အသက် ၃၀ မတ်မတ်တို့အတွက် Fashion Tips

အသက်အရွယ် ပြောင်းလဲလာတာနဲ့အမျှ စဉ်းစားတွေးခေါ်ပုံ၊ အယူအဆတွေနဲ့ အဝတ်အစားရွေးချယ်တာတွေပါ လိုက်ပြီးပြောင်းလဲလာပါတယ်။ ဆယ်ကျော်သက်မှာ ဘာဝတ်ဝတ်လှတဲ့အရွယ်၊ နှစ်ဆယ်ကျော်သက်မှာ ခေတ်စနစ် လူငယ်ပုံစံဖက်ရှင်ဝတ်တဲ့ အရွယ်တွေကျော်လွန်လာပြီး သုံးဆယ်တန်းထိပ်စည်းပြောင်း ပြီဆိုရင်တော့ လူငယ်မဟုတ်၊ လူကြီးမဟုတ်တဲ့အရွယ်မို့ အဝတ်အစားရွေးချယ်တာမှာ တစ်ကျော့ပြန်ပြီး စဉ်းစား ရပါမယ်။

လူငယ်ပုံစံလိုက်ဝတ်တာမျိုးက မလိုက် ဖက်တာများသလို၊ သက်တူရွယ်တူ အနုပညာ ရှင်တွေပုံစံလိုက်ကြည့်ပြီး ဝတ်တာကလည်း လူတိုင်းအတွက် မလိုက်ဖက်တတ်ပါဘူး။ ကိုယ်လုပ်နေတဲ့အလုပ်ရယ်၊ သင်ရဲ့ Image ကိုပါ ထည့်စဉ်းစားရမယ့်အရွယ် ရောက်လာ ပါပြီ။ ဒီတစ်ပတ်မှာ အသက် ၃၀ ဝန်းကျင် မတ်မတ်တို့အတွက် ဖက်ရှင် Tငဈ တွေကို ရေးပေးလိုက်ပါတယ်။

30’s Fashion Tips

(၁) လက်ကိုင်အိတ်
မတ်မတ်တို့အတွက် လက်ကိုင်အိတ်က အရေးကြီး ပါတယ်။ တည်ကြည်ထက်မြတ် တဲ့ မတ်မတ်ပုံစံဖြစ်ဖို့ဆိုရင် လူ ငယ်ဆန်တဲ့လွယ်အိတ်၊ အရုပ်ပုံ တွေပါတဲ့လက်ကိုင်အိတ်တွေကို ရှောင်ပါ။ ဈေးအရမ်းကြီးရမယ်လို့ မဆိုလိုပေမယ့် ကွာလတီကောင်းတဲ့ လက်ကိုင်အိတ်ကို ရွေးဝယ်ပါ။

(၂) စကတ်
စကတ်ရွေးချယ်တဲ့အခါ မဝတ်သင့် တော့တာက လယ်သာစကတ်တွေပါ။ နောက်ပြီး တက္ကသိုလ်ကျောင်းသူ အရွယ်တုန်းက ဝတ်တဲ့ စကတ်အတို ပုံစံမျိုးမဝတ်ပါနဲ့။ Pencil စကတ်ပုံစံ၊ စကတ်အရှည်မျိုး ဦးစားပေးရွေး ဝတ်ပါ။

(၃) ဂျင်းဘောင်းဘီ
ဂျင်းဘောင်းဘီရွေးချယ်တဲ့ အခါ ချက်အောက်ရောက်တဲ့ ဘောင်းဘီမျိုး မဝတ်ပါနဲ့။ ခါး ရှည်ဘောင်းဘီမျိုးကို ရွေးချယ်ပါ။ ဂျင်း ဘောင်းဘီမှ မဟုတ်ပါဘူး၊ ဘယ်လိုဘောင်းဘီပုံစံမျိုးပဲဝတ်ဝတ် ချက်ဖုံးပြီး ခါးထိရှည်တဲ့ ဘောင်းဘီမျိုး က မတ်မတ်တို့ကို ပိုပြီး စမတ်ကျစေပါတယ်။

(၄) အင်္ကျီ
အင်္ကျီဝယ်ဖို့သွားတဲ့အခါ တီရှပ်တွေ ဘက်ကို မျက်နှာမလှည့်ပါနဲ့တော့။ တီရှပ် အင်္ကျီတွေကို ညအိပ်ဝတ်ဖို့နဲ့ အား ကစားလုပ်ရင် ဝတ်ဖို့အတွက်ပဲ ထား လိုက်ပါ။ စမတ်ကျတဲ့မတ်မတ် ပုံစံ ဖြစ်ဖို့ အဓိကက Blouse အကျီတွေနဲ့ ဆွယ်တာပုံစံအင်္ကျီမျိုးလေးတွေ ရွေး ချယ်ပါ။

(၅) ဖိနပ်
အလုပ်သွားတဲ့ဖိနပ်နဲ့ အပြင်သွားတဲ့ ဖိနပ်ကိုခွဲခြားထားပါ။ ရုံးစီးဖိနပ်ဆိုရင် ဖန်စီ ဆန်တာ မစီးပါနဲ့၊ သင့်ကို မရင့်ကျက်တဲ့သူလို့ ထင်စေပါတယ်။ အရမ်းမြင့်တဲ့ဖိနပ်မျိုးကို အမြဲမစီးပါနဲ့၊ လေဒီရှူး အပါးလေးတွေ၊ ဒေါက်နိမ့်ဖိနပ်လေးတွေ ရွေးချယ်ပါ။

(၆) Dress
Dress လေးတွေက လေဒီတို့အတွက် မရှိမဖြစ် ဖက်ရှင်Item တစ်မျိုးပါ။ Dress အတိုဖြစ်ဖြစ်၊ အရှည်ဖြစ်ဖြစ် မတ်မတ်တို့နဲ့ လိုက်ဖက်ပါတယ်။ ကိုယ့်ခန္ဓာကိုယ်အချိုးအစားနဲ့ ကွက် တိဖြစ်နေဖို့ပဲ လိုတာပါ။ ရိုးရိုးရှင်း ရှင်း Dress လေးတွေ ဝတ်ဆင် တာက မတ်မတ်တို့ကို ပိုပြီး ကျက်သရေရှိရှိ လှပစေမှာပါ။

(၇) လက်ဝတ်တန်ဆာ
လက်ဝတ်တန်ဆာတွေနဲ့ ပတ်သက်ပြီး ဆယ်ကျော်သက် တုန်းက ဝတ်ဆင်ခဲ့တဲ့ ဖန်စီတွေကို အနားပေးဖို့သင့်ပါပြီ။ ရတနာအစစ်ကိုပဲ ဦးစားပေးဝတ်ဆင်ပါ၊ ဗခခနျသမငနျ တွေကို တတ်နိုင်သလောက် မဝတ် ဆင်ပါနဲ့။

Darliko

 

Post Author: Good Health Journal