှတ်ပွားများ တာက ဝမ်းဗိုက်ကြွက်သားတွေ သန်မာ ပြီး ကိုယ်နေဟန်ထားမှန်ကန်စေတဲ့ လက်ငင်းအကျိုးကျေးဇူးကိုလည်း ရရှိ စေပါတယ်။

ကျောရိုးမကြီးကို ထောက်ပံ့ပါ
သွေးဆုံးပြီးချိန်မှာ အမျိုးသမီးတွေ က သက်ကြီးအမျိုးသားတွေနဲ့ ယှဉ်ရင် ကျောရိုးမကြီးတစ်လျှောက်မှာရှိတဲ့ ကြွက်သားတွေ ပိုအားနည်းနေတတ်ပါ တယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် နောက်ကျောမှာရှိတဲ့ ကြွက်သားတွေ၊ လည်ပင်းနဲ့ တင်ပဆုံပိုင်း ကြွက်သားတွေ ကို ပိုမိုသန်မာစေပါတယ်။ အားကစား ခန်းမမှာ လေ့ကျင့်ခန်းလုပ်တဲ့အခါ နောက်ကျောကြွက်သားတွေကို သန်စွမ်း အောင် စနစ်တကျ လေ့ကျင့်ရမှာဖြစ်ပါ တယ်။ ဒါမှသာ မှန်ကန်တဲ့ ကိုယ်နေဟန် ထားကို ရရှိမှာဖြစ်ပါတယ်။

အလေးမပါ
အလေးမ လေ့ကျင့်တာက အရိုး သိပ်သည်းဆလျော့နည်းပြီး အရိုးပါးရော ဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဒါ ကြောင့် လမ်းလျှောက်တာ၊ ရွရွပြေးတာ၊ လှေကားတက်တာတွေအပြင် အလေးမ လေ့ကျင့်ခန်းကိုလည်း ပြုလုပ်သင့်ပါ တယ်။ ဒီလိုသွက်လက်လှုပ်ရှားမှုရှိသူတွေ က အထိုင်များသူတွေထက် အရိုးသိပ် သည်းဆ ဆုံးရှုံးမှု နည်းလို့ အရိုးပါးရော ဂါ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

ဗီတာမင် ဒီ ရယူပါ
ဗီတာမင် ဒီက အရိုးကျန်းမာရေးအ တွက် မရှိမဖြစ် အရေးပါသလို ကြွက်သား တွေ သန်မာဖို့အတွက်လည်း လိုအပ်ပါ တယ်။ ဆေးပညာရှင်တွေရဲ့ လေ့လာမှု တွေအရ ဗီတာမင် ဒီကို အားဖြည့်ဆေး မှီဝဲစရာမလိုဘဲ အစားအသောက်နဲ့ နေ ရောင်ခြည်ကနေ လုံလောက်စွာ ရရှိနိုင် တယ်လို့ ဆိုပါတယ်။ မနက်ခင်းထွက်တဲ့ နေရောင်နုနုကို ခံယူပြီး ဗီတာမင် ဒီကို ရယူပါ။ အသက် ၇၀ အောက် အမျိုးသမီး တွေက တစ်နေ့ကို ဗီတာမင် ဒီ ၆၀၀ အိုင် ယူနဲ့ အသက် ၇၀ ကျော်ပါက ၈၀၀ အိုင် ယူ လိုအပ်ပါတယ်။

အာဟာရပြည့်ပြည့်၀၀ စားပါ
အာဟာရမလုံလောက်ဘဲ ချို့တဲ့နေ ပါက ကိုယ်ဟန်အနေအထား မှန်ကန်စွာ ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်မျှတစွာ စားသုံး ကြဖို့ လိုပါတယ်။ ဟင်းသီးဟင်းရွက်၊ အသီးအနှံနဲ့ သားငါးတွေကို စုံလင်စွာ စားသုံးကြရမှာပါ။ နို့နဲ့ နို့ထွက်ပစ္စည်းတွေ စားသုံးတာကြောင့် ကယ်လ်စီယမ်ဓာတ် ကို ရရှိစေလို့ အရိုးကျန်းမာရေးကို များ စွာအထောက်အပံ့ဖြစ်စေပါတယ်။

ဆေးကုသမှု ခံယူပါ
အရိုးပါးရောဂါ မဖြစ်အောင် ငယ် ရွယ်စဉ်ကနေစပြီး ကာကွယ်ရမှာဖြစ်ပါ တယ်။ ကိုယ့်မှာ အရိုးပါးရောဂါရှိ၊ မရှိ သိ ရှိအောင်လည်း စစ်ဆေးမှုတွေ ခံယူဖို့ လို ပါတယ်။ တကယ်လို့ ရှိနေခဲ့မယ်ဆိုရင် လည်း ဆေးကုသမှု ခံယူရမှာဖြစ်ပါတယ်။

ခိုင်သစ္စာရှင် (ဆေးဝါး)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *